ကုမ္ပဏီလေးခုကရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၇၉ သန်းဖြင့် ဘိလပ်မြေစက်ရုံ၊ အထည်ချုပ်စက်ရုံနှင့်အိတ်စက်ရုံတို့ကို တည်ထောင်မည်ဖြစ်ပြီး စုစုပေါင်း အလုပ်အကိုင်အခွင့်အလမ်း ၉၃၅၅ ကို ဖန်တီးပေးမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ အစီရင်ခံစာအရ သိရသည်။
“CONCH KT CEMENT (PHNOM PENH) COMPANY LIMITED” သည် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၅၈ သန်းဖြင့် ဘိလပ်မြေစက်ရုံ တည်ထောင်ရန် လျာထားကြောင်း သိရသည်။
“NENGLI HARDWARE PLASTIC PRODUCTS CO.,LTD” သည် ရင်းနှီးမြှုပ်နှံမှုမတည်ငွေ ၁၀.၇ ဒေါ်လာခန့်ဖြင့် စတီးလ်နှင့် ပလတ်စတစ်များ ထုတ်လုပ်သည့် စက်ရုံတည်ထောင်ပြီး အလုပ်အကိုင်ပေါင်း ၄၈၇၀ ဖန်တီးပေးမည်ဖြစ်သည်။
အထည်ချုပ်စက်ရုံ တည်ထောင်မည့် “ARTIVERSE (CAMBODIA) CO.,LTD” သည်ရင်းနှီးမြှုပ်နှံမှုမတည်ငွေ ကန်ဒေါ်လာ ၅ ဒသမ ၈ သန်းခန့်ဖြင့် အလုပ်အကိုင် ၂,၀၈၆ခု ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
“KH BEST FAITH MANUFACTURING (CAMBODIA) CO., LTD” သည် အိတ်အမျိုးမျိုး ထုတ်လုပ်သည့် စက်ရုံကိုရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ သန်းခန့်ဖြင့် စီမံကိန်းလုပ်ဆောင်ရင်း အလုပ်အကိုင်ပေါင်း ၁၉၃၁ ကို ဖန်တီးပေးမည်။
Source:khmertimeskh