Friday, May 23, 2025

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆...

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...
HomeCelebrities' Newsကမ်းခြေမှာ ရေကူးဝတ်စုံနဲ့ရိုက်တာ ဘာများထူးဆန်းလို့လဲဆိုတဲ့...

ကမ်းခြေမှာ ရေကူးဝတ်စုံနဲ့ရိုက်တာ ဘာများထူးဆန်းလို့လဲဆိုတဲ့ ဥက္ကာမင်းမောင်

မော်ဒယ်သရုပ်ဆောင် ဥက္ကာမင်းမောင် လွန်ခဲ့တဲ့ရက်အနည်းငယ်က ကမ်းခြေတစ်ခုမှာ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံ  ရိုက်ကူးရေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒီဓာတ်ပုံတွေ အွန်လိုင်းပေါ်တက်လာခဲ့တဲ့အခါ ဝေဖန်ပြောဆိုမှုများကို ခံခဲ့ရပါ တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဥက္ကာမင်းမောင်က…..

“ဒါက မဂ္ဂဇင်းတစ်ခုက ရေကူးဝတ်စုံနဲ့သူတို့ရဲ့ ကဏ္ဍတစ်ခုကို ရိုက်ရမယ်၊ ရိုက်မလားဆိုတော့ ရိုက်မယ်ဆိုပြီး ရိုက်လိုက်တယ်။ အဲဒီပုံတွေက ပရော်ဖက်ရှင်နယ်ပုံတွေမဟုတ်ဘူး။ ဖုန်းနဲ့ရိုက် ထားတဲ့ပုံ။ ပရော်ဖက်ရှင်နယ်ပုံတွေက မထွက်သေးဘူး။ ဒါပေမဲ့ ပုံတွေက မထွက်သေးဘူး။ ပွပြီး အဆဲခံရတာတွေ၊ အပြောခံရတာတွေရော အစုံပဲ။ ကမ်းခြေမှာ ရေကူးဝတ်စုံနဲ့ ရိုက်တာပဲ ဘာထူးဆန်းလို့လဲ ဘာလို့ဆဲကြတာလဲ စဉ်းစားလို့မရဘူး။ ဘာတွေပြောကြမှန်းလဲ မသိဘူး။ ဒါပေမဲ့လေ ကျွန်တော် ပြောတဲ့သူတွေကိုလည်း အပြစ် ပြောပါဘူး။ ပြောပိုင်ခွင့်ရှိတယ်။ ကြည့်ပိုင်ခွင့်ရှိတယ်။ သူတို့ဘယ် လောက် ပြောချင်လည်းပြော။ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ဖို့ပဲ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကမ်းခြေမှာ ဒီလိုရေကူးဝတ်စုံ နဲ့ ရိုက်လာတယ်ဆိုတာ ကျွန်တော်တို့ မမွေးခင်ကတည်းကလေ။ မြန်မာနိုင်ငံ မှာလည်း ကမ်းခြေသွားတယ်ဆို ဘယ်သူကမှ ယောက်ျားတွေဆို  တိုက်ပုံ နဲ့ ခေါင်းပေါင်းနဲ့လည်ကတုံးနဲ့ မသွားဘူး။

မိန်းမတွေဆိုလည်း ဒီလိုပဲ ဘယ်သူကမှ ရင်ဖုံးနဲ့လုံချည်ဝတ်ပြီး မသွားဘူး။ ကမ်း ခြေသွားမှတော့ ဒီဝတ်စုံဝတ်သွားတာ ဘာများထူးဆန်းလို့ ပြောနေကြတာလဲတော့ မပြောတတ်ပါဘူး။ ဆဲတာတော့ တော်တော်အဆဲခံလိုက်ရတယ်။ ကျွန်တော်ကလည်း အဆဲခံရမယ့် ကံဇာတာပါ လာတာများလားမသိဘူး” လို့ ပြောပါတယ်။ သူ့အနေနဲ့ နောက်ထပ်လည်း ဒီလို ရိုက်ကူးသွားဦးမှာဖြစ်ပြီး အခုလက်ရှိ ရိုက် ကူးနေတဲ့ ဇာတ်ကားရဲ့ ကာရိုက်တာကိုလည်း ပြောဆိုကြဦးမှာပါလို့ ဥက္ကာမင်းမောင်က ဆိုပါ တယ်။  ” နောက်ထပ်ရိုက်ကူးမယ့်ဇာတ်ကားတွေက ဒီထက်တောင် အပြောခံရဦးမယ်။ အခုရိုက်ကူး နေတဲ့ ‘ မြွေ’ ဇာတ်ကားမှာလည်းအပြောခံရဦး  မယ်။ ယောက်ျားပိုင်းလုံးလေ။ ပြီးတော့ နည်းနည်း ကြမ်းတာတွေပါမယ်။ မြန်မာကလေးတွေ ကြည့်ရှုကြတာ ဆိုတော့ နည်းနည်းတော့ ကျွန်တော် ပြင်ဆင်မှုကို ချိန်ရ မယ်ပေါ့လေ။ ဒါပေမဲ့ အနုပညာအလုပ်က ဒီလိုပါပဲ၊ အပြောခံအဆိုခံတော့ မလွတ်ကင်းပါဘူး။ အပြောခံရတာ များတော့လည်း ထုံနေပါပြီ” လို့ ဥက္ကာမင်းမောင်က ပြောပါ တယ်။

 ဇင်မာနွယ်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071