Thursday, November 13, 2025

မန္တလေးမြို့ရှိ “မဟာအောင်မြေ”ရုပ်ရှင်ရုံတွင် မီးလေ-ာင်မှုဖြစ်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ "မဟာအောင်မြေ"ရုပ်ရှင်ရုံတွင် ယနေ့ နိုဝင်ဘာ ၁၃ ရက်ညနေ ၄ နာရီ ၂၇ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ...

အာဆီယံ၏မစွက်ဖက်ရေးမူကို ပြန်စဉ်းစားသင့်–ထိုင်းနိုင်ငံခြားရေးဝန်ကြီး

အာဆီယံက ကာလကြာရှည်ကိုင်စွဲထားသော မစွက်ဖက်ရေးမူသည် အရေးယူဆောင်ရွက်ခြင်းမပြုရန် “ဆင်ခြေ” တစ်ခုမဖြစ်သွားစေရေးအတွက် အဆိုပါမူကို ပြန်လည်စဉ်းစားသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောင်ကတ်ကေးက ပြောကြားလိုက်သည်။ စက်တင်ဘာလတွင် နိုင်ငံခြားရေးဝန်ကြီးတာဝန်မထမ်းဆောင်မီအထိ...

ဖိလစ်ပိုင်တွင် တီဘီရောဂါတို-က်ဖျ-က်ရေးကို အရှိန်မြှင့်တင်

မနီလာ၊ နိုဝင်ဘာ ၁၃ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖိလစ်ပိုင်နိုင်ငံသား ၁၂ သန်းကို ရောဂါရှာဖွေစစ်ဆေးရန် ရည်မှန်းချက်ကြီးစွာဖြင့် တီဘီရောဂါတို-က်ဖျ-က်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း...

ထိုင်းပစ်ခတ်မှုကိုအာဆီယံ‌လေ့လာသူအဖွဲ့ဖြင့်စစ်ဆေးမည်–ဖနောင်ပင်

ကမ္ဘောဒီးယားအစိုးရသည် ကမ္ဘောဒီးယားနိုင်ငံ၊ ပရေချမ်းကျေးရွာတွင် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက ကမ္ဘောဒီးယားအရပ်သားတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားသည့် ထိုင်းစစ်တပ်၏ ပစ်ခတ်မှုကို တုန့်ပြန်မည့်အစီအမံများကို ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၏ ကြေငြာချက်တွင်...
HomeInternationalကင်မ်ဂျုံအန်း၏ညီမဖြစ်သူက တောင်ကိုရီးယားသမ္မတအား “ကြပ်မပြည့်သူ...

ကင်မ်ဂျုံအန်း၏ညီမဖြစ်သူက တောင်ကိုရီးယားသမ္မတအား “ကြပ်မပြည့်သူ ဟုရှုံ့ချ

ဆိုးလ်၊နိုဝင်ဘာ ၂၄

မြောက်ကိုရီးယား၌ ဩဇာညောင်းသူတစ်ဦးဖြစ်သည့် ကင်မ်ဂျုံအန်း၏ညီမဖြစ်သူက တောင်ကိုရီးယားသမ္မတနှင့်အစိုးရအား ကြပ်မပြည့်သူများဟုဆိုကာ အမေရိက၏သစ္စာခံသူများဟု ရင့်ရင့်သီးသီးသုံးနှုန်းပြောဆိုတိုက်ခိုက်ခဲ့သည်။

တောင်ကိုရီးယားဘက်မှ မြောက်ကိုရီးယား၏တိုက်ချင်းပစ်ဒုံးနှင့်ဒုံးကျည်စမ်းသပ်မှုများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ထပ်တိုးမည်ဟု ကြေငြာလိုက်ချိန်တွင် ၎င်းကယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီလိုရွံ့ရှာဖွယ်လုပ်ရပ်က တောင်ကိုရီးယားအဖွဲ့ဟာ အမေရိကရဲ့သစ္စာစောင့်ဘဝနဲ့လက်ကိုင်တုတ်ဘဝကို ရောက်နေတယ်ဆိုတာထင်ရှားပါတယ်” ဟု ကင်မ်ရိုဂျွန်ကပြောကြားခဲ့သည်။

၎င်းနောက် တောင်ကိုရီးယားသမ္မတမစ္စတာယွန်းဆော့ယော်သည် အန္တရာယ်ရှိသော အခြေအနေတစ်ခုကိုဖန်တီးနေသည်ဟုလည်း စွပ်စွဲခဲ့သည်။ယခင်သမ္မတမစ္စတာ မွန်းဂျယ်အင်းနှင့်နှိုင်းယှဉ်၍လည်း မရနိုင်ကြောင်းဆိုခဲ့သည်။

သို့သော်မြောက်ကိုရီးယားသည် သံတမန်ရေးရာ၌အားနည်းပြီး နိုင်ငံတကာခေါင်းဆောင်များအား ရင့်ရင့်သီးသီးပြောဆိုဆက်ဆံလေ့ရှိသည့် သမိုင်းကြောင်းရှိသည်ဟုလည်း ကျွမ်းကျင်သူပညာရှင်များကသုံးသပ်ပြောဆိုကြသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင် သမ္မတရာထူးမရခင်ကလည်း ယခုကဲ့သို့ပင်ပြောဆိုဆက်ဆံခဲ့ဖူးပြီး သမ္မတဟောင်းမစ္စတာ ဒေါ်နယ်ထရန့်ကိုလည်း “စိတ်မနှံ့သူ’ ဟုခေါ်ဆိုခဲ့ဖူးသေးသည်။

Source : CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးမြို့ရှိ “မဟာအောင်မြေ”ရုပ်ရှင်ရုံတွင် မီးလေ-ာင်မှုဖြစ်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ "မဟာအောင်မြေ"ရုပ်ရှင်ရုံတွင် ယနေ့ နိုဝင်ဘာ ၁၃ ရက်ညနေ ၄ နာရီ ၂၇ မိနစ်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ မဟာအောင်မြေမြို့နယ်၊ ၈၆ လမ်း၊ ၄၂ လမ်းနှင့် ၄၃ လမ်းကြားရှိ "မဟာအောင်မြေ" ရုပ်ရှင်ရုံတွင်မီးလေ-ာင်မှုဖြစ်ပွား၍ သက်ဆိုင်ရာမီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင်ဖြင့်ပူး ပေါင်းငြှိမ်းသ-တ်ခဲ့ကြရာ ညနေ ၄ နာရီ ၄၅ မိနစ်တွငိ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ Photo-Ko Than Htay

အာဆီယံ၏မစွက်ဖက်ရေးမူကို ပြန်စဉ်းစားသင့်–ထိုင်းနိုင်ငံခြားရေးဝန်ကြီး

အာဆီယံက ကာလကြာရှည်ကိုင်စွဲထားသော မစွက်ဖက်ရေးမူသည် အရေးယူဆောင်ရွက်ခြင်းမပြုရန် “ဆင်ခြေ” တစ်ခုမဖြစ်သွားစေရေးအတွက် အဆိုပါမူကို ပြန်လည်စဉ်းစားသင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖောင်ကတ်ကေးက ပြောကြားလိုက်သည်။ စက်တင်ဘာလတွင် နိုင်ငံခြားရေးဝန်ကြီးတာဝန်မထမ်းဆောင်မီအထိ ရာထူးတာဝန်အမျိုးမျိုးတွင် ထမ်းဆောင်ခဲ့သော ဝါရင့်သံတမန်တစ်ဦးဖြစ်သည့် ဝန်ကြီးက တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအကြား ပြင်းထန်လာသော ပြိုင်ဆိုင်မှုများအကြားတွင် အဖွဲ့ဝင် ၁၁ နိုင်ငံပါ ဒေသတွင်းအဖွဲ့အစည်းသည် အများသဘောဆန္ဒကို တည်ဆောက်ရန် သစ်လွင်သောချဉ်းကပ်မှုကို လက်ခံရမည်ဟု ပြောဆိုသည်။ “ကျွန်တော်တို့ မြန်မြန်သွက်သွက်လုပ်ရမယ်။ ပထမဦးစွာ ကျွန်တော်တို့မှာရှိတဲ့ ခွန်အားကို အသုံးပြုရမယ်။ ကျွန်တော်တို့ ဘက်မလိုက်ရဘူး” ဟု ပေကျင်းနှင့်...

ဖိလစ်ပိုင်တွင် တီဘီရောဂါတို-က်ဖျ-က်ရေးကို အရှိန်မြှင့်တင်

မနီလာ၊ နိုဝင်ဘာ ၁၃ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖိလစ်ပိုင်နိုင်ငံသား ၁၂ သန်းကို ရောဂါရှာဖွေစစ်ဆေးရန် ရည်မှန်းချက်ကြီးစွာဖြင့် တီဘီရောဂါတို-က်ဖျ-က်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်း နိုင်ငံ၏ကျန်းမာရေးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ တီဘီရောဂါ ရှာဖွေကုသရေးဝန်ဆောင်မှုများကို တိုးချဲ့လုပ်ဆောင်ရန်နှင့် အရှိန်မြှင့်တင်ရန်အတွက် ၂၀၂၆ ခုနှစ်အတွက် ပီဆို ၄.၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၇၁ သန်းခန့်) ဘတ်ဂျက်ကို အဆိုပြုထားရာ ၂၀၂၅ ခုနှစ်တွင် လျာထားသည့် ပီဆို ၂.၆ ဘီလျံ (ဒေါ်လာ ၄၄ သန်း) ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071