ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် Box ကားတစ်စီး မီးလောင်မှု ယနေ့ (ဇန်နဝါရီ ၂၇ ရက်) နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်၊ (၆)ရပ်ကွက်၊ဟံသာဝတီလမ်းပေါ် ကြည့်မြင်တိုင်အရိုးအကြောဆေးရုံကြီးအနီးတွင် ယနေ့ နေ့လည် ၁၂ နာရီ ၄၈ မိနစ်ခန့်တွင် Box ကား တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၂ နာရီ ၅၄ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ယာဉ်တစ်စီးလုံးပျက်စီးသွားခဲ့ပြီးကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရကာ လက်ရှိအချိန်တွင် မီးလောင်ကျွမ်းရခြင်း ဖြစ်စဉ်ကို စုံစမ်းလျက်ရှိသည်ဟု သိရသည်။




