ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘု ရားလမ်းတွင် ယမန်နေ့ ညပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
မေလ (၂၃) ရက်၊ ည (၁၁) နာရီအချိန်ခန့်က မရမ်းကုန်းမြို့၊ (၈)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ စာတိုက်ကားမှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အသ င်းမှ သွားရောက်ခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုတွင် အငှားယာဉ်နှင့် ကုန်တင်ယာဉ်တို့တိုက်မိခဲ့ခြင်းဖြစ်ပြီး အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် မြေပြင်ပြုစုပေးခဲ့ပြီး အရေးပေါ်လူနာတ င်ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ကူညီပို့ ဆောင်ပေးခဲ့ကြသည်။

