(Unicode)
ကယားပြည်နယ်က လျှပ်စစ်တာဝါတိုင်နှစ်တိုင်ဖျက်ဆီးခံရ
ကယားပြည်နယ်က အမှတ်(၁)လောပိတရေအားလျှပ်စစ်စက်ရုံကနေ နေပြည်တော်၊ရန်ကုန်နဲ့မန္တ လေးတို့ကို လျှပ်စစ်ဓာတ်အားပေးပို့နေတဲ့ လျှပ် စစ်တာဝါတိုင်နှစ်တိုင် ဖျက်ဆီးခံရတယ်လို့ ဒေသ ခံတွေဆီကသိရပါတယ်။
“ဒေလရှေးနဲ့ဆော်ခီးဒေါရွာ နှစ်ရွာကြားက မဟာဓာတ်အားလိုင်းတာဝါတိုင်အကြီးနှစ်တိုင် ဖျက် ဆီးခံရတာပါ”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
လက်ရှိမှာတော့ ကယားပြည်နယ်အတွင်းမှာ လျှပ် စစ်မီးတွေပြတ်တောက်နေပြီး ဒီးမော့ဆိုမြို့နယ်ဖက်မှာလည်း ဒီနေ့မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဗုံးထောင်ပြီးဖျက်ဆီးတာလို့ထင်တယ် ပေါက်ကွဲတဲ့အသံကတော့ကျယ်တယ် ဘယ်သူတွေပဲလုပ်လုပ်ပါ အခုလိုလုပ်တာကိုတော့အားမပေးဘူး ဒီးမော့ဆိုမှာကလည်း KNDF နဲ့တိုက်ပွဲတွေဖြစ်နေတာဆိုတော့ ရွာသားတွေလည်း ဒီဖက်မှာတိုက်ပွဲတွေဖြစ်မှာကိုကြောက်နေကြတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။
Photo-UKSY
(Zawgyi)
ကယားျပည္နယ္က လွ်ပ္စစ္တာဝါတိုင္ႏွစ္တိုင္ဖ်က္ဆီးခံရ
ကယားျပည္နယ္က အမွတ္(၁)ေလာပိတေရအားလွ်ပ္စစ္စက္႐ုံကေန ေနျပည္ေတာ္၊ရန္ကုန္နဲ႔မႏၲ ေလးတို႔ကို လွ်ပ္စစ္ဓာတ္အားေပးပို႔ေနတဲ့ လွ်ပ္ စစ္တာဝါတိုင္ႏွစ္တိုင္ ဖ်က္ဆီးခံရတယ္လို႔ ေဒသ ခံေတြဆီကသိရပါတယ္။
“ေဒလေရွးနဲ႔ေဆာ္ခီးေဒါ႐ြာ ႏွစ္႐ြာၾကားက မဟာဓာတ္အားလိုင္းတာဝါတိုင္အႀကီးႏွစ္တိုင္ ဖ်က္ ဆီးခံရတာပါ”လို႔ ေဒသခံတစ္ေယာက္ကေျပာပါတယ္။
လက္ရွိမွာေတာ့ ကယားျပည္နယ္အတြင္းမွာ လွ်ပ္ စစ္မီးေတြျပတ္ေတာက္ေနၿပီး ဒီးေမာ့ဆိုၿမိဳ႕နယ္ဖက္မွာလည္း ဒီေန႔မနက္ပိုင္းကစၿပီး တိုက္ပြဲေတြျဖစ္ေနတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
“ဗုံးေထာင္ၿပီးဖ်က္ဆီးတာလို႔ထင္တယ္ ေပါက္ကြဲတဲ့အသံကေတာ့က်ယ္တယ္ ဘယ္သူေတြပဲလုပ္လုပ္ပါ အခုလိုလုပ္တာကိုေတာ့အားမေပးဘူး ဒီးေမာ့ဆိုမွာကလည္း KNDF နဲ႔တိုက္ပြဲေတြျဖစ္ေနတာဆိုေတာ့ ႐ြာသားေတြလည္း ဒီဖက္မွာတိုက္ပြဲေတြျဖစ္မွာကိုေၾကာက္ေနၾကတယ္”လို႔ေဒသခံတစ္ေယာက္ကေျပာပါတယ္။
Photo-UKSY

