ပွိုက်ပက်၊ဇန်နဝါရီ ၁၀
Grand Diamond City ကာစီနိုဟိုတယ် မီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံသားများသည် ကုမ္ပဏီထံမှလျော်ကြေးငွေရရှိမည်ဖြစ်ကြောင်း ထိပ်တန်းအရာရှိတစ်ဦးက ယမန်နေ့ကပြောကြားခဲ့သည်။
ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ကာစီနိုတာဝန်ရှိသူများသည် ကုသမှုခံယူပြီး ဆေးရုံမှဆင်းလာသည့် ကမ္ဘောဒီးယားနိုင်ငံသား ၅၇ ဦးအတွက် လျော်ကြေးငွေများ ပေးအပ်နိုင်ရေး ဆောင်ရွက်နေကြောင်းလည်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဆခ်ဆိုခွမ်ကပြောကြားခဲ့သည်။
ထိုင်းနစ်နာသူများသည် ကုမ္ပဏီမှ ဒေါ်လာ ၃၀,၀၀၀ နီးပါး လျော်ကြေးငွေရရှိခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံသားများကိုမူ လျော်ကြေးမည်မျှပေးမည်ကို မသိရှိရသေးကြောင်းလည်းပြောကြားခဲ့သည်။
ကုမ္ပဏီဘက်မှ လျော်ကြေးအမျိုးအစားနှစ်မျိုးပေးအပ်မည်ဖြစ်ပြီး တစ်ခုမှာဒဏ်ရာရပြီးကုသမှုခံယူနေရသည့်သူများအတွက်ဖြစ်ကာ အခြားတစ်ခုမှာ မီးလောင်မှုအတွင်းဒဏ်ရာရခဲ့ပြီး ကုမ္ပဏီနှင့်စာချုပ်ချုပ်ထားသည့် ဝန်ထမ်းများအတွက်ပေးမည့်လျော်ကြေးဖြစ်သည်။
ပျောက်ဆုံးနေသေးသည့် ကမ္ဘောဒီးယားနိုင်ငံသူတစ်ဦးကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ပျောက်ဆုံးကြောင်းမှန်ကန်ပါက ကုမ္ပဏီဘက်မှ ၎င်း၏မိသားစုဝင်များအား လျော်ကြေးငွေပေးမည်ဟုဆိုခဲ့သည်။
Source : Khmertimes