ပြည်သူကနေ ပြည်သူကိုပြန်စောင့်ကြည့်ပြီး ထိန်းကျောင်းသယ်ဆောင်နိုင်တဲ့စနစ်ကို လူထုက အုပ်ချုပ်ရေးနဲ့ ပေါင်းစည်းမှ ရမယ်ဟု ဦးဖြိုးမင်းသိန်းပြောကြား

ပြည်သူကနေ ပြည်သူကိုပြန်စောင့်ကြည့်ပြီး ထိန်းကျောင်းသယ်ဆောင်နိုင်တဲ့စနစ်ကို လူထုက အုပ်ချုပ်ရေးနဲ့ ပေါင်းစည်းမှ ရမယ်ဟု ဦးဖြိုးမင်းသိန်းပြောကြား
September 20, 2018 Asian Fame

6:04 pm
ပြည်သူကနေ ပြည်သူကိုပြန်စောင့်ကြည့်ပြီး ထိန်းကျောင်းသယ်ဆောင်နိုင်တဲ့စနစ်ကို လူထုက အုပ်ချုပ်ရေးနဲ့ ပေါင်းစည်းမှ ရမယ်ဟု ဦးဖြိုးမင်းသိန်းပြောကြား

2ရန်ကုန်၊ စက်တင်ဘာ ၂၀

ပြည်သူကနေ ပြည်သူကိုပြန်စောင့်ကြည့်ပြီး ထိန်းကျောင်းသယ်ဆောင်နိုင်တဲ့စနစ်ကို လူထုက အုပ်ချုပ်ရေးနဲ့ ပေါင်းစည်းမှ ရမယ်လို့ ရန်ုကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီးအဆင့် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ ရှင်းလင်းပွဲမှာ တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

တိုင်းဒေသကြီးအဆင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒ ရှင်းလင်းပွဲကို ဒီနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ ၊ကမာရွတ်မြို့နယ်၊ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ်ပြတိုက်မှာ ကျင်းပခဲ့ပါတယ်။

“မူးယစ်ဆေးဝါးပဲဖြစ်ဖြစ် လူကုန်ကူးမှုပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များဖြစ်ပါတယ်။ အဓိကကတော့ ပြည်သူလူထုပါဝင်မှု အခြေခံလိုအပ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ရပ်ရွာအဆင့်အုပ်ချုပ်ရေးယန္တရားကနေ တစ်ဆင့် ပြည်သူကနေပြည်သူကိုပြန်စောင့်ကြည့်ပြီးတော့ ထိန်းကျောင်းသယ်ဆောင်နိုင်တဲ့စနစ်ကို လူထုကအုပ်ချုပ်ရေးနဲ့ပေါင်းစည်းမှ ရနိုင်မယ့်အခြေအနေရှိပါတယ်” လို့သူက အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

“ကျွန်တော်ကိုယ်တိုင်မြို့နယ်တွေမှာရုံးထိုင်မှာဖြစ်ပါတယ်။ ဒီမြို့နယ်က ပြဿနာကို တစ်ခါတည်း ဖြေရှင်းပေးဖို့အခြေအနေဖြစ်ပါတယ်။ တစ်ခြားဖြစ်တဲ့ မူးယစ်ဆေးဝါးကဏ္ဍဖြစ်ဖြစ်လူကုန်ကူးဆိုင်ရာကိစ္စပဲဖြစ်ဖြစ်ဒီအခြေအနေအားလုံးကို တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကိုပါ တာဝန်ယူဆောင်ရွက်ပေးနိုင်တဲ့ အခြေခံအဆင့်ပူးပေါင်းနိုင်တာမျိုးကို ကျွန်တော်တို့ဆွေးနွေးပါမယ်”လို့လဲ ၀န်ကြီးချုပ်က ