Friday, January 24, 2025

အမေရိက,က ဖိလစ်ပိုင်ရှိ တိုက်ဖွန်းဒုံးကျည်ပ-စ်စင်များကိုဖြန့်ကျက်နေရာချ

အမေရိကန်စစ်တပ်သည် ဘက်စုံသုံးဒုံးကျည်များကို ကီလိုမီတာ ထောင်နှင့်ချီအထိ ပ-စ်ခတ်နိုင်သော တိုက်ဖွန်းဒုံးပ-စ်စင်များကို ဖိလစ်ပိုင်နိုင်ငံ Laoag လေယာဉ်ကွင်းမှ လူဇုန်ကျွန်းပေါ်ရှိ အခြားနေရာတစ်ခုဆီ ပြောင်းရွှေ့ဖြန့်ကျက်‌ေနရာချလိုက်သည်ဟု ဖိလစ်ပိုင်အစိုးရ...

ဖ‌‌နောင်ပင်၌ဟုန်ပေါင်းတိုးကြိတ်ယူကြရာမှလူလေးဦးထက်မနည်းသေဆုံး

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်တွင် ဇန်နဝါရီ ၂၃ ရက်က တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် သူဌေးကြီးတစ်ဦး ဝေငှသော ငွေသားများထည့်ထားသည့် ဟုန်ပေါင်းခေါ်အန်ပေါင်းထုပ်များကို လူအများ တိုးဝှေ့ယူကြရာမှ လူအုပ်ကြားညပ်၍...

မြန်မာနိုင်ငံ၌တည်ငြိမ်အေးချမ်းရေးအမြန်ဆုံးရရှိဖို့ ဗီယက်နမ်မျှော်လင့်

ဒါဗို၊ဇန်နဝါရီ ၂၂ ဗီယက်နမ်ဝန်ကြီးချုပ်ဖန်မင်ချင်က ဗီယက်နမ်အနေဖြင့် မြန်မာ့အခြေအနေကိုအနီးကပ်စောင့်ကြည့်လျက်ရှိပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက် အထူးသဖြင့် မြန်မာနိုင်ငံ အတွက်ရည်ရွယ်ပြီး မြန်မာနိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုအမြန်ဆုံးရစေရန်မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ၊ဒါဗိုတွင်ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်အစည်းအဝေးအပြီး၌...

အဖျောက်မြို့ရှိ ထင်သာမြင်သာရှိသည့်နေရာများ၌ မီးသတ်စခန်းဖုန်းနံပတ်ပါ စတစ်ကာများကပ်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ရှိ ထင်သာမြင်သာရှိသောနေရာများ၌ မီးသတ်စခန်း၏ဖုန်းနံပတ်ပါ စတစ်ကာများကို ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက် ၉ နာရီတွင် မီးသတ်တပ်ဖွဲ့ဝင်များက...
HomeNewsLocal Newsကမ္ဘာ့ထိပ်တန်း စပိန်ကြက်တောင်မယ်ကို ၁၆...

ကမ္ဘာ့ထိပ်တန်း စပိန်ကြက်တောင်မယ်ကို ၁၆ ဦး အဆင့်တွင် သက်ထားသူဇာ ရှုံးနိမ့်

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် TOTALENERGIES BWF WORLD CHAMPIONSHIPS 2023 တွင် ၁၆ ဦးအဆင့်ဖြင့်သာကျေနပ်လိုက်ရကြောင်း သိရသည်။

သက်ထားသူဇာသည် ယမန်နေ့ ဩဂုတ်လ ၂၄ ရက် ည ၁၁ နာရီခန့်က(၁၆) ဦးအဆင့်တွင် ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၆) ရှိ စပိန်ကြက်‌တောင်မယ် Carolina Marin နှင့်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်၏ ပထမပွဲစဥ်တွင် သက်ထားသူဇာက ၁၀ မှတ် ၂၁ မှတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်တွင် ၁၈ မှတ် ၂၁ မှတ်ဖြင့် ၂ ပွဲ‌ဆက်ရှုံးနိမ့်ပြိီး ပြိုင်ပွဲမှ ထွက်ခဲ့သော်လည်း ဒုတိယပွဲစဉ်တွင် ယှဉ်ကစားနိုင်ခဲ့သည်ကို တွေ့ရသည်။

သက်ထားသူဇာယှဉ်ပြိုင်ခဲ့ရသည့် စပိန်ကြက်‌တောင်မယ် Carolina Marin သည် သူမဒဏ်ရာမရရှိခင်က ပြိုင်ပွဲများတွင် ကမ္ဘာ့ချန်ပီယံ ၃ ကြိမ်နှင့် ဥရောပချန်ပီယံ ၆ ကြိမ်အပြင် အခြားဆုတံဆိပ်များစွာ ရရှိထားသူလည်းဖြစ်သည်။

သက်ထားသူဇာသည် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် ကျင်းပသည့် အဆိုပါပြိုင်ပွဲသို့ နည်းပြမပါဘဲ သွားရောက်ယှဉ်ပြိုင်ခဲ့ရ‌သော်လည်း World Championship တွင် သူမ၏ကစားသမားဘ၀ ပထမဆုံး ၁၆ ဦးအဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိက,က ဖိလစ်ပိုင်ရှိ တိုက်ဖွန်းဒုံးကျည်ပ-စ်စင်များကိုဖြန့်ကျက်နေရာချ

အမေရိကန်စစ်တပ်သည် ဘက်စုံသုံးဒုံးကျည်များကို ကီလိုမီတာ ထောင်နှင့်ချီအထိ ပ-စ်ခတ်နိုင်သော တိုက်ဖွန်းဒုံးပ-စ်စင်များကို ဖိလစ်ပိုင်နိုင်ငံ Laoag လေယာဉ်ကွင်းမှ လူဇုန်ကျွန်းပေါ်ရှိ အခြားနေရာတစ်ခုဆီ ပြောင်းရွှေ့ဖြန့်ကျက်‌ေနရာချလိုက်သည်ဟု ဖိလစ်ပိုင်အစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။ ယင်းပ-စ်စင်များရှိ တိုမာဟော့ခ် ခရုဇ်ဒုံးကျည်များသည် ဖိလစ်ပိုင်မှ တရုတ်၊ ရုရှားရှိ ပ-စ်မှတ်များအထိ ပ-စ်ခတ်ရောက်ရှိနိုင်သကဲ့သို့ SM-6 ဒုံးကျည်များသည်လည်း ကီလိုမီတာ ၂၀၀ ကျော်ရှိ ဝေဟင်နှင့် ပင်လယ်ပစ်မှတ်များကို ပ-စ်ခတ်တိုက်ခိုက်နိုင်သည်။ ရွှေ့ပြောင်းဖြန့်ကျက်နေရာချထားခြင်းသည် ဒုံးကျည်တပ်ခွဲကို ပ-စ်ခတ်သည့်နေရာသစ်သို့ မည်မျှမြန်မြန် ရွှေ့နိုင်သည်ကို ဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေမည်ဟု ဖိလစ်ပိုင်အစိုးရ အကြီးတန်း...

ဖ‌‌နောင်ပင်၌ဟုန်ပေါင်းတိုးကြိတ်ယူကြရာမှလူလေးဦးထက်မနည်းသေဆုံး

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်တွင် ဇန်နဝါရီ ၂၃ ရက်က တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် သူဌေးကြီးတစ်ဦး ဝေငှသော ငွေသားများထည့်ထားသည့် ဟုန်ပေါင်းခေါ်အန်ပေါင်းထုပ်များကို လူအများ တိုးဝှေ့ယူကြရာမှ လူအုပ်ကြားညပ်၍ အသက်ရှုကြပ်ကာ လူလေးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ ရင်းနှီးသော မဟာမိတ်တစ်ဦးဖြစ်သူ မစ္စတာ Sok Kong ပိုင်ဆိုင်သော ဖ‌ေနာင်ပင်မြို့လယ်ရှိ အိမ်ကြီး၏ ကျယ်ပြောလှသော ခြံတံခါးပေါက်များရှေ့တွင် လူများ ရာနှင့်ချီ၍ စုဝေးရောက်ရှိလာကြသည်ကို ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သောဓါတ်ပုံများတွင် တွေ့ရသည်။ “ဒီမနက်မှာ သူဌေးကြီး Sok Kong က...

မြန်မာနိုင်ငံ၌တည်ငြိမ်အေးချမ်းရေးအမြန်ဆုံးရရှိဖို့ ဗီယက်နမ်မျှော်လင့်

ဒါဗို၊ဇန်နဝါရီ ၂၂ ဗီယက်နမ်ဝန်ကြီးချုပ်ဖန်မင်ချင်က ဗီယက်နမ်အနေဖြင့် မြန်မာ့အခြေအနေကိုအနီးကပ်စောင့်ကြည့်လျက်ရှိပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက် အထူးသဖြင့် မြန်မာနိုင်ငံ အတွက်ရည်ရွယ်ပြီး မြန်မာနိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုအမြန်ဆုံးရစေရန်မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ၊ဒါဗိုတွင်ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်အစည်းအဝေးအပြီး၌ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘီး‌ရှော့ပ်နှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ်က ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏လွတ်လပ်ရေး၊အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ ခိုင်မြဲမှုကိုလေးစားကြောင်းထပ်‌ေလာင်းအတည်ပြုပြောကြားခဲ့သည်။ ဗီယက်နမ်အနေဖြင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကိုသာထိခိုက်စေသည့် ကုန်သွယ်ရေးပိတ်ပင်မှုကိုမလိုလားသကဲ့သို့ မြန်မာ့အရေးသည် မြန်မာပြည်သူများကိုယ်တိုင်က သဘောတူညီချက်၊ မျှတသော အပေးအယူနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးပါဝင်ညှိနှိုင်းခြင်းဖြင့်သာဖြေရှင်းရမည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဗီယက်နမ်အပါအဝင် အာဆီယံအသိုက်အဝန်း၏ မြန်မာ့အရေးကြိုးပမ်းမှုများနှင့်ပတ်သက်၍လည်း ၎င်းကအလေးပေးပြောကြားခဲ့သည်။ ယင်းနောက် ဘီးရှော့ပ်က ဝန်ကြီးချုပ်ချင်၏ အဆိုပြုချက်များကို သဘောတူညီပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071