Monday, June 16, 2025

ထိုင်းအသင်းကို (၅)ဂိုးပြ-တ်ဖြင့် ရှူံးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီး...

ယနေ့ ဇွန် (၁၆) ရက် မွန်းလွဲပိုင်းက ထိုင်း- မြန်မာအသင်းတို့ အာဆီယံ ယူ - ၁၉ အမျိုးသမီးချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို...

အဲရ်အိန္ဒိယလေယာဉ်နည်းပညာပြသနာ‌ကြောင့်ဟောင်ကောင်ပြန်လှည့်ရ

တနင်္လာနေ့က နူးဒေလီသို့ ပျံသန်းနေသည့် အဲရ်အိန္ဒိယလေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇-၈ ဒရင်းမ်လိုင်နာ လေယာဉ်သည် ဝေဟင်တွင် နည်းပညာပြဿနာပေါ်သည်ဟု လေယာဉ်မှူးက သံသယဖြစ်ခဲ့ပြီးနောက် မူလထွက်ခွာရာ...

လေဖိအားနည်း ရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင်...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တို-က်ခတ်ခြင်းတို့...

ကမ္ဘာကြီးသည် နျူအင်အားကြီး နိုင်ငံများလက်နက်အပြိုင်အဆိုင်တိုးချဲ့သော ခေတ်သစ်ကို‌ရောက်လာ

ကမ္ဘာ့နျူကလီးယားလက်နက်ပိုင် နိုင်ငံများသည် ၎င်းတို့၏ အဏုမြူလက်နက်အရေအတွက်ကို တိုးမြှင့်နေကာ လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်များမှ သွေဖယ်ပြီး စစ်အေးခေတ်နောက်ပိုင်း လက်နက်သိုလှောင်မှုကို ဆယ်စုနှစ်များစွာ လျှော့ချလာခဲ့ခြင်းကိုအဆုံးသတ်စေမည့် ခြိမ်းခြောက်မှုခေတ်သစ်ကို ဖန်တီးနေသည်ဟု...
HomeNewsLocal Newsကမ္ဘာ့ကုလသမဂ္ဂ၏ "ဂေဟစနစ်ပြန်လည်ကောင်း မွန်ရှင်သန်ရေး...

ကမ္ဘာ့ကုလသမဂ္ဂ၏ “ဂေဟစနစ်ပြန်လည်ကောင်း မွန်ရှင်သန်ရေး ကုလသမဂ္ဂဆယ်စုနှစ်ကြေညာ ချက်(၂၀၂၁-၂၀၃၀)”နှင့်အညီ မြန်မာနိုင်ငံ၌ သစ် တောပြုန်းတီးမှုလျှော့ချရန် ဆောင်ရွက်လျက်ရှိဟု နစက ဥက္ကဋ္ဌပြော

ကမ္ဘာ့ကုလသမဂ္ဂ၏ “ဂေဟစနစ်ပြန်လည်ကောင်း မွန်ရှင်သန်ရေး ကုလသမဂ္ဂဆယ်စုနှစ်ကြေညာ ချက်(၂၀၂၁-၂၀၃၀)”နှင့်အညီ မြန်မာနိုင်ငံ၌ သစ် တောပြုန်းတီးမှုလျှော့ချရန် ဆောင်ရွက်လျက်ရှိဟု နစက ဥက္ကဋ္ဌပြော

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ကြုံ တွေ့နေရသည့် သစ်တောပြုန်းတီးမှုဖြစ်စဥ်များနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှပြောကြားခဲ့ခြင်းဖြစ် သည်။

