စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့နယ် စီးပွားရေးဘဏ်ရုံးတွင် ယနေ့ အောက်တိုဘာ (၂၁) ရက် နံနက်က ပင်စင်လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများကို စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုတိုင်းတာ စစ်ဆေးပေးခြင်း၊ နှလုံး၊ ဒူးနာခါးနာ စစ်ဆေးကုသခြင်းများဆောင်ရွက်ပြီး ရောဂါဝေဒနာရှင်အလိုက် ဆေးဝါးများ ပေးအပ်ခဲ့သည့်အပြင် တစ်ဦးလျှင် ဆန် (၄)ပြည် အခမဲ့ဖြန့်ဝေပေးခဲ့ကြော င်း သိရသည်။
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ကန့်ဘလူမြို့ ခုတင် (၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေမိုးနှင့်ဝန်ထမ်းများ၊ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းလတ်နှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်းညသိရသည်။
အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးရာသို့ ကန့်ဘလူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစောထွန်းဦး ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
