ဝန်ကြီးဌာနအသစ်ဖွဲ့စည်းရန်ကိစ္စမှားသွားပါကနိုင်ငံဆင်းရဲသည့်ကြားမှ ဝန်ပိစေနိုင်ဟုလွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး

ဝန်ကြီးဌာနအသစ်ဖွဲ့စည်းရန်ကိစ္စမှားသွားပါကနိုင်ငံဆင်းရဲသည့်ကြားမှ ဝန်ပိစေနိုင်ဟုလွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး
November 15, 2018 Asian Fame

5:06 pm
ဝန်ကြီးဌာနအသစ်ဖွဲ့စည်းရန်ကိစ္စမှားသွားပါကနိုင်ငံဆင်းရဲသည့်ကြားမှ ဝန်ပိစေနိုင်ဟုလွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး

001

နေပြည်တော် နိုဝင်ဘာ ၁၅

ဝန်ကြီးဌာနအသစ်ဖွဲ့စည်းရန်ကိစ္စနှင့်ပတ်သတ်ပြီးမှားသွားပါကနိုင်ငံဆင်းရဲသည့်ကြားမှဝန်ပိစေနိုင်ဟု မအူပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းကယနေ့ကျင်းပသောပြည်ထောင်စုလွှတ်တော်တွင်ဆွေးနွေးခဲ့သည်။

၎င်းကနိုင်ငံတော်သမ္မထံမှပေးပို့ထားသည့်ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန(Ministry of Investment and Foreign Economic Relations)ဖွဲ့စည်းရန်ကိစ္စနှင့်စပ်လျဉ်း၍ဆွေးနွေးရာတွင်ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးစိန်ဝင်းက”အစိုးရသက်တမ်းအားဖြင့်နှစ်နှစ်ခန့်သာကျန်ရှိတော့သောကြောင့်ရွေးကောက်ပွဲအကြိုခြောက်လကလဲလုပ်ငန်းလက်စသတ်ရမှာဖြစ်သည့်အတွက်တစ်နှစ်နဲ့လေးလသာကျန်ရှိတော့ကြောင်း၊ အချိန်အားဖြင့်ဝန်ကြီးဌာနအသစ်ဖြည့်စွက်ဆောင်ရွက်ရန်အချိန်နည်းပါးသဖြင့်နောက်ကျနေကြောင်း၊ မိုးလွန်မှထွန်ချသလိုဖြစ်မှာစိုးရိမ်မိပါကြောင်း၊ အကယ်၍မဖြစ်မနေဆောင်ရွက်လိုပါကပြည်သူတွေကျွမ်းကျင်တတ်သိတဲ့ပညာရှင်များနဲ့အချိန်ယူတိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါကြောင်း၊ မှားသွားရင်နိုင်ငံဆင်းရဲတဲ့ကြားကဝန်ပိစေနိုင်ပါကြောင်း”စသည်ဖြင့် တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်စီးပွားရေးဌာနအဖွဲ့အစည်းများပြားစွာရှိနေကာဟန့်တားအခက်အခဲများရှိနေရင်လည်းသက်ဆိုင်ရာလွှတ်တော်ရေးရာကော်မတီကိုကြိုတင်ညှိနှိုင်းဆွေးနွေးပြီးမှပြည်ထောင်စုလွှတ်တော်သဘောထားရယူသင့်ကြောင်း၎င်းကဆိုသည်။

ယခုဝန်ကြီးဌာနအသစ်မှာFERD၊ MIC၊ DICAတို့နှင့်ပူးပေါင်းဖွဲ့စည်းမည်ဟုကြားသိရကြောင်း၊ လုပ်ငန်းတာဝန်ဆက်စပ်သောဝန်ကြီးဌာန၎င်းတို့အောက်တွင်ရှိသောဌာနခွဲအဖွဲ့များကိုရည်မှန်းချက်အသစ်၊ တာဝန်အသစ်နှင့်အကောင်အထည်ဖော်နိုင်ရန်ပြန်လည်ပြုပြင်ပေါင်းစပ်တာဝန်ပေးထိန်းကျောင်းဆောင်ရွက်၍မရဘူးလားဟူ၍လည်း၎င်းကမေးခွန်းထုတ်ခဲ့သည်။

ထို့ပြင်လက်ရှိပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုပမာဏမှာဝန်ကြီးဌာနကြီးထပ်တိုးချဲု့အသစ်ဖွဲ့စည်းလောက်အောင်များပြားနေပြီလားဟူ၍ဆက်လက်မေးခွန်းထုတ်ခဲ့သည်။

ဦးစိန်ဝင်းက”အုပ်ချုပ်မှုနဲ့စီမံခန့်ခွဲမှုဆိုတာခေါင်းနဲ့ကိုယ်ပါပဲ။ ခေါင်းနဲ့ကိုယ်လိုက်ဖက်ညီဖို့လိုအပ်ပါကြောင်း၊ ခေါင်းကြီးပြီးကိုယ်သေးရင်လည်းအလုပ်မဖြစ်ပါကြောင်း၊ ခေါင်းငယ်ပြီးကိုယ်ကြီးနေရင်လည်းအလုပ်မအောင်မြင်ပါကြောင်း၊ ခေါင်းနဲ့ကိုယ်ဆက်သွယ်မှုမကောင်းရင်လည်းအလုပ်မပြီးပါကြောင်း၊ ဌာနသစ်ဖြည့်စွက်ခြင်းထက်ရှိထားသောဌာနများကိုသာအသုံးချပြီးရည်မှန်းချက်အသစ်၊တာဝန်အသစ်တွေနဲ့ပေါင်းစပ်ဆောင်ရွက်သင့်ပါကြောင်း”အကြံပြုခဲ့သည်။

ထို့ပြင်ဌာနအသစ်ဖြည့်ဆည်းခြင်းအပေါ်အချိန်ယူလေ့လာဆွေးနွေးတိုင်ပင်သင့်ပါကြောင်း၊ယနေ့နိုင်ငံတော်ဆင်းရဲသည့်အချိန်ကာလတွင်အသုံးစရိတ်ကိုချွေတာရမည်ဖြစ်ပြီးပြည်တွင်းInvestmentမှာမှန်ကန်စွာရင်းနှီးမြှုပ်နှံနိုင်ပြီလားဆန်းစစ်ရန်လိုကြောင်း၊ပြည်ပအရင်းအနှီးမျှော်လင့်ခြင်းထက်ပြည်တွင်းအရင်းအနှီးကိုမှန်ကန်စွာဆောင်ရွက်စီမံရန်ပိုအရေးကြီးကြောင်းဆွေးနွေးခဲ့သည်။

ဖူးဖူးအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*