ကချင်သယံဇာတဝန်ကြီးဟောင်းအား ထောင်၂နှစ်ချမှတ်
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် ထောင် ၂နှစ် ချမှတ်လိုက်သည်ဟု ရှေ့နေများနှင့် မိသားစုဝင်များထံက သိရသည်။
ဖေဖော်ဝါရီ ၁ရက်နေ့က ထိန်းသိမ်းခံရပြီး ရက်ပိုင်းအတွင်း ပြန်လွတ်လာခဲ့သည့် ပြည်နယ်ဝန်ကြီး ဦးဒါရှီလဆိုင်းသည် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင် ကိုယ်စား ဝန်ထမ်းများရုံးမတက်ရန်နှင့် နောက်အစိုးရသစ်မတက်မချင်း ရုံးပိတ်ထားသည်ဆိုသော စာကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့မှုဖြင့်
ဖေဖော်ဝါရီ ၉ ရက် တွင် ဖမ်းဆီးထိန်းသိမ်းခံထားရကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံခဲ့ရသည်။
၅၀၅(ခ)ဖြင့် ထောင်၂နှစ် ချမှတ်မခံရမှီအချိန်အထိ ၁၀လကြာ မြစ်ကြီးနားအကျဉ်းထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံထားရသူလည်းဖြစ်သည်။
ဦးဒါရှီလဆိုင်းကို ဒီဇင်ဘာ ၉ ရက်က မြစ်ကြီးနားအကျဉ်းထောင် အထူးတရားရုံးတွင် ထောင် ၂နှစ်ကျခံစေရန် အမိန့်ချခဲ့သည်။
Zaw Gyi
ကခ်င္သယံဇာတဝန္ႀကီးေဟာင္းအား ေထာင္၂ႏွစ္ခ်မွတ္
ကခ်င္ျပည္နယ္အစိုးရအဖြဲ႕မွ သယံဇာတဝန္ႀကီးေဟာင္း ဦးဒါရွီလဆိုင္းကို နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမွုပုဒ္မ ၅၀၅(ခ)ျဖင့္ ေထာင္ ၂ႏွစ္ ခ်မွတ္လိုက္သည္ဟု ေရွ႕ေနမ်ားႏွင့္ မိသားစုဝင္မ်ားထံက သိရသည္။
ေဖေဖာ္ဝါရီ ၁ရက္ေန႔က ထိန္းသိမ္းခံရၿပီး ရက္ပိုင္းအတြင္း ျပန္လြတ္လာခဲ့သည့္ ျပည္နယ္ဝန္ႀကီး ဦးဒါရွီလဆိုင္းသည္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာခက္ေအာင္ ကိုယ္စား ဝန္ထမ္းမ်ား႐ုံးမတက္ရန္ႏွင့္ ေနာက္အစိုးရသစ္မတက္မခ်င္း ႐ုံးပိတ္ထားသည္ဆိုေသာ စာကို လက္မွတ္ေရးထိုးထုတ္ျပန္ခဲ့မွုျဖင့္
ေဖေဖာ္ဝါရီ ၉ ရက္ တြင္ ဖမ္းဆီးထိန္းသိမ္းခံထားရကာ နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမွုပုဒ္မ ၅၀၅(ခ)ျဖင့္ အမွုဖြင့္ခံခဲ့ရသည္။
၅၀၅(ခ)ျဖင့္ ေထာင္၂ႏွစ္ ခ်မွတ္မခံရမွီအခ်ိန္အထိ ၁၀လၾကာ ျမစ္ႀကီးနားအက်ဥ္းေထာင္ထဲ ဖမ္းဆီးထိန္းသိမ္းခံထားရသူလည္းျဖစ္သည္။
ဦးဒါရွီလဆိုင္းကို ဒီဇင္ဘာ ၉ ရက္က ျမစ္ႀကီးနားအက်ဥ္းေထာင္ အထူးတရား႐ုံးတြင္ ေထာင္ ၂ႏွစ္က်ခံေစရန္ အမိန႔္ခ်ခဲ့သည္။