အိန္ဒိယနိုင်ငံတွင် အာဂျင်တီးနား၏ ထူးထူးခြားခြား ကမ္ဘာ့ဖလားအနိုင်ရရှိမှုကို ဂုဏ်ပြုသောအားဖြင့် ပရိသတ်များက သေနတ်များ ပစ်ဖောက်၍ အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ရာ အိမ်ထဲနေအမျိုးသမီးတစ်ဦးအား ကျည်ဆန်ထိမှန်ခဲ့ကြောင်း သိရသည်။
Salam Ningol Laishram Ongbi Ibetomi Devi ဟု ခေါ်သော အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးသည် မနီပေါပြည်နယ် အင်ဖယ်လ်ခရိုင်၌ ပြီးခဲ့သည့် တနင်္ဂနွေနေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်က ကျည်ထိမှန်ပြီးနောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
အာဂျင်တီးနားက ပြင်သစ်ကို ပင်နယ်တီဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အင်ဖယ်လ်ခရိုင်၌ အောင်ပွဲခံမှုများ ပြုလုပ်ခဲ့စဉ်အတွင်း ကျယ်လောင်သော ဗျောက်အိုး ဖောက်သံများနှင့်အတူ သေနတ်သံများကိုပါ ကြားခဲ့ရသည်ဟု မိသားစုဝင်များက ဆိုသည်။
ကျည်ဆန်သည် သူ၏ နောက်ကျောကို ထိမှန်ခဲ့ခြင်းဖြစ်ပြီး အိမ်၏ ပထမထပ်တွင်လည်း ကျည်ပေါက်ရာ နှစ်ခု တွေ့ရှိခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။
သူသည် အာဂျင်တီးနား ပရိသတ်တစ်ဦးဖြစ်ပြီး ကျည်ထိမှန်ချိန်အတွင်း ၂ နှစ်သားအရွယ် ကလေးတစ်ဦးအား လက်ထဲတွင် ပွေ့ချီထားသည်ကြောင်း Northest live သတင်းဌာနက ဖော်ပြထားသည်။
အဆိုအမှုနှင့် ပတ်သက်၍ ရဲများက စုံစမ်းစစ်ဆေးလျက်ရှိပြီး မိသားစုဝင်များကလည်း တရားခံ မဖမ်းမိမချင်း အသုဘအခမ်းအနား ပြုလုပ်မည်မဟုတ်ကြောင်း ပြောထားသည်။
Source: Daily Mail
