ကမ္ဘာ့စက်ရုပ်ညီလာခံ ပေကျင်းတွင်ကျင်းပ
ကမ္ဘာ့စက်ရုပ် ညီလာခံ ၂၀၂၁ ကို ပြီးခဲ့တဲ့စက်တင်ဘာလ ၁၀ ရက်နေ့က စတင်ပြီး တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ “တွန်းအားပေးခြင်းနှင့် ရလဒ်များ မျှဝေခြင်းဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး အသိုက်အဝန်းကို တည်ထောင်ရေး” အမည်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါပြပွဲကို စက်တင်ဘာလ ၁၀ရက်နေ့မှ ၁၃ရက်နေ့အထိ ၄ရက်ကြာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ခွဲစိတ်ကုသရေးစက်ရုပ်၊ သားဖွားမီးယပ်ခွဲခန်းသုံးစက်ရုပ်၊ စိုက်ပျိုးရေးဆိုင်ရာ စက်ရုပ် စတဲ့ လုပ်ငန်းသုံးစက်ရုပ်များ အပြင် ဂီတတူရိယာများ တီးခတ်နိုင်သောစက်ရုပ်၊ မီးဖိုချောင်သုံးစက်ရုပ် စတဲ့စက်ရုပ်များစွာလည်းပါဝင်ပါတယ်။
၎င်းပြပွဲမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်ရေးတို့မှာ ပါဝင်နိုင်ရေးအတွက် စက်ရုပ်လုပ်ငန်း ကိုမြှင့်တင်ဖို့ အပြင်းအထန် ကြိုးပမ်းလျှက်ရှိကြောင်း ပြောဆိုထားပါတယ်။