ဖနွမ်းပင်၊ဇန်နဝါရီ ၂၆
ကမ္ဘောဒီးယားအနေဖြင့် ယူကရိန်းအား စစ်ရေးအရထောက်ပံ့ပေးနိုင်စွမ်းမရှိဟု ဝန်ကြီးချုပ်က ယနေ့မနက်၌ ထပ်မံအတည်ပြုပြောကြားခဲ့သည်။
“ကမ္ဘောဒီးယားအနေနဲ့ ယူကရိန်းကိုစစ်ရေးအရ မထောက်ပံ့ပါဘူး၊ အဲ့လိုလုပ်ပေးနိုင်စွမ်းလဲမရှိပါဘူး၊ယူကရိန်းမိုင်းအဖွဲ့အတွက် မိုင်းရှင်းလင်းရေးဆိုင်ရာနည်းပညာအထောက်အပံ့ဆိုတာလည်း စစ်ရေးအရသဘောမျိုးမဟုတ်ဘဲ လူသားချင်းစာနာထောက်ထားမှုတစ်ရပ်အနေနဲ့သာပံ့ပိုးပေးခဲ့တာပါ” ဟု၎င်းကပြောကြားခဲ့သည်။
ကမ္ဘောဒီးယားအနေဖြင့်တပ်ဖွဲ့ဝင်များနှင့်မိုင်းရှင်းလင်းရေးသမားများကို ယူကရိန်းသို့ပို့ဆောင်တာမျိုးမရှိဘဲ ခေါ်ယူလေ့ကျင့်ပေးခြင်းကလည်း လူသားချင်းစာနာထောက်ထားမှုတစ်ရပ်သာဖြစ်ပြီး ကမ္ဘောဒီးယားကိုယ်တိုင်လည်း မိုင်းဒဏ်ခံခဲ့ရသည့်နိုင်ငံဖြစ်သောကြောင့်ဟုဆိုခဲ့သည်။
ကမ္ဘောဒီးယားအနေဖြင့် ၎င်း၏မိုင်းရှင်းလင်းရေးအဖွဲ့များအား ကုလ၏ညွှန်ကြားမှုအောက်မှပင် နိုင်ငံများသို့စေလွှတ်ကူညီပေးနေလျက်ရှိပြီး လက်ရှိတွင် မာလီ၊တောင်ဆူဒန်၊လက်ဘနွန်နှင့်အာဖရိကအလယ်ပိုင်းများသို့ ကူညီပေးလျက်ရှိကြောင်းပြောကြားခဲ့သည်။
တစ်ဆက်တည်းပင် ကမ္ဘောဒီးယားအနေဖြင့် ယူကရိန်းသာမက ရုရှားအပါအဝင် ကမ္ဘောဒီးယား၏မိုင်းရှင်းလင်းရေးနည်းပညာအား အလိုရှိသည့် မည်သည့်နိုင်ငံကိုမဆို ကူညီရန်လည်းအဆင်သင့်ရှိနေသည်ဟုဝန်ကြီးချုပ်ကပြောကြားခဲ့သေးသည်။
Source : Khmer Times