Home International ကမ္ဘာကြီးသည် ပဋိပက္ခများနှင့် စစ်ပွဲများ အတိအလင်းဖြစ်ပွားရာ အဆင့်သစ်သို့ ဝင်ရောက်နေပြီဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် ပြောကြား

ကမ္ဘာကြီးသည် ပဋိပက္ခများနှင့် စစ်ပွဲများ အတိအလင်းဖြစ်ပွားရာ အဆင့်သစ်သို့ ဝင်ရောက်နေပြီဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် ပြောကြား

0
99

ကမ္ဘာကြီးသည် ပဋိပက္ခများနှင့် စစ်ပွဲများ အတိအလင်း ဖြစ်ပွားနေသည့် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်ချ် မာ့ဇ်(Friedrich Merz) က မြူးနစ်လုံခြုံရေးညီလာခံတွင် ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကို စိုးရိမ်ပူပန်မှုများ ဖြစ်စေပြီး နှစ်ပေါင်းများစွာ မျှော်မှန်းထားခဲ့သည်ထက် ကမ္ဘာကြီးကို ပိုမိုနက်ရှိုင်းစွာ ပြောင်းလဲစေလျက်ရှိသည့်၊ အတိအလင်း ဖြစ်ပွားနေသော စစ်ပွဲများနှင့် ပဋိပက္ခများရှိရာ အဆင့်သစ်တစ်ခုသို့ ဝင်ရောက်လာပြီ ဖြစ်သည်” ဟု ၎င်းက ဆိုသည်။

စည်းမျဉ်းအခြေပြု နိုင်ငံတကာ စည်းစနစ် ပြိုကွဲပျက်စီးနေမှုကိုလည်း မာ့ဇ်ကအလေးပေး ပြောကြားခဲ့သည်။ “ကျွန်ုပ်တို့ ပိုမိုရှင်းလင်းစွာ ပြောရမည်ဆိုလျှင် – ၎င်း၏ အထွတ်အထိပ်အချိန်တွင်ပင် မပြည့်စုံမှုများ ရှိခဲ့သည့် ဤစနစ်သည် ယခုအခါတွင် မရှိတော့ပါ” ဟု သူက အခိုင်အမာ ဆိုသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here