အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားသမ္မတ နစ်ကလပ်စ် မာဒူရိုကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မည်သည့်နိုင်ငံကိုမျှ ကမ္ဘာ့တရားသူကြီးသဖွယ်ဆောင်ရွက်ခြင်းကို ပေကျင်းက လက်မခံနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။
“ဘယ်နိုင်ငံကိုမှ ကမ္ဘာ့ပုလိပ်ကြီးလိုဆောင်ရွက်လို့ရနိုင်တယ်လို့ မယုံကြည်သလို ကမ္ဘာ့တရားသူကြီးအဖြစ် ဆောင်ရွက်နိုင်တယ်လို ပြောဆိုတဲ့ ဘယ်နိုင်ငံကိုမျှလည်း ကျွန်တော်တို့ လက်မခံပါဘူး” ဟု တနင်္ဂနွေနေ့က ပေကျင်းတွင် ပြုလုပ်ခဲ့သောအစည်းအဝေးအတွင်း ဝမ်ကပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အစ်ရှက်ဒါကို ပြောကြားခဲ့သည်။ အမေရိကကို တို-က်ရို-က်အမည်ဖော်ပြခြင်းမပြုဘဲ ဗင်နီဇွဲလားတွင် ရုတ်တရာက်ဖြစ်ပေါ်ခဲ့သော အခြေအနေများကို ရည်ညွှန်း၍ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
မာဒူရိုသည် လက်ရှိတွင် နူးယော့ခ်ရှိ ထိန်းသိမ်းရေးစခန်းတွင်ရှိနေပြီး မူးယစ်ဆေးဝါးစွဲချက်များအတွက် တနင်္လာနေ့ ရုံးထုတ်စစ်ဆေးမှုကို စောင့်ဆိုင်းနေသည်။
သို့သော်လည်း လတ်တလောအခြေအနေတွင် ဗင်နီဇွဲလားအစိုးရကို အမေရိက,က ကြီးကြပ်သွားမည်ဆိုသော သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အခိုင်အမာပြောဆိုချက်သည် ၂၀၂၃ ခုနှစ်က နှစ် ၅၀ နီးပါး သံတမန်ဆက်ဆံရေးအထိန်းအမှတ်အဖြစ် ပေကျင်းနှင့် ကာရာကတ်စ်တို့ထားရှိခဲ့သော ပြီးပြည့်စုံသောမဟာဗျူဟာဆက်ဆံရေးကို ပြင်းထန်သော စမ်းသပ်မှုဖြစ်စေခဲ့သည်။
“ဒါဟာ တရုတ်အတွက်တော့ ထိုးနှက်ချက်ကြီးတစ်ခုပါပဲ၊ ဗင်နီဇွဲလားအတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတစ်ယောက်လို ကျွန်တော်တို့ ဖြစ်ချင်ခဲ့တာပါ” ဟု မာဒူရိုအဖမ်းမခံရမီ နာရီပိုင်းအလိုတွင် မာဒူရိုနှင့် လက်တင်အမေရိကနှင့် ကာရေဘီယံရေးရာ တရုတ်အထူးကိုယ်စားလှယ်တို့အကြားပြုလုပ်ခဲ့သော အစည်းအဝေးနှင့်ပတ်သက်၍ တရုတ်အစိုးရအရာရှိတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။
Ref: တီအာတီဝေါလ်
