Thursday, December 12, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ရွာငံ၌ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ဒီဇင် ဘာ ၃ ရက်ညနေ ၅ နာရီက ရွာငံမြို့နယ်တွင် ဖမ်း ဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ...

တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် စျေးရောင်းချခွင့်မပြုတော့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် လမ်းဘေးစျေးသည်များအား စျေးရောင်းချခွင့်မပြုတော့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့လည်ပိုင်းကပြုလုပ်သည့် တာချီလိတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးမှ သိရသည်။ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် ယာဉ်...

ရုရှား နျူကလီးယားလက်နက် ဒါဇင်နှင့်ချီ၍ ဘီလာရုစ်...

ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ဒါဇင်နှင့်ချီသော ရုရှားနျူးကလီးယားလက်နက်များကို သူ့နိုင်ငံက လက်ခံထားသကဲ့သို့ မော်စကို၏ နောက်ဆုံးပေါ် အသံထက်မြန်သော ဒုံးကျည်များ ဖြန့်ကျက်ရေးအစီအစဉ်အတွက်လည်း အဆောက်အအုံများ...

တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် အီကေဘားနား နိုင်ငံတကာပြပွဲနှင့်...

အီကေဘားနားနိုင်ငံတကာအဖွဲ့အစည်းမှ ကြီးမှူး၍ တိုကျိုမြို့အခြေစိုက် အီကေဘားနား နိုင်ငံတကာပြပွဲနှင့် ဈေးရောင်းပွဲတော် ပြုလုပ်ရောင်းချခဲ့ပြီး ရရှိသည့် အမြတ်ငွေများအား ဂျပန်နိုင်ငံတွင် သဘာဝဘေးကြောင့် ထိခိုက်ခံစားရသူများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsကမ္ဘာလှည့် ဗီဇာလျှောက်ထား ရယူခြင်းနှင့်...

ကမ္ဘာလှည့် ဗီဇာလျှောက်ထား ရယူခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်

ကမ္ဘာလှည့် ဗီဇာလျှောက်ထား ရယူခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်

ကမ္ဘာလှည့်ဗီဇာ လျှောက်ထားရယူခြင်းနှင့် ပတ်သက်သည့် သတ်မှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ (၅) ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဗီဇာစည်းကမ်း သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ကမ္ဘာလှည့်ဗီဇာနေထိုင်ခွင့်သက်တမ်းအနေဖြင့် (၂၈)ရက် ခွင့်ပြုသွားမည်ဖြစ် ကြောင်း ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် ကမ္ဘာလှည့် ခရီးသွားများအနေဖြင့် နိုင်ငံကူးလက် မှတ် ကိုင်ဆောင်ထားသူဖြစ်ရမည့်အပြင် သက်တမ်း အ နည်းဆုံး (၆) လ ကျန်ရှိသူ ဖြစ်ရမည်ဟု သိရသည်။

ထို့အပြင် ဗီဇာ လျှောက်ထားသူသည် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရဟူသည့် တားမြစ်ချက်များလည်း ပါဝင်သည်။

မိဘ၏နိုင်ငံကူးလက်မှတ်တွင် နာမည်ပါဝင်သော(၇)နှစ်အရွယ်ကလေးငယ်များအနေဖြင့် minor sectionတွင်အချက်အလက်များထည့်သွင်းဖော်ပြရန်နှင့် ကမ္ဘာလှည့် ဗီဇာခွင့်ပြုမှုသည် ပြည်ဝင်ခွင့်ပေးခြင်း မဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် ပြည်ဝင်ခွင့် ငြင်းပယ်ခံရပါက မူလလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာရန်လည်း ညွှန်ကြားထားသည်။

