Monday, April 21, 2025

ရခိုင်ယူနိုက်တက်အသင်းကို Glory Sport က...

ရခိုင်ယူနိုက်တက်အသင်းနှင့် ယူ -၂၁ လူ ငယ်အသင်းအတွ က် Glory Sport အား ကစားဝတ်စုံလုပ်ငန်းက (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်ခဲ့ကြောင်း...

နိုင်ငံတကာသတ်မှတ် SOP အတိုင်းဆောက်လုပ်ခဲ့သည့် Naypyitaw...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး(၇)အထိခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့သော နေပြည်တော်ရှိ Naypyitaw State Academy တွင်ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း...

ငလျင်ဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကိုဖျက်သိမ်းမည်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး စျေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။ ငလျင်ဒဏ်သင့် ဈေးချိုတော်ဧရိယာအတွင်းရှိ ဈေးရုံအသီးအသီး၏ ကြံ့ခိုင်မှု့နှင့် အန္တရာယ်ကင်းရှင်းရေးအတွက်...

ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

ပြင်ဦးလွင်မြို့၌ ရေအရင်းအမြစ်များစဉ်ဆက်မပြတ်ရရှိရန် နောင်အနာဂတ်တွင်တိုးပွားလာနိုင်မည့်လူဦးရေပမာဏကိုကြိုတင်မျှော်မှန်း၍ ရေရှည်စီမံကိန်းချမှတ်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊...
HomeNewsLocal Newsကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေအားအသင့်အတင့်ရှိ၍ ရန်ကုန်မြို့၌...

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေအားအသင့်အတင့်ရှိ၍ ရန်ကုန်မြို့၌ ဇွန် ၁၃ ရက်(မနက်ဖြန်)၌ မိုးထစ်ချုန်းရွာမည်ဟု မိုးဇလထုတ်ပြန်

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေအားအသင့်အတင့်ရှိ၍ ရန်ကုန်မြို့၌ ဇွန် ၁၃ ရက်(မနက်ဖြန်)၌ မိုးထစ်ချုန်းရွာမည်ဟု မိုးဇလထုတ်ပြန်

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇွန် ၁၂ ရက်(ယနေ့)ညနေ ၄ နာရီက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

မိုးဇလ၏ထုတ်ပြန်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေသည်ဟု အသိပေးကြေညာခဲ့သည်။

ထို့ကြောင် မနက်ဖြန်တွင် ရန်ကုန်မြို့နှင့်အနီးတဝိုက်၌ ရာနှုန်းပြည့်မိုးထစ်ချုန်းရွာမည်ဖြစ်ကာ နေပြည်တော်နှင့်အနီးတဝိုက်တွင် ရာနှုန်းပြည့်အသင့်အတင့်မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး မန္တလေးမြို့နှင့်အနီးတဝိုက်တွင်လည်း နေရာကွက်၍မိုးထစ်ချုန်းရွာမည်ဟု မိုးဇလမှထုတ်ပြန်ခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကချင် ပြည်နယ်နှင့်ရှမ်းပြည်(မြောက်ပိုင်း၊အရှေ့ပိုင်း)တို့တွင် နောက် ၂ ရက်အတွင်း မိုးပိုလာနိုင်သည်ဟု မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့်မကွေးတိုင်းတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ရှမ်းပြည်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေ ရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မနက်ဖြန်၌ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာမည်ဟု သိရသည်။

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ဧရာဝတီ တိုင်း၊ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်လည်း မနက်ဖြန်တွင် ရာနှုန်းပြည့်နေရာကွက်၍မိုးကြီးနိုင်သည်ဟု မိုးဇလမှ အသိပေးကြေညာခဲ့သည်။

ထို့အတူ မြန်မာ့ပင်လယ်ပြင်၌ လှိုင်းအသင့်အတင့်ရှိကာ လှိုင်းအမြင့်သည် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့၌ ၆ ပေမှ ၈ ပေခန့်အထိရှိနိုင်ကြောင်း အသိပေးကြေညာခဲ့သည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရခိုင်ယူနိုက်တက်အသင်းကို Glory Sport က (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်

ရခိုင်ယူနိုက်တက်အသင်းနှင့် ယူ -၂၁ လူ ငယ်အသင်းအတွ က် Glory Sport အား ကစားဝတ်စုံလုပ်ငန်းက (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်ခဲ့ကြောင်း အသင်းက အသိပေးထုတ်ပြန်ထားသည်။ ထိုသို့ ပေးအပ်ရာ၌ ယခု ၂၀၂၅ ခုနှစ်ဘောလုံးရာသီမှ ၂၀၂ ၇ ခုနှစ် ဘောလုံးရာသီအထိ ပေးအပ်ခြင်းဖြစ်‌ကြောင်းသိရသည်။ ရခိုင်ယူနိုက်တက်အသင်းအနေဖြင့်လာမည့် ဧပြီလ (၂၉) ရ က်၌ စတင်ကျင်းပမည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ MNL League Cup ပြိုင်ပွဲတွင် Glory Sports ၏ Customized Jersey...

နိုင်ငံတကာသတ်မှတ် SOP အတိုင်းဆောက်လုပ်ခဲ့သည့် Naypyitaw State Academy ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိပြီး ဇွန်လကျောင်းဖွင့်ချိန်အမှီ ပြုပြင်မည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး(၇)အထိခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့သော နေပြည်တော်ရှိ Naypyitaw State Academy တွင်ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ထိခိုက်ပျက်စီးမှုအနည်းငယ်အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဧပြီ ၂၀ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နစက ဒု-ဥက္ကဋ္ဌမှ ဘွဲ့လွန်နှင့်အုပ်ချုပ်မှုဆိုင်ရာ ပင်မဆောင်၊ ဆေးပညာသင်ကြားရေးဆောင်၊ စီးပွားရေးပညာသင်ကြားရေးဆောင်၊ ဝိဇ္ဇာနှင့်သိပ္ပံ ပညာ သင်ကြားရေးဆောင်(၂)ဆောင်နှင့် စီးပွားရေးနှင့်လူမှုရေးပညာသင်ကြားရေးဆောင်တို့၏ ထိခိုက်ပျက်စီးမှုများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ပင်မ Column တိုင်နှင့် Beam...

ငလျင်ဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကိုဖျက်သိမ်းမည်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးစျေးချိုရှိ တောင်/မြောက်တိုက်တန်းကြီး စျေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။ ငလျင်ဒဏ်သင့် ဈေးချိုတော်ဧရိယာအတွင်းရှိ ဈေးရုံအသီးအသီး၏ ကြံ့ခိုင်မှု့နှင့် အန္တရာယ်ကင်းရှင်းရေးအတွက် တိုင်းသယံဇာတဝန်ကြီးဦးဆောင်သော တိုင်းဒေသကြီးအဆင့် စစ်ဆေးရေးအဖွဲ့များက ဧပြီ ၃ ရက်နှင့်၊ အိန္ဒိယနိုင်ငံ ဘေးအန္တရာယ်ကင်းရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာကျွမ်းကျင်စစ်အင်ဂျင်နီယာအဖွဲ့က ဧပြီ ၇ ရက်တို့တွင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ စစ်ဆေးချက်များအရ တောင်/မြောက်တိုက်တန်းကြီး ဈေးအဆောက်အဦများကို အနီရောင်အဆင့်သတ်မှတ်၍ဖျက်သိမ်းသွားမည်ဖြစ်ရာ ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ပစ္စည်းများကိုသိမ်းယူနိုင်ရန် ဧပြီ ၉ ရက်အထိခွင့်ပြုပေးခဲ့ပြီး စစ်ဆေးချက်များတွင် အဆင့်မြင့်ဈေးချိုတော် ပင်မအဆောက်အဦမှာ Main...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071