ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မြစ်ကြီးနားမြို့နယ်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကိုကိုယ်စားပြု၍ မြစ်ကြီးနားမြို့နယ်မဲဆန္ဒနယ်၏ ကချင်ပြည်နယ်လွှတ် တော်မဲအများဆုံးရသူအနိုင်ယူစနစ်တွင် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဦးခက်ထိန်နန်နှင့်အတူ မြစ်ကြီးနားမြို့နယ်မဲဆန္ဒနယ်၌ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဒေါ်ခင်ခင်သော်၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးဂေါ်လူနော်တောင်၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးစိုးလင်းထွန်း၊ တစ်သီးပုဂ္ဂလအဖြစ် ဦးယဥ်ထန်ဖုန်၊ ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီမှ ဦးလုတ်ကျန်းနှင့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုး တက်ရေးပါတီမှ ဦးအောင်ကျော်ထွန်းတို့လည်း ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