ထို့အပြင် ကမ္ဘာလှည့်ဗီဇာခွင့် လျှောက်ထားသူများအ တွက် ခွင့်ပြုချက်သည် တကြိမ်ပြည်ဝင်ခွင့်အတွက်သာ ဖြစ်ပြီး ပြည်ဝင်ခွင့် နောက်တစ်ကြိမ်ထပ်မံလျှောက် ထားပါက ဗီဇာကိုပါ ထပ်မံလျှောက်ထားရမည် ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ရွာငံ၌ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ဒီဇင် ဘာ ၃ ရက်ညနေ ၅ နာရီက ရွာငံမြို့နယ်တွင် ဖမ်း ဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် သိန်းထိုက်အောင် မောင်းလာသည့် ISUZU ၁၂ ဘီးကားနှင့် ကျော်ဝင်း မောင်းလာသည့် FUSO ၁၂ ဘီးကားတို့ကို သတင်းအရရှာဖွေစစ်ဆေးခဲ့ကြသည်။ ထိုသို့ စစ်ဆေးရာ ကားနှစ်စီးပေါ်ရှိ နွားချေးမြေ ဩဇာများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ဖမ်း ဆီးရမိခဲ့၍ စစ်ဆေးချက်အရ ကဖင်းများ...

တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် စျေးရောင်းချခွင့်မပြုတော့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် လမ်းဘေးစျေးသည်များအား စျေးရောင်းချခွင့်မပြုတော့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့လည်ပိုင်းကပြုလုပ်သည့် တာချီလိတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးမှ သိရသည်။ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် ယာဉ် ကြောပိတ်ဆို့မှုလျော့ချနိုင်စေရန်ရည်ရွယ်၍ တာချီလိတ်မြို့နယ်တွင်းရှိ လမ်းမများဘေးတစ်လျှောက်တွင် စျေးရောင်းချနေသည့် လမ်းဘေးစျေးသည်များကို စျေးရောင်းချခွင့်မပြုတော့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ လမ်းဘေးတွင်စျေးရောင်းချခွင့်မပြုတော့သဖြင့် လမ်းဘေးစျေးသည်များ စျေးရောင်းချနိုင်ရန် ညစျေးနေရာသတ်မှတ်ပေး၍ ရောင်းချစေမည်ဖြစ်ကာ လမ်းဘေးတွင်စျေးရောင်းချခွင့်မပြုတော့ခြင်းအား လာမည့်ရက်ပိုင်းအတွင်း၌ သတိပေးနှိုးဆော်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေး၌ တာချီလိတ် ရွှေတိဂုံစေတီတော် အတက်အဆင်းလမ်းဘေးတွင် ဈေးဆိုင်ခန်းများ စနစ်တကျဆောက်လုပ်နိုင်ရေး၊ ဗိုလ်ချုပ်လမ်းမတစ်လျှောက် ပလက်ဖောင်းများပေါ်တွင် လမ်းဘေးဈေးသည်များစနစ်တကျရောင်းချမှုမရှိခြင်းအပေါ် ရပ်ကွက်အလိုက်အသိပေးဖယ်ရှားနိုင်ရေးနှင့် နယ်စပ်မြို့ဖြစ်၍...

ရုရှား နျူကလီးယားလက်နက် ဒါဇင်နှင့်ချီ၍ ဘီလာရုစ် လက်ခံရရှိထား

ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ဒါဇင်နှင့်ချီသော ရုရှားနျူးကလီးယားလက်နက်များကို သူ့နိုင်ငံက လက်ခံထားသကဲ့သို့ မော်စကို၏ နောက်ဆုံးပေါ် အသံထက်မြန်သော ဒုံးကျည်များ ဖြန့်ကျက်ရေးအစီအစဉ်အတွက်လည်း အဆောက်အအုံများ ပြင်ဆင်နေသည်ဟု အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ မည်သည့် ရန်စောင်လာမှုမျိုးကိုမဆို တွန်းလှန်ရာတွင် အထောက်အကူပြုရန်အတွက် ရုရှားနျူကလီးယားလက်နက်များကို အသုံးပြုနိုင်ခြေအပါအဝင် မော်စကို၏ အရင်းနှီးဆုံး မဟာမိတ် ဘီလာရုစ်ကို လုံခြုံရေးအာမခံချက်ပေးသည့် စာချုပ်ကို ပြီးခဲ့သည့် သီတင်းပတ်တွင် သမ္မတ ဗလာဒီမာပူတင်နှင့် လက်မှတ်ရေးထိုးခဲ့ပြီးနောက် လူကာရှန်ကိုက ယင်းသို့ ပြောဆိုလာခြင်းဖြစ်သည်။ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ အနောက်နိုင်ငံများနှင့် တင်းမားမှုမြင့်တက်နေစဉ် ပထမဆုံးအကြိမ်အဖြစ် ဘီလာရုစ်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071