(Unicode)
ကမ္ဘာ့ရေနံဈေး ကျဆင်းလာတာကြောင့် ပြည်တွင်းက စက်သုံးဆီဈေးနှုန်း အနည်းငယ်ကျ
ရန်ကုန် ဒီဇင်ဘာ ၂
ပြီးခဲ့တဲ့ လလည််ပိုင်းကစလို့ ကမ္ဘာ့ရေနံဈေးနှုန်းတွေ တစစ ကျဆင်းလာတာကြောင့် ပြည်တွင်းက စက်သုံးဆီဈေးနှုန်းလည်း အနည်းငယ်ပြန်လည်ကျဆင်းလာပါတယ်။
ယခင်က တစ်လီတာကို (၁၄၀၀)နီးပါးအထိရှိခဲ့တဲ့စက်သုံးဆီဈေးနှုန်းက အခုလဆန်းမှာတော့ တစ်လီတာကို ကျပ်(၁၀၀)နီးပါး ပြန်လည်ကျဆင်းသွားပါတယ်။
စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် အခြေခံ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်ခဲ့ပါသေးတယ်။
စက်သုံးဆီတင်သွင်းသူတွေကတော့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းက အခုလထဲမှာ ဆက်လက်ကျဆင်းလာဖို့ရှိနေပြီး တစ်လီတာကို ကျပ်(၁၁၀၀)နီးပါးအထိ ဖြစ်လာနိုင်ချေရှိတယ်လို့ သုံးသပ်ထားပါတယ်။
လက်ရှိမှာတော့ ပြည်တွင်းစက်သုံးဆီ ဈေးကွက်အတွင်းမှာ အောက်တိန်းတစ်လီတာကို (၁၂၅၀)ကျပ်နဲ့ဒီဇယ်တစ်လီတာကို (၁၂၃၀)ကျပ်နဲ့ ရောင်းချနေတာကိုတွေ့ရပါတယ် ။
(Zawgyi)
ရန်ကုန် ဒီဇင်ဘာ ၂
ပြီးခဲ့တဲ့ လလည်ပိုင်းကစလို့ ကမ္ဘာ့ရေနံဈေးနှုန်းတွေ တစစ ကျဆင်းလာတာကြောင့် ပြည်တွင်းက စက်သုံးဆီဈေးနှုန်းလည်း အနည်းငယ်ပြန်လည်ကျဆင်းလာပါတယ်။


