ကမ္ဘာလုံခြုံရေးသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အတိမ်းအစောင်းမခံဆုံး အချိန်ကာလကို ရောက်ရှိနေကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခအသစ်တစ်ခုကို ရှောင်ရှားရန်အတွက် အလျော့အတင်းလုပ်ကာ ညှိနှိုင်းလိုစိတ်ရှိရန် လိုအပ်နေကြောင်း ရုရှား၏ SVR ထောက်လှမ်းရေးဌာနအကြီးအကဲ ဆာဂီ နာရိုင်ရှ်ကင်က ပြောကြားသည်ဟု ရုရှား အာအိုင်အေသတင်းဌာနက ဖော်ပြခဲ့သည်။
“အခုအချိန်မှာ ကမ္ဘာကြီးက ဒုတိယကမ္ဘာစစ်နောက်ပိုင်း နိုင်ငံတကာလုံခြုံရေးအတွက် အသိမ်မွေ့ဆုံးအချိန်ကာလကို ကြုံတွေ့နေရပြီး ကမ္ဘာ့အစီအစဉ်ရဲ့ အရည်အသွေးကို အသွင်းပြောင်းတဲ့ ကာလတစ်ခုပါ” ဟု နာရိုင်ရှ်ကင်က ပြောဆိုကြောင်း အာအိုင်အေက ဖော်ပြခဲ့သည်။
အနာဂတ်ကမ္ဘာ့အစီအစဉ်၏ စည်းမျဉ်းများကို သတ်မှတ်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ အကြီးဆုံးပါဝါဗဟိုများအကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ခုရှိနေသည်ဟု နာရိုင်ရှ်ကင်က ဆိုခဲ့သည်။
မိမိတို့၏ အဓိကကျသော ဘုံတာဝန်မှာ ယခင် သမိုင်းဝင်အဆင့်များတွင် ဖြစ်ခဲ့သကဲ့သို့ စစ်ပွဲကြီးကြီးမားမား မရှိဘဲ လက်တွေ့လားရာသစ်နှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်ရန်ဖြစ်ကြောင်း နာရိုင်ရှ်ကင်က ဆက်လက် ပြောကြားခဲ့သည်။
သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ အစိုးရသည် ယူကရိန်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေသည်ဆိုသော ခရမ္မလင်၏ စံရပ်တည်ချက်ကိုလည်း ၎င်းက အကြိမ်ကြိမ်ပြောကြားသွားသည်။
ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို အလုံးစုံကျူးကျော်ကာ စစ်ပွဲစတင်ခဲ့သည်။
Ref: အီးတီ
