ယနေ့ ဇန်နဝါရီလ ၇ ရက်တွင် ကျင်းပမည့် ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲတွင် မြန်မာဖိုက်တာနှစ်ဦးဖြစ်သည့် ကျောက်ရိုင်းနှင့် ဂေါ်ဒိုးထူးတို့နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ထိုးသ-တ်ကြမည်ဖြစ်ကြောင်း သိရသည်။
Kun Khmer Tour Concert ဟု အမည်ရသည့် ခွန်ခမာပြိုင်ပွဲကို ဇန်နဝါရီလ ၇ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ပြိုင်ပွဲတွင် တွဲဆိုင်း ၆ ဆိုင်း ပါဝင်မည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် အိမ်ရှင် ကမ္ဘောဒီးယား၊ မြန်မာ၊ အီရန်၊ တရုတ်၊ လာအိုတို့ဖြင့် နိုင်ငံငါးနိုင်ငံက ဖိုက်တာများ ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။
မြန်မာဖိုက်တာ ကျောက်ရိုင်းက ခွန်ခမာ (၅၈) ကီလိုတန်းတွင် အိမ်ရှင် ကမ္ဘောဒီးယားဖိုက်တာ မီးစ်ဘွန်သန်းနှင့် သုံးမိနစ်၊ သုံးချီ အဖြစ် ပွဲစဉ် (၃) တွင်ယှဉ်ပြိုင်ထိုးသ-တ်ရမည်ဖြစ်သည်။
မြန်မာဖိုက်တာ ဂေါ်ဒိုးထူးသည် ခွန်ခမာ (၅၇) ကီလိုတန်းတွင် အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ရစ်ဗဗီဘိုးလ်နှင့်သုံးမိနစ်၊ သုံးချီအဖြစ် ပွဲစဉ် (၁) တွင် ယှဉ်ပြိုင်ထိုးသ-တ်ရမည်ဖြစ်သည်။
