ကမ္ဘာကိုပတ်နေသော လ တစ်ခု နောက်ထပ်ရှိနေသေးကြောင်း သိပ္ပံပညာရှင်တို့ မကြာသေးမီကမှ ရှာဖွေတွေ့ရှိခဲ့ကြသည်။
ယင်းကို မတ်လ ၂၈ ရက်နေ့ကမှ စတင်၍ သတိပြုခဲ့ကြခြင်းဖြစ်ပြီး၊ 2023 FW 13 အမည်ပေးခဲ့ကြသည်။ အဆိုပါ အရာသည် အချင်း ၆၅ ပေ(မီတာ ၂၀ခန့်)ရှိနိုင်သည့် ကျောက်တုံးကျောက်ခဲတစ်ခုဖြစ်ပြီး ကမ္ဘာမှ မိုင်ပေါင်း ၁.၆ သန်းအကွာအဝေးမှနေ၍ ဘီစီ ၁၀၀ ခန့်ကတည်းကပင်လျှင် ကမ္ဘာကို ပတ်နေခဲ့ခြင်းဖြစ်ကြောင်း သုတေသီတို့က ခန့်မှန်းကြသည်။ သို့ရာတွင် ဘဲဥပုံပတ်လမ်းဖြင့် ပတ်နေခြင်းဖြစ်သောကြောင့် ကမ္ဘာနှင့်အနီးဆုံး ၂၂၃၆၉၃ မိုင်အထိ နီးကပ်လာလေ့ရှိသည်။
ယင်း ဒုတိယ လ သည် နောက်ထပ် နှစ်ပေါင်း ၁၅၀၀ ဖြစ်သည့် အေဒီ ၃၇၀၀ ခန့်အထိ ကမ္ဘာကိုပတ်နေဦးမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိ လ မှာမူ ကမ္ဘာမှ မိုင်ပေါင်း ၉၃၂၀၀၀ အကွာအဝေးမှနေ၍ ပတ်နေခြင်းဖြစ်သည်။
2023 FW 13 ကို ဟာဝိုင်ယီကျွန်းရှိ မီးတောင်တစ်ခုထိပ်တွင် တည်ဆောက်ထားသော Pan-STARRS အာကာသလေ့လာရေးမှန်ပြောင်းကြီးဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။