ဖနောင်ပင်၊မေ ၅
ကမ္ဘောဒီးယားနှင့်အမေရိကတို့သည် ယခုလအစောပိုင်းက အွန်လိုင်းဖြင့် ကြိုတင်ပြင်ဆင်သော ဆွေးနွေးပွဲများကျင်းပပြီးနောက် မေလလယ် ၁၄ ရက်နှင့် ၁၅ ရက်နေ့များ၌ ဝါရှင်တန်ဒီစီတွင် ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုနောက်ထပ်တစ်ပွဲကို ပြုလုပ်ရန် သဘောတူထားကြောင်း ဖနောင်ပင်ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲ၌ နှစ်ဖက်စလုံးအနေဖြင့် စီးပွားရေးဆက်ဆံမှုများ ပိုမိုမြင့်မားတိုးတက်လာစေရန်နှင့် စီးပွားရေးဆိုင်ရာအခွင့်အလမ်းများကိုဆွေးနွေးအကဲဖြတ်သွားမည်ဖြစ်ကြောင်းသိရသည်။
ကြို တင်ပြင်ဆင်သောဆွေးနွေးပွဲများကိုမေလ ၂ ရက်နေ့ကပြုလုပ်ခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲများ၌မူ တရားဝင်ဆွေးနွေးညှိနှိုင်းမှုမတိုင်မီ ဆောင်ရွက်ဆဲလုပ်ငန်းအခြေအနေများနှင့် ပေါင်းစပ်ညှိနှိုင်းရေးများကို အဓိကထားဆွေးနွေးခဲ့ကြသည်ဟုသိရသည်။
ဝါရှင်တန်၌ပြုလုပ်မည့်ဆွေးနွေးပွဲသည် နှစ်နိုင်ငံအကြား ၌ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု ကို ခိုင်မြဲစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်စေဖို့မျှော်လင့်မိကြောင်းလည်း၎င်းကပြောကြားခဲ့သည်။
Source : ခမာတိုင်းမ်စ်