နေပြည်တော်၊ဒက္ခိဏခရိုင်၊ဒက္ခိဏသီရိမြို့နယ်၊မာရဝိဇယဘုရားသွားလမ်းဖြစ်သည့် စံပယ်လမ်း ၌ ဇွန် ၂၆ ရက်နံနက်ပိုင်းကပြုလုပ်သည့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လက်ရှိကြုံတွေ့နေရတဲ့ သစ်တောပြုန်းတီးမှုဖြစ် စဉ်တွေကိုလေ့လာကြည့်ရင် သစ်တောတွေကို စည်းမဲ့ကမ်းမဲ့အလွန်အကျွံ ခုတ်ထွင်ရှင်းလင်းတာ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးတာ ထင်းနဲ့မီးသွေးလောင်စာအလွန်အကျွံထုတ်လုပ်တာ တောမီး လောင်ကျွမ်းတာ မြို့ပြနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေ စိုက်ပျိုးမြေနဲ့စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်တာတွေကြောင့် သစ်တောမြေတွေကနေ တခြားမြေအသုံးချမှုကို ပြောင်းလဲဖြစ်ပေါ်စေပြီး သဘာဝသစ်တောဂေဟစနစ်တွေ တစ်နေ့ထက်တစ်နေ့ ပျက်စီးယိုယွင်းလာနေတာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် သစ်တောပြုန်းတီးမှုကြောင့် လူသားများအသက်ရှင်ရပ်တည်ရေးအတွက် ကြီးများသည့် ခြိမ်းခြောက်မှုများဖြစ်သည့် ရာသီဥတုပြောင်းလဲဖောက်ပြန်လာခြင်း၊မြစ်ချောင်း၊ကန်များတိမ် ကောလာကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်းနှင့်ရေများညစ်ညမ်းလာပြီး ရေချိုအရင်းအမြစ်များခမ်းခြောက်ဆုံးရှုံးလာခြင်း၊မြေဆီလွှာများပြုန်းတီးခြင်း၊ဇီဝမျိုးစုံမျိုးကွဲများပျောက်ဆုံးလျော့နည်းလာခြင်းများအား ကြုံတွေ့နေရသည်ဟု ပြောသည်။

“ကမ္ဘာ့ကုလသမဂ္ဂက “ဂေဟစနစ်ပြန်လည်ကောင်းမွန်ရှင်သန်ရေး ကုလသမဂ္ဂဆယ်စုနှစ်ကြေညာချက်(၂၀၂၁-၂၀၃၀)” ကိုထုတ်ပြန်ခဲ့ရာမှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဘေးအန္တရာယ်တွေ တွန်းလှန်တိုက်ဖျက်နိုင်ရေး၊သန်းပေါင်းများစွာသော မျိုးစိတ်တွေ လျော့ပါးပျောက်ကွယ်လာတာကို တားဆီးကာကွယ်နိုင်ရေးနဲ့အစားအစာဖူ လုံမှု၊ရေထောက်ပံ့မှုနဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ သေချာခိုင်မာစေရေးတို့အတွက် ပျက်ဆီးပြုန်းတီးလာတဲ့ ဂေဟစနစ်တွေကို ပြန် လည်ရှင်သန်ကောင်းမွန်လာစေဖို့ တွန်းအားပေးမြှင့်တင်ဆောင်ရွက်နေတာကို လေ့လာတွေ့ရှိရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ၂၀၀၀ ပြည့်နှစ်တွင် သစ် တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၅၂ ရာခိုင် နှုန်းရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာ ခိုင်နှုန်းရှိ၍ သစ်တောဖုံးလွှမ်းမှု ပိုမိုလျော့နည်းမသွားစေရန် သစ်တောပြုန်းတီးမှုလျှော့ချရပ်ဆိုင်းနိုင်ရန် သဘာဝတောများထိန်းသိမ်းရန် သစ်တောများပြန်လည်ထူထောင်ရန် ပူးပေါင်းဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌမှတိုက်တွန်းပြောကြားခဲ့သည်။

“သစ်တောမြေကနေ တခြားမြေအဖြစ်ပြောင်းလဲအသုံးချမှုမရှိစေဖို့ အမြဲတမ်းသစ်တောနယ်မြေအတွင်းသာမကပဲ သစ်တောမြေပြင်ပသဘာဝတောတွေကို ထိရောက်စွာထိန်းသိမ်းနိုင်ဖို့အတွက် သစ်တောမူဝါဒတွေနဲ့အညီ သက်ဆိုင်ရာဝန်ကြီး ဌာနတွေ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေ လူမှုအ ဖွဲ့အစည်းတွေနဲ့ နိုင်ငံသားတွေအားလုံးက ပူး ပေါင်းဆောင်ရွက်ပေးကြဖို့ အသိပေးတိုက်တွန်းလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းအသင်းကို (၅)ဂိုးပြ-တ်ဖြင့် ရှူံးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီး ယူ-၁၉ အသင်း

