ကမ္ဘာအေးစေတီတော်ကြီးတွင် ထမနဲထိုးပွဲနှင့်လှူဒါန်းပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
ဇန်နဝါရီလ (၂၇) ရက်မှ (၂၉) ရက်တွင် ထမနဲထိုးပွဲကျင်းပမည်ဖြစ်ပြီး မြတ်စွာဘုရားနှင့်သံဃာတော်များကို ထမနဲဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ကာ ဘုရားဖူးများကိုလည်း ထမနဲလှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ထမနဲစတုဒိသာကျွေးရန်အတွက် ထမနဲလှူဒါန်းလိုသူများအနေဖြင့် ထမနဲတစ်ဒယ်လျှင် ကျပ် ၁၂၀,၀၀၀ဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
ထမင်းနဲပွဲသည် မြန်မာ့ရိုးရာ ဆယ်နှစ်လရာသီ ပွဲတော်တစ်ခုဖြစ်သည်။ နှစ်စဉ်တပို့တွဲလတွင် ထမနဲထိုး၍ ဘုရားရှင်အားကပ်လှူပူဇော်ခြင်း၊ စတုဒီသာကျွေးမွေးခြင်းတို့ကို ပြုလုပ်လျက်ရှိပြီး ထမနဲထိုးပြိုင်ပွဲကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
