Saturday, January 24, 2026

ယူအက်စ်၊ ယူကရိန်းနှင့် ရုရှား သုံးပွင့်ဆိုင်...

ဇန်နဝါရီ ၂၃ လေးနှစ်ကြာနီးပါး ဖြစ်ပွားလျက်ရှိသည့် စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖြန် ဖြေပေးသည့်အစီအစဉ်တစ်ခုအဖြစ် ရုရှား၊ ယူကရိန်းနှင့် အမေရိကတို့မှ ညှိနှိုင်းရေးမှူးများသည်...

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုအတွက် ဒုတိယအကြိမ်သတင်းစာရှင်းလင်း

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ် မှတ်၍တိုက်ဖျက်ဆောင်ရွက်လျက်ရှိ ဘိန်းဖြူ၊ မက်သ်အဖက်တမင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများ၊ မူးယစ် ဆေးဝါးများကိုအဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများပမာဏအများဆုံးဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ...

မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ ထိရောက်ပြင်းထန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့်သတင်းစာရှင်းလင်းပွဲမှ သိရသည်။ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့်...

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင် ပတ်သက်လျက်ရှိသည့် မည်သူကိုမဆို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ၌...
HomeNewsLocal Newsကချင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ကချင်ပြည်နယ်မှဘာသာရေးခေါင်းဆောင်များနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့တွေ့ဆုံ

ကချင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ကချင်ပြည်နယ်မှဘာသာရေးခေါင်းဆောင်များနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့တွေ့ဆုံ

(Unicode)

ကချင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ကချင်ပြည်နယ်မှဘာသာရေးခေါင်းဆောင်များနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့တွေ့ဆုံ

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ကချင်ပြည်နယ် မှဘာသာရေးခေါင်းဆောင်များ နိုဝင်ဘာလ ၁ရက်က နေပြည်တော်တွင်တွေ့ဆုံခဲ့ကြသည်။

နေပြည်တော်ရှိအမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန (NSPC) အစည်းအဝေးခန်းမ၌ တွေ့ဆုံကြခြင်းဖြစ်ပြီး ကချင်ပြည်နယ်ရှိ ခရစ်ယာန် အသင်းတော်များမှ ကျောင်းထိုင်ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရဆရာတော်များ တက်ရောက်ကြပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်(KBC)တွဲဖက် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်ဟုNSPCက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကက်သလစ်အသင်းတော်မှ ဖာသာရ်ဒေါက်တာခါးအောင်တူးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားကာ တွေ့ဆုံပွဲသို့တက်ရောက်ကြသူများက ကချင်ပြည်နယ် အတွင်း တည်ငြိမ်အေးချမ်းရေး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တိုက်ပွဲရှောင်များ နေရပ်ပြန်နိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြသည်။

ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးကိစ္စများနှင့် ပတ်သတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊နိုင်ငံေ ရးပါတီများနှင့် ခပ်စိတ်စိတ်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လျက်ရှိနေသည်။

(Zawgyi)

ကခ်င္ျပည္နယ္တည္ၿငိမ္ေအးခ်မ္းေရး ကခ်င္ျပည္နယ္မွဘာသာေရးေခါင္းေဆာင္မ်ားႏွင့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္တို႔ေတြ႕ဆုံ

ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ဦးေဆာင္သည့္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီႏွင့္ ကခ်င္ျပည္နယ္ မွဘာသာေရးေခါင္းေဆာင္မ်ား ႏိုဝင္ဘာလ ၁ရက္က ေနျပည္ေတာ္တြင္ေတြ႕ဆုံခဲ့ၾကသည္။

ေနျပည္ေတာ္ရွိအမ်ိဳးသားစည္းလုံး ညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈဗဟိုဌာန (NSPC) အစည္းအေဝးခန္းမ၌ ေတြ႕ဆုံၾကျခင္းျဖစ္ၿပီး ကခ်င္ျပည္နယ္ရွိ ခရစ္ယာန္ အသင္းေတာ္မ်ားမွ ေက်ာင္းထိုင္ဘုန္းေတာ္ႀကီးမ်ား၊ သိကၡာေတာ္ရဆရာေတာ္မ်ား တက္ေရာက္ၾကၿပီး ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အသင္းခ်ဳပ္(KBC)တြဲဖက္ အတြင္းေရးမႉးႏွင့္ တာဝန္ရွိသူမ်ားက ဗီဒီယိုကြန္ဖရင့္စနစ္ျဖင့္ တက္ေရာက္ၾကသည္ဟုNSPCက ေျပာသည္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ရွိ ကက္သလစ္အသင္းေတာ္မွ ဖာသာရ္ေဒါက္တာခါးေအာင္တူးက ႏႈတ္ခြန္းဆက္အမွာစကား ေျပာၾကားကာ ေတြ႕ဆုံပြဲသို႔တက္ေရာက္ၾကသူမ်ားက ကခ်င္ျပည္နယ္ အတြင္း တည္ၿငိမ္ေအးခ်မ္းေရး၊ ေရွ႕ဆက္လက္ေဆာင္႐ြက္မည့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားႏွင့္ တိုက္ပြဲေရွာင္မ်ား ေနရပ္ျပန္ႏိုင္ေရးကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ အက်ယ္တဝင့္ ရွင္းလင္းေဆြးေႏြးၾကသည္။

ညႇိႏႈိင္းေရးေကာ္မတီအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးမင္းေနာင္ကလည္း ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေဆာင္႐ြက္ခဲ့မႈႏွင့္ လက္ရွိေဆာင္႐ြက္ ေနမႈအေျခအေနမ်ားကို ရွင္းလင္းေျပာၾကားခဲ့ၾကသည္။

ညႇိႏႈိင္းေရးေကာ္မတီဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္သည္ ၿငိမ္းခ်မ္းေရး၊တည္ၿငိမ္ေရးကိစၥမ်ားႏွင့္ ပတ္သတ္ၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၊ႏိုင္ငံေ ရးပါတီမ်ားႏွင့္ ခပ္စိတ္စိတ္ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္လ်က္ရွိေနသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071