Wednesday, December 4, 2024

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာ (၁၀၂)နေရာ...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆေးလိပ်ငွေ့ကင်းစင်နေရာ (၁ ၀၂) နေရာ သတ်မှတ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း ညောင်ဦးခရိုင် ပြည့်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ...

မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား စီးပွားရေးအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍများ...

မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား စီးပွားရေးအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍများ ပိုမိုတိုးချဲ့သွားရေး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌတို့...

တရားမဝင်ရွှေတူးဖော်နေသူ (၇)ဦးအား မြန်မာ့သတ္ထုတွင်းဥပဒေဖြင့်အမှုဖွင့်

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး၌ တရားမဝင်ရွှေတူးဖော်နေသူ(၇)ဦးကို မြန်မာ့သတ္တုတွင်းဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီးတွင် တရားမဝင်ရွှေတူးဖော်မှုများရှိနေကြောင်းသ တင်းအရ...

ရန်ကုန်နှင့် တနင်္သာရီတိုင်းမှအပ ကျန်မြို့နယ်များ အအေးပိုမည်

လာမည့် သုံးရက်အတွင်း ရန်ကုန်နှင့် တနင်္သာရီတိုင်းမှအပ ကျန်မြို့နယ်များ ညအပူချိန်လျော့နည်း၍ အအေးပိုလာနိုင်ကြောင်း ပြင်ပမိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။ ထို့ပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊...
HomeNewsLocal Newsကမ်ပိုက်တီနှင့်လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများကို နိုင်ငံတကာ...

ကမ်ပိုက်တီနှင့်လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများကို နိုင်ငံတကာ အဆင့်မြှင့်တင်သွားမည်

ကမ်ပိုက်တီနှင့်လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများကို နိုင်ငံတကာ အဆင့်မြှင့်တင်သွားမည်

ကမ်ပိုက်တီနှင့်လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများကို နိုင်ငံတကာ အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အကောက် ခွန်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများကလိုအပ် သည့် စစ်ဆေးဆောင်ရွက်မှုများ ဆောင်ရွက်နေပြီး ကုန် သွယ်ဖက်နိုင်ငံများ၊ကုန်သွယ်မှုအသင်းအဖွဲ့များနှင့်သယ် ယူပို့ဆောင်ရေး လုပ်ငန်းရှင်များနှင့်ပါ ညှိနှိုင်းမှုများ လုပ် ဆောင်နေကြောင်း နစက၏ နိုင်ငံပိုင်သတင်းစာမှ ဖော်ပြချက်အရ သိရသည်။

ကချင်ပြည်နယ်ရှိ ကမ်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ် ကုန် သွယ်ရေးစခန်းတို့သည် မျိုးဗီဇပြုပြင်ထားသော တစ်ရူးငှက်ပျော၊ ပြောင်း၊ ဖရဲ၊ ရော်ဘာနှင့် အခြားပြည်တွင်း ထွက် ကုန်ပစ္စည်းအချို့ကို တရုတ်အပါ အဝင် ပြည်ပနိုင် ငံများသို့ တင်ပို့လျက်ရှိသည့် နယ်စပ်ကုန်သွယ်ရေးစခန်း များ ဖြစ်သည်။

အဆိုပါ ကုန်သွယ်ရေး စခန်းများမှ ပြည်တွင်းသို့ ဘိလပ် မြေ၊ ဆောက်လုပ်ရေးသုံး စက်ကိရိယာများ၊ လျှပ်စစ်ပစ္စ ည်းများနှင့် အိမ်သုံးပစ္စည်းများကို ပြည်တွင်းသို့ အဓိကထား တင်သွင်းနေခြင်း ဖြစ်သည်။

ယခုနှစ် ဧပြီလကတည်းက စတင်ကာ ကုန်ပစ္စည်း တင်ပို့ တင်သွင်းခြင်း လုပ်ငန်းများကို COVID-19 စည်းမျဉ်းများနှင့်အညီ ပြန်လည်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း နစ က နိုင်ငံပိုင်သတင်းစာ ဖော်ပြမှုအရ သိရသည်။

ကမ်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့သော်လည်း နယ်မြေလုံခြုံရေးနှင့် အခြားအခြေနေအရပ်ရပ်ကြောင့် ကုန်သွယ်မှုလုပ် ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် ၂၀၀၆ ခုနှစ် ဇွန်လ တတိယပတ်တွင် ပိတ်သိမ်းခဲ့ရကြောင်း သိရ
သည်။

ယင်းသို့ ပိတ်သိမ်းထားရာမှ ၂၀၀၉ ခုနှစ် သြဂုတ်လ (၁) ရက်တွင် ပြည်နယ်အဆင့်အဖြစ် တရားဝင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းကိုလ ည်း ၁၉၉၂ ခုနှစ် မေလ (၇)ရက်နေ့ အမိန့်ကြော်ငြာစာ အမှတ် ၄/၉၂ ဖြင့် ခွင့်ပြုပေးခဲ့ပြီး ကုန်သွယ်မှု ဝန်ကြီး ဌာနက ၁၉၉၂ ခုနှစ် ဇွန်လ (၁) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်စပ် ကုန်သွယ်ရေး စခန်းကိုလည်း ၁၉၉၇ ခုနှစ် ဇန်နဝါရီလတွင် အခြေအနေများအရ လုပ်ငန်းများ ခေတ္တ ရပ်ဆိုင်းခဲ့ပြီး ၁၉၉၈ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ တွင် လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာနကို စတင်ဖွင့်လှစ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာ (၁၀၂)နေရာ သတ်မှတ်ထားရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆေးလိပ်ငွေ့ကင်းစင်နေရာ (၁ ၀၂) နေရာ သတ်မှတ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း ညောင်ဦးခရိုင် ပြည့်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ ရွှေစင်ထိုက်၏ ပြောကြားချက်အရ သိရသည်။ ပုဂံသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်အများဆုံး လာရောက်လည်ပတ်လျက်ရှိသည့်အတွက် အသွားအလာများသည့် ယင်းဒေသရှိ ဆေးလိ-ပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများကို ကနဦးအနေဖြင့် ဆောင်ရွက်လျှက်ရှိရာ လက်ရှိတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဘုရား (၁၇)ဆူ၊ ရှေးဟောင်းသာသနိက အဆောက်အအုံ (၃၂) ခု၊ ရုံး/ဌာန (၁၁)ခု၊ ဟို တယ် (၃၁) လုံး၊ စာသင်ကျောင်း...

မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား စီးပွားရေးအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍများ ပိုမိုတိုးချဲ့သွားရေး ဆွေးနွေး

မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား စီးပွားရေးအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍများ ပိုမိုတိုးချဲ့သွားရေး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌတို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြည်ထောင်စုဝန်ကြီး က ဒူးမားလွှတ်တော်၊ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်း ကာရာအော်လ် ဦးဆောင်သည့် ရုရှားဒူးမားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ (၃)ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ ကဏ္ဍအများအပြား၌ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေးတို့ကို...

တရားမဝင်ရွှေတူးဖော်နေသူ (၇)ဦးအား မြန်မာ့သတ္ထုတွင်းဥပဒေဖြင့်အမှုဖွင့်

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး၌ တရားမဝင်ရွှေတူးဖော်နေသူ(၇)ဦးကို မြန်မာ့သတ္တုတွင်းဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီးတွင် တရားမဝင်ရွှေတူးဖော်မှုများရှိနေကြောင်းသ တင်းအရ နိုဝင်ဘာ ၂၇ ရက်ည ၆ နာရီက လုံခြုံ ရေးအဖွဲ့ဝင်များမှသွားရောက်စစ်ဆေးရာ ယင်းနေရာ၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသည့် ဦးဇော်(၅၂)နှစ်၊ လွင်ကိုနိုင်(၂၈)နှစ်၊ ကျော်သက်ပိုင်(၂၂)နှစ်၊ ဦးမောင်(၆၀)နှစ်၊ နိုင်ကောင်းထက် (၂၂)နှစ်တို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ နိုဝင်ဘာ ၂၈ ရက်နံနက် ၁၀ နာရီတွင် တင်လင်း(၄၅)နှစ်၏နေအိမ်အား ဝင်ရောက်စစ်ဆေးရာ တရားမဝင်ရွှေတူးဖော်သူများဖြစ်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071