အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့ ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားအတွက် အုပ်စုခွဲဝေမှု ထွက်ပေါ်ပြီ ဖြစ်သည်။
အုပ်စုခွဲဝေမှုအရ ဘရာဇီးအသင်းက စကော့တလန်၊ မော်ရိုကိုတို့နှင့် အုပ်စု (C) ၌ ကျရောက်နေသည်ကို တွေ့ရသည်။ မော်ရိုကိုအသင်းသည် ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့သည့် အသင်းဖြစ်သည်။
နာမည်ကြီး အင်္ဂလန်အသင်းကမူ အုပ်စု (L) ၌ ဥရောပပြိုင်ဘက် ခရိုအေးရှား၊ ဂါနာအသင်းတို့နှင့် တွေ့ဆုံနေသည်။
ပေါ်တူဂီအသင်းက အုပ်စု (K) တွင် ရှိပြီး ကိုလံဘီယာ၊ ဥဇဘတ်ကစ္စတန်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းက အယ်ဂျီးရီးယား၊ သြစတြီးယား၊ ဂျော်ဒန်တို့နှင့် အုပ်စု (J) ၌ တစ်အုပ်စုတည်းကျရောက်နေသည်။
ထို့ပြင် ပြင်သစ်အသင်းသည် နော်ဝေနှင့် အုပ်စု (I) တွင် တစ်အုပ်စုတည်းကျနေသည်။