ယနေ့ ဇွန် (၁၆) ရက် မွန်းလွဲပိုင်းက ထိုင်း- မြန်မာအသင်းတို့ အာဆီယံ ယူ - ၁၉ အမျိုးသမီးချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းအသင်းက မြန်မာအသင်းကို (၅) ဂိုး (၁)ဂိုးဖြင့် အနိုင်ယူခဲ့သည်။ ပထမပိုင်းပွဲချိန်အတွင်း ထိုင်းအသင်းက ဦးဆောင်ဂိုး (၄) ဂိုး သွင်းယူခဲ့ပြီး ဒုတိယပိုင်းပွဲချိန်အတွင်း နောက်ထပ် (၁) ဂိုးထပ်မံသွင်းယူခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းပွဲချိန်မှစ၍ ချေပဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဒုတိပိုင်းပွဲချိန်အတွင်းမှ ချေပဂိုး (၁) ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ကာ မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ်ပွဲစဉ်ဖြင့် ကျေနပ်ခဲ့ရပြီဖြစ်သည်။ အာဆီယံ...

အဲရ်အိန္ဒိယလေယာဉ်နည်းပညာပြသနာ‌ကြောင့်ဟောင်ကောင်ပြန်လှည့်ရ

တနင်္လာနေ့က နူးဒေလီသို့ ပျံသန်းနေသည့် အဲရ်အိန္ဒိယလေကြောင်းလိုင်းမှ ဘိုးရင်း ၇၈၇-၈ ဒရင်းမ်လိုင်နာ လေယာဉ်သည် ဝေဟင်တွင် နည်းပညာပြဿနာပေါ်သည်ဟု လေယာဉ်မှူးက သံသယဖြစ်ခဲ့ပြီးနောက် မူလထွက်ခွာရာ ဟောင်ကောင်သို့ နောက်ကြောင်းပြန်လှည့်ခဲ့ရသည်ဟု ယင်းဖြစ်ရပ်ကို တို-က်ရို-က်သိရှိသည့် သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။အဲရ်အိန္ဒိယလေကြောင်းလိုင်း၏ အလားတူ ဘိုးရင်းအမျိုးအစားလေယာဉ်တစ်စင်းသည် အိန္ဒိယနိုင်ငံအနောက်ပိုင်း အာမက်ဒါဘတ်တွင် ပျ-က်ကျခဲ့အပြီး ရက်ပိုင်းအကြာတွင် ယခုဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာမက်ဒါဘတ်ဖြစ်စဉ်တွင် လေယာဉ်ပေါ်ပါ လူ ၂၄၂ ဦးအနက် တစ်ဦးသာ အသက်ရှင်ခဲ့သည်။တနင်္လာနေ့တွင် ဟောင်ကောင်မှ ထွက်ခွာခဲ့သော အဲရ်အိန္ဒိယ၏ ဒရင်းမ်လိုင်နာလေယာဉ် ခရီးစဉ်အမှတ်...

လေဖိအားနည်း ရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တို-က်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ အသိပေး

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဆက်လက် တည်ရှိနေသဖြင့် တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် မိုးသက်လေပြင်း တို-က်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသ ဦးစီးဌာန (ရန်ကုန်)က အသိပေးထားသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ကာ လာမည့် (၂၄)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းလွန်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတို့သို့လည်းကောင်း၊ လာမည့် (၄၈) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်အတွင်းသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားရှိကြောင်း ဆိုသည်။ ထိုသို့‌သော အခြေအနေကြောင့် မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုအနေဖြင့် ယနေ့မှစ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071