ကျည် ၇ ချက်မှန်ပြီး ပျံလွန်တော်မူခဲ့သည့် ကျောက်မဲ၊ရွှေကျင်ကျောင်းဆရာတော်၏ဈာပနအခမ်းအနား မနက်ဖြန်ပြုလုပ်မည်၊ လုံခြုံရေးအတွက်ဒေသခံများစိုးရိမ်မကင်းဖြစ်ဟုဆို

ကျည် ၇ ချက်မှန်ပြီး ပျံလွန်တော်မူခဲ့သည့် ကျောက်မဲ၊ရွှေကျင်ကျောင်းဆရာတော်၏ဈာပနအခမ်းအနား မနက်ဖြန်ပြုလုပ်မည်၊ လုံခြုံရေးအတွက်ဒေသခံများစိုးရိမ်မကင်းဖြစ်ဟုဆို
October 10, 2018 Asian Fame

3:20 pm
ကျည် ၇ ချက်မှန်ပြီး ပျံလွန်တော်မူခဲ့သည့် ကျောက်မဲ၊ရွှေကျင်ကျောင်းဆရာတော်၏ဈာပနအခမ်းအနား မနက်ဖြန်ပြုလုပ်မည်၊ လုံခြုံရေးအတွက်ဒေသခံများစိုးရိမ်မကင်းဖြစ်ဟုဆို

001ကျောက်မဲ၊ အောက်တိုဘာ ၁၀

သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ ကျောက်မဲမြို့ရွှေကျင်ကျောင်းဆရာတော်ရဲ့ဈာပနအခမ်းအနားကို မနက်ဖြန်ခါ ကျောက်မဲမြို့မှာပြုလုပ်မှာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့တွေကြား ထိတွေ့မှုတစ်စုံတစ်ရာဖြစ်မှာကို စိုးရိမ်နေကြောင်း ကျောက်မဲမြို့ဒေသခံရပ်မိရပ်ဖတစ်ဦးကပြောပါတယ်။

ကျောက်မဲမြို့နယ် ရွှေကျင်ကျောင်းဆရာတော် ဥူးကလျာဏ၀ံသ ဟာ အောက်တိုဘာ ၅ ရက်နေ့ ညနေ ၇ နာရီခန့်က ဘုန်းကြီးကျောင်းဝင်းအတွင်းမှာပဲ အမည်မသိသေနတ်သမား ၂ ဦးရဲ့ လက်ချက်နဲ့ ကျည် ၇ ချက်သင့်ပြီး ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

ဆရာတော်ဟာ လက်နက်ကိုင်အဖွဲ့တစ်ချို့က ကိုးကွယ်တဲ့ဘုန်းကြီးဖြစ်သလို ဆရာတော်ပျံလွန်တော်မူခဲ့တဲ့ဖြစ်စဉ်ဟာလည်း လက်နက်ကိုင်အဖွဲ့အချို့နဲ့ဆက်စပ်မှုရှိနေတယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားကြပါတယ်။

မနက်ဖြန် ကျောက်မဲမြို့သုဿန်အသစ်မှာ ဆရာတော်ကို ဈာပနအခမ်းအနားကျင်းပတော့မှာဖြစ်ပါတယ်။

အဆိုပါအခမ်းအနားအတွက် သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ လုံခြုံရေးဆောင်ရွက်နေကြပေမယ့် ဒေသခံတွေအနေနဲ့တော့ စိုးရိမ်စိတ်မကင်းဘူးလို့ ကျောက်မဲမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့မြို့က မြို့ပေါ်မှာတွေ တိုက်ပွဲမဖြစ်ပေမယ့် အနီးနားပတ်ဝန်းကျင်မှာ တိုက်ပွဲအမြဲတန်းလိုလိုဖြစ်တတ်တော့ မနက်ဖြန် ဆရာတော်ကို လာရောက်ဖူးမျှော်မယ့်အဖွဲ့တွေ နဲ့ သူုတို့ ချနေတဲ့အဖွဲ့တွေကြား ထိတွေ့မှုဖြစ်မှာစိုးရိမ်တယ်” လို့ အဆိုပါဒေသခံ ကပြောပါတယ်။

မနက်ဖြန် ပြုလုပ်မယ့် ဈာပနအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ၀န်ကြီး ၂ ဦး တက်ရောက်ပူဇော်မယ်လို့လည်း ကျောက်မဲမြို့ရပ်မိရပ်ဖတွေထံကနေသိရပါတယ်။

သီပေါမြို့နယ်အတွင်းမှာလည်း လက်နက်ကိုင်အဖွဲ့လှုပ်ရှားမှု ဖြတ်သန်းသွားလာမှုသတင်းတွေ ထွက်ပေါ်နေတယ်လို့ ကျောက်မဲဒေသခံအချို့ကပဲပြောပါတယ်။

ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဟာ ရှမ်းတိုင်းရင်းသူ နမ့်မိုဟွမ် ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ သူ့ရဲ့မိသားစုဝင်တွေကန့်ကွက်ဆန္ဒပြမှုအပေါ်ထောက်ခံသူဖြစ်ကြောင်း ၊ ရှမ်းပြည်အတွင်း စစ်ပွဲဖြစ်ပွားမှုအပေါ်ကန့်ကွက်ကြောင်းလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ရှမ်းဘုန်းကြီးတစ်ဦးဖြစ်သလို ကျောက်မဲမြို့နေရှမ်းတိုင်းရင်းသားတွေအပေါ်မှာလည်းသြဇာသက်ရောက်မှုရှိကြောင်း သိရပါတယ်။

ဆရာတော်လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ရှမ်းအဖွဲ့အစည်းအချို့နဲ့ လက်နက်ကိုင်အဖွဲ့အချို့က ၀မ်းနည်းကြောင်း၊ အမှုမှန်ပေါ်ပေါက်စေလိုကြောင်း ကြေညာချက်တွေအသီးသီးထုတ်ပြန်ထားကြပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*