ဖနောင်ပင်၊မေ ၅
ကမ္ဘောဒီးယားနိုင်ငံ၌ ကင်ဆာရောဂါဖြစ်ပွားသော လူနာအသစ်အရေအတွက်သည် ၂၀,၀၀၀ ခန့်ရှိပြီး ကင်ဆာကြောင့်ေ-သဆုံးသူ သည် တစ်နှစ်လျှင် ၁၄,၀၀၀ နီးပါးရှိကြောင်း ဝန်ကြီးချုပ်ဟွန်မာနက်ကပြောကြားခဲ့သည်။
“ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ လူဦးရေ ၁၇ သန်းဆိုတဲ့ပမာဏနဲ့ယှဉ်မယ်ဆိုရင်တော့ ဒါဟာ များတဲ့ပမာဏလို့ပြောလို့ရပါတယ်” ဟု ၂၀၂၅ – ၂၀၃၀ ပြည့်နှစ် နိုင်ငံအဆင့် ကင်ဆာ ရောဂါ ထိန်းချုပ်ရေးစီမံကိန်း စတင်သည့် အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းတွင်မစ္စတာဟွန်မာနက်ကထိုကဲ့သို့ ပြောကြားခဲ့သည်။
အဆိုပါစီမံကိန်းသည် ကင်ဆာရောဂါဖြစ်ပွားမှု အသစ်များနှင့်ေ-သဆုံးမှုကိုလျှော့ချရန်ရည်ရွယ်ပြီး အရည်အသွေးပြည့်မီသည့် ကင်ဆာ ရောဂါကို မဖြစ်ပွားအောင် ကြိုတင် ကာကွယ်ခြင်း၊စစ်ဆေးခြင်း၊ရောဂါရှာဖွေခြင်း၊ကုသခြင်းနှင့် စောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်ဟုလည်း၎င်းကပြောကြားခဲ့သည်။
ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ကို လျှော့ချရန် သစ်သီးများ၊ဟင်းသီးဟင်းရွက်များ၊အစေ့အဆံများနှင့် ပရိုတင်းဓါတ်များကြွယ်ဝစွာပါဝင်သည့်အစားအစာများ ကို စားသုံးကာ ကိုယ်လက်လှုပ်ရှားမှုများကိုလည်း ပုံမှန်ပြုလုပ်သင့်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ယင်းနောက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း အစားအသောက်များဘေးကင်းရေးနှင့် ဓါတုပစ္စည်းများကင်းစင်ရေးအတွက် ပုံမှန်စစ်ဆေးမှုများကိုပြုလုပ်ကာ စည်းကမ်းတင်းကျပ်ရန်ကို ညွှန်ကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၌ အသည်းကင်ဆာသည်အဖြစ်အများဆုံးဖြစ်ပြီး ယင်းနောက် အဆုတ်၊ရင်သား၊အူမကြီးနှင့်သားအိမ်ခေါင်းကင်ဆာများလည်းဖြစ်လေ့ရှိသည်ဟု ကျန်းမာရေးဝန်ကြီးကပြောကြားခဲ့သည်။
Source : ရှင်းဟွာ