ယူကရိန်း အကူအညီပေးရေး ဥပဒေကြမ်းတစ်ခုကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုလိုက်တာဟာ ယူကရိန်းကို ပိုမိုထိခိုက်ပျက်စီးစေပြီး ပဋိပက္ခမှာ အေ-သအပျောက်တွေ ပိုဖြစ်စေလိမ့်မယ်လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က စနေနေ့မှာ ပြောဆိုပါတယ်။
ထိန်းချုပ်ထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး ဒါတွေကို ပြန်လည်တည်ဆောက်ရေးအစီအစဉ်တွေအတွက် ယူကရိန်းသို့ လွှဲပြောင်းစေဖို့ အမေရိကန်အစိုးရအဖွဲ့ကို ခွင့်ပြုထားတဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်ဟာ အမေရိကန်ရဲ့ ပုံရိပ်ကို ထိခိုက်စေလိမ့်မယ်လို့လည်း ပက်စ်ကော့ဗ်က Tass သတင်းဋ္ဌာနကို ပြောဆိုခဲ့ပါတယ်။
ရုရှားအနေနဲ့ ၎င်းတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အစီအမံတွေနဲ့အတူ တုန့်ပြန်သွားမှာဖြစ်တယ်လို့လည်း သူက ပြောဆိုသွားပါတယ်။
ဧပြီ ၂၀ ရက်မှာ အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အကူအညီပေးရေး ဥပဒေကြမ်းအရ ယူကရိန်း ပဋိပက္ခဖြေရှင်းရေးအတွက် ကန်ဒေါ်လာ ၆၀.၈၄ ဘီလီယံ ပံ့ပိုးပေးထားကြောင်း သိရပါတယ်။ ယင်းဥပဒေကြမ်းဟာ ယခုအခါ အထက်လွှတ်တော်(ဆီးနိတ်) ကို ရောက်ရှိသွားပြီဖြစ်ကာ ယင်းမှာ ကျော်ဖြတ်နိုင်ခဲ့ပါက သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် အတည်ပြုပေးရမှာဖြစ်ပါတယ်။
Ref: Yahoo.com