ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာဟွန်ဆန်သည် ကိုဗစ်ရောဂါဖြစ်ပွားနေသူ တစ်ဦးနှင့် ဆရာဝန်များဖြင့် သွယ်ဝိုက်သောာ ထိတွေ့ မှုဖြစ်ခဲ့သဖြင့် သူ့တွင် ကိုဗစ်ရောဂါ ကူးစက်မှုရှိမရှိကို စစ်ဆေးရန်လိုအပ်ပြီး လက်ရှိတွင်လည်း ၁၄ ရက် ကွာရန်တင်း ဝင်နေကြောင်း သူ၏ ဖေ့ဘုတ် စာမျက်နှာတွင်ရေးသားထားသည်။ ဇူလိုင်လ ၃ ရက်နေ့အထိ ကွာရန်တင်း ဝင်နေရမည်ဟုလည်း ဆိုသည်။
ထို့ကြောင့် လာမည့် ရက်သတ္တပတ် အတွင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဒိုမနစ်ရက်ဘ်နှင့် တွေ့ဆုံရန် အစီအစဉ်ကိုလည်း ဖျက် လိုက်ကြောင်း သိရသည်။
“စီစဉ်ထားတဲ့ အစည်းအဝေးတွေ၊ တွေ့ဆုံမှုတွေ အားလုံးကို ဖျက်သိမ်းလိုက်ရတဲ့ အတွက် နားလည်ပေးကြပါလို့ ကျွန်တော် တောင်းပန် ပါတယ်” ဟုလည်း မစ္စတာဟွန်ဆန်ကပြောသည်။
Ref: Cambodian PM in quarantine, cancels meeting with UK’s Raab