Local

  • Jul302018

    ရန်ကုန်တွင်တည်ဆောက်မည့်မိုးပျံအမြန်လမ်းမကြီးကိုနိုင်ငံတော်ဘဏ္ဍာမသုံးဘဲသုံးနှစ်အတွင်းအပြီးတည်ဆောက်သွားမည်

    ရန်ကုန်မိုးပျံအမြန်လမ်းမကြီး(Inner Ring Road)ကိုလာမည်(၂၀၁၉)ခုနှစ်မှစတင်ကာသုံးနှစ်အတွင်းအပြီးတည်ဆောက်သွားမည်ဖြစ်ပြီးနိုင်ငံဘဏ္ဍာအသုံးပြုမည်မဟုတ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်လင်းကယနေ့ကျင်းပသောပြည်သူ့လွှတ်တော်တွင်ပြောကြားခဲ့သည်။

    Read more
  • Jul252018

    ချင်းဒုက္ခသည်တွေအပေါ် UNHCRရဲ့ ဆုံးဖြတ်ချက် ချင်းနိုင်ငံရေးပါတီများကန့်ကွက်

    မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်တွေကို ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်နေ့အထိသာနေခွင့်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ UNHCR ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် ချင်းနိုင်ငံရေးပါတီတွေက ကန့်ကွက်လိုက်ကြပါတယ်...

    Read more
  • Jul242018

    ကျွန်းများကိုလက်ဦးမှုရယူထားပြီးအမှန်တကယ်အလုပ်မလုပ်သောအဖွဲ့အစည်းများကိုပြန်လည်စိစစ်ရန်လွှတ်တော်တွင်အကြံပြု

    အကြံပြုချက်အနေနဲ့ကတော့ကျွန်တော်တို့ကျွန်းတွေကိုလက်ဦးမှုရယူထားတဲ့အဖွဲ့အစည်းတွေတကယ်အလုပ်မလုပ်တဲ့အဖွဲ့အစည်းတွေကိုပြန်လည်စိစစ်ပြီးတော့အမှန်တကယ်အလုပ်လုပ်မယ့်အဖွဲ့အစည်းတွေကိုလုပ်ကိုင်စေခြင်းကပိုမိုထိရောက်မယ်လို့ယူဆပါတယ်"ဟု၎င်းကဆိုသည်..

    Read more
  • Jul242018

    မြန်မာနိုင်ငံသို့ခရီးသွားဧည့်သည့်မလာရသည့်အကြောင်းအရင်းတွင်နိုင်ငံရေးမှာအဓိကမကျပဲဈေးနှုန်းများကြီးမြင့်နေသောကြောင့်ဟုလှိုင်မဲဆန္ဒနနယ်မှလွှတ်တော်ကိုယ်စားလှယ်ဆို

    လှိုင်မဲဆန္ဒနယ်မှဦးအောင်ကျော်ကျော်ဦးက"ဇုန်ဝင်ခတွေပြတိုက်ဝင်ခတွေ ဘုရားဝင်ခတွေတဖြည်းဖြည်းဈေးကြီးလာပါတယ်။ ဘုရားဂေါပကတွေကလည်းကောက်ချင်သလိုကောက်ပါတယ်။ ဒေါ်လာနဲ့ကောက်ပါတယ်။ ထိုင်းသွားရင်ထိုင်းငွေနဲ့ရှင်းလို့ရတယ်။တရုတ်သွားရင်တရုတ်ငွေနဲ့ရှင်းလို့ရတယ်။ ဒါပေမဲ့ဗမာပြည်မှာတော့ဒေါ်လာနဲ့ပဲရှင်းရတယ်။ ဗမာငွေကတရားမဝင်သလိုဖြစ်နေတယ်။ နောက်မြန်မာနိုင်ငံအနေနဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် စားရိတ်အလွန်ကြီးပါတယ်။ စင်ကာပူနဲ့ဈေးအတူတူဖြစ်နေပါတယ်။ဒါကအဓိကကျပါတယ်။ နိုင်ငံရေးကအဓိကမကျပါဘူး။ အဓိကမြန်မာပြည်ကိုဧည့်သည်မလာရတဲ့အကြောင်းရင်းကဈေးကြီးနေတာပါပဲ"ဟုပြောကြားခဲ့ခြင်းဖြစ်သည်...

    Read more
  • Jul232018

    ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအပေါ် နေပြည်တော်အထိ ချီတက်ဆန္ဒပြမှုအား တားမြစ်

    ရဲတပ်ဖွဲ့ကတော့ ခွင့်ပြုမိန့်ပေးမထားတာကြောင့် တားမြစ်ရတာဖြစ်တယ်လို့ ပိတ်ဆို့မှုမှာပါဝင်တဲ့ ကြာနီကန်ရဲကင်းစခန်းတာဝန်ကျရဲအရာရှိကပြောပါတယ်...

    Read more
  • Jul232018

    ပူတာအိုက ပညာရေးဝန်ထမ်းတွေအနေနဲ့ ခရီးသွားလိုတဲ့နေ့ရက်/ခရီးသည်ဦးရေတို့ကို ကြိုတင်အသိပေးရင် လေယာဉ်အဆင်ပြေအောင်ဆောင်ရွက်ပေးမယ်လို့ ပို့ဆက်ဒုဝန်ကြီးဆို

    နွရာသီကျောင်းပိတ်ရက်မှာ နေရပ်ပြန်ဖို့နဲ့သွားလာရေးအခက်အခဲဖြစ်နေတဲ့ ပူတာအို နဲ့ ယင်းအထက်ပိုင်းဒေသက ပညာရေးဝန်ထမ်းတွေအတွက် ခရီးသွားလိုတဲ့နေ့ရက်ကာလခရီးသည်ဦးရေတို့ကို ကြိုတင်အသိပေး လာပါက လေယာဉ်အဆင်ပြေအောင်ဆောင်ရွက်ပေးမယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဒုဝန်ကြီးက ပြောပါတယ်...

    Read more
  • Jul232018

    ခိုင်းကျွဲ ခိုင်းနွားများအားပြင်ပသို့တင်ပို့ရောင်းချနေခြင်းအားကန့်သတ်တားမြစ်ပေးပါရန်အစိုးရသို့တိုက်တွန်းကြောင်းအဆိုကိုလွှတ်တော်တွင်လက်ခံဆွေးနွေးမည်

    မိမိကိုယ်ပိုင်ထွန်စက်မရှိသေးပဲသူများအားကိုးပြီးမိမိခိုင်းကျွဲနွားများကိုနိုင်ငံခြားသို့တင်ပို့ရောင်းချခွင့် ခွင့်ပြုခြင်းသည်အချိန်မီစိုက်ပျိုးမှုကိုထိခိုက်လျှက်ရှိကြောင်းတွေ့ကြုံ နေရပါတယ်။လယ်ယာသုံးစက်ကိရိယာများမပြည့်စုံသေးခင်မဝယ်နိုင်သေးခင်အစားမထိုးနိုင်သေးခင်ခိုင်းကျွဲခိုင်းနွားများကိုနိုင်ငံခြားသို့တင်ပို့်ခြင်းကိုခွင့်ပြုကြည့်ရှု့နေပါက၎င်း၏လုပ်ဆောင်ချက်သည်စိုက်ပျိုးရေးမွေးမြူ ရေးနှစ်ခုစလုံးကိုနောင်အနာဂတ်(၂၀၁၉)ခုနှစ်မှစ၍ကာလရှည်ကြာအကျိုးသက်ရောက်မှုရှိလာစေပါတယ်"ဟု မအူပင်မဲဆန္ဒနယ်မှဦးစိန်ဝင်းကတင်ပြခဲ့သည်..

    Read more
  • Jul202018

    စားနပ်ရိက္ခာလိုအပ်နေတဲ့ သီပေါနဲ့ မန်လီက စစ်ဘေးဒုက္ခသည်တွေ

    သူတို့အတွက် လောလောဆယ်အခြေအနေကတော့ စားနပ်ရိက္ခာအထူးလိုအပ်လျက်ရှိပြီး လူမှုကူညီရေးအသင်းအဖွဲ့တွေက သွားရောက်ကူညီနေတာတွေရှိတယ်လို့ သိရပါတယ်။ ဒီကနေ့ပဲ ဂေါ်ရခါး လူမှုကူညီရေးအသင်း၊ အိုမ်တမာဝ် လူမှုကူညီရေးအသင်း တို့က စားနပ်ရိက္ခာသွားရောက်လှူဒါန်းခဲ့တယ်လို့ အဆိုပါ ခရီးစဉ်မှာပါဝင်ခဲ့သူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

    Read more
  • Jul202018

    လုံးခင်း ၊ နွံကန်ပေါက်တဲ့နေရာမှာ ယနေ့တစ်လောင်းထပ်မံတွေ့ရှိပြီး ဖြစ်စဉ်တစ်ခုလုံး၌သေဆုံးသူ ၂၂ ဦးရှိ

    ဒီကနေ့ ယခုအချိန်ထိဆိုရင် နွံကန်ပေါက်မှုဖြစ်စဉ်မှာ သေဆုံးသူ ၂၂ ဦးအထိရှိခဲ့ပြီလို့ သိရပါတယ်။ သေဆုံးသူတွေအထဲမှာ အချို့ကတော့ ပိုင်ရှင်မပေါ်တဲ့အတွက် သက်ဆိုင်ရာဒေသအဖွဲ့အစည်းတွေက တာဝန်ယူပြီးသဂြိုံလ်ပေးတာတွေလုပ်ခဲ့ကြပါတယ်။

    Read more
  • Jul202018

    လွိုင်ကော်မှာ ဗိုလ်ချုပ်ရုပ်တုထားမှာကို ကန့်ကွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားစွဲခံရသူ ၂၃ ဦးရှိပြီဟုဆို

    ဒီကနေ့ မှာပြုလုပ်ဖို့ စီစဉ်ထားတဲ့ ကယားပြည်နယ်အစိုးရအဖွဲ့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကြားထပ်မံတွေ့ဆုံသွားဖို့ကိစ္စကတော့မဖြစ်မြောက်တော့ဘူးလို့ ကရင်နီပြည်လူငယ်များသမဂ္ဂမှ ဥတ္တရာအောင် ကပြောပါတယ်။

    Read more