Thursday, August 13, 2026

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်...

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင်...

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ်...

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊...
HomeInternationalကမ္ဘောဒီးယားကမြန်မာတွင်အစားအသောက်နှင့် ဘာသာရေး ခရီးသွားလုပ်ငန်းမြှင့်တင်

ကမ္ဘောဒီးယားကမြန်မာတွင်အစားအသောက်နှင့် ဘာသာရေး ခရီးသွားလုပ်ငန်းမြှင့်တင်

ဇွန်လ ၁၆ ရက်

ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ ကမ္ဘောဒီးယားသံရုံးတို့သည် မြန်မာခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် ကမ္ဘောဒီးယား၏ အစားအသောက်ဆိုင်ရာ သံတမန်ရေးရာနှင့် ဘာသာရေးခရီးသွားလုပ်ငန်းတို့ကို မြှင့်တင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးမှုကို ခရီးသွားလာရေးဝန်ကြီး ဟောက်ဟက် က မနေ့က ရန်ကုန်မြို့သို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းခရီးစဉ်အတွင်း ဝန်ကြီး မစ္စတာ ဟောက်ဟက်သည် ကမ္ဘောဒီးယားသံအမတ်ကြီး ချန်မာနစ်၊ သံရုံးဝန်ထမ်းများနှင့် ပြည်တွင်းရှိ ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံသူများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

ဝန်ကြီးက ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပေးခြင်းနှင့် ၎င်းရင်းနှီးမြှုပ်နှံသူများကို ပံ့ပိုးကူညီပေးခြင်းတို့အတွက် ကမ္ဘောဒီးယားတော်ဝင်အစိုးရ၏ ကျေးဇူးတင်ရှိမှုကို ကိုယ်စားလှယ်ဝန်ထမ်းများထံ ထပ်ဆင့်ပြောကြားခဲ့သည်။

တူညီသော ယဉ်ကျေးမှုတန်ဖိုးများနှင့် ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်ကြသည့် ကမ္ဘောဒီးယားနှင့် မြန်မာ နှစ်နိုင်ငံအကြား ခိုင်မာသော ဆက်ဆံရေးကို အခြေခံ၍ ဝန်ကြီးက ဘာသာရေးခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသားရေးလက္ခဏာနှင့် ခရီးသွားဖလှယ်မှုများကို မြှင့်တင်ရန်အတွက် ရိုးရာအစားအသောက်များကို အဆင့်မြှင့်တင်မည့် အခွင့်အလမ်းများကို အလေးပေးပြောကြားခဲ့သည်။

မစ္စတာ ဟောက်ဟက်က အစားအသောက်၊ သံတမန်ရေးရာနှင့် ဘာသာရေးခရီးသွားလုပ်ငန်းများသည် ခရီးသွားများကို ဆွဲဆောင်နိုင်ပြီး ပြည်သူအချင်းချင်း ဆက်ဆံရေးကို ခိုင်မာစေမည့် အလားအလာကောင်းမွန်သော ထုတ်ကုန်များအဖြစ် ဖော်ပြခဲ့ပြီး သံရုံးအနေဖြင့် ယင်းလုပ်ငန်းများကို စျေးကွက်ပိုမိုချဲ့ထွင်ရန် တောင်းဆိုခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုနှင့် ကမ္ဘောဒီးယား၏ ဆွဲဆောင်မှုရှိသောနေရာများကို ဖော်ထုတ်ပြသပေးမှုအတွက် သံရုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးက မြန်မာနိုင်ငံတစ်ဝန်းတွင် ကမ္ဘောဒီးယား၏ အမွေအနှစ်၊ ယဉ်ကျေးမှုနှင့် အစားအသောက်များကို ပိုမိုသိရှိနားလည်လာစေရန်အတွက် သံရုံးအနေဖြင့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သူများနှင့် ဆက်လက်လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့သည်။

Ref: ခမာတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅ ရက် ဆိုပြီးလုပ်တာ။ ကျောက်တံတားမြို့နယ်ထဲက ဆိုင်တွေ မဟုတ်ဘူး။ လမ်းဘေးမှာရောင်းချနေတဲ့ ဆိုင်တွေ။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတော့ ကူးစက်မှု မရှိအောင်လို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပေါ့" ဟု ဦးသိန်းနိုင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား စုဝေးကြည့်ရှုခဲ့ကြသည်။     လသည် ကမ္ဘာနှင့် နေအကြား ရောက်ရှိသွားချိန်တွင် နေ၏ မြင်ကွင်းကို ပိတ်ဆို့သွားသောအခါ နေကြတ်ခြင်းဖြစ်ပေါ်သည်။ ဗုဒ္ဓဟူးနေ့တွင် လူပေါင်း တစ်ဘီလျံခန့်သည် ကောင်းကင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း မှောင်မိုက်သွားသည့် ရှားပါးဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခံစားခဲ့ရသည်။      စပိန်၊ ပေါ်တူဂီ၏ ဒေသအချို့၊ ဂရင်းလန်း၊ အိုက်စလန်နှင့် ရုရှားမြောက်ပိုင်းတို့သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဥရောပတိုက်တွင် ပထမဆုံးအကြိမ်...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။         အီရန်နှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် နေတိုးထိပ်သီးအစည်းအဝေးအတွက် ထရမ့်ပ်၏ အန်ကာရာခရီးစဉ် နောက်ဆုံးနေ့တွင် ယင်းခြိမ်းခြောက်မှု အန္တရာယ်ပေါ်ပေါက်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ခြိမ်းခြောက်မှုသည် ယုံကြည်လောက်ဖွယ်ရှိကာ နီးကပ်လာပြီဟု လျှို့ဝှက်ထောက်လှမ်းရေးက ယူဆသဖြင့် အမေရိကန်သမ္မတ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အထူးစစ်ဆင်ရေးတစ်ခုကိုလုပ် ဖြ‌ေဆာင်ခဲ့သည်။     ထောက်လှမ်းရေးသတင်းသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သတင်းရင်းမြစ်က ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း အရာရှိများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071