ကမ္ဘာကျော် Gucci brand ရဲ့ Fashion Show မှာပါဝင်လာတဲ့ မြန်မာစူပါမော်ဒယ် သက်သက်သင်း @Beauty
ဟောလိဝုဒ် လမ်းမထက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာကျော် brand Gucci ရဲ့ fashion show တစ်ခုမှာ မြန်မာစူပါမော်ဒယ် သက်သက်သင်း @Beauty ပါဝင်လာခဲ့ပါတယ်။
ဒီပွဲကိုတော့ Gucci Love Parade လို့အမည်ပေးထားပြီး ဒီကနေ့နိုဝင်ဘာလ ၃ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာပါ။
သူမဟာ International model လုပ်ငန်းကို ထိုင်းနိုင်ငံမှာ စတင်ခဲ့ခြင်းဖြစ်ပြီး ဒဂုံတက္ကသိုလ်မှာ English မေဂျာနဲ့ကျောင်း ပြီးထားသူတစ်ဦးပါ။
အခုပွဲနဲ့ပတ်သက်ပြီး သူမရဲ့ပရိသတ်အချို့ကတော့ “Gucci ကပြန်လည်ဝ ယ်ယူသုံးစွဲရတဲ့ မြန်မာနိုင်ငံက မော်ဒယ်တစ်ဦး၊ ဒီလို Brand ကြီးရဲ့ Runway ပေါ်မှာမြင်ချင်နေတာ”စသည့်စာများဖြင့် လူမှုကွန်ယက် စာမျက်နှာထက် ဂုဏ်ယူစွာ ရေးသားဖော်ပြ နေကြတာ တွေ့ရပါတယ်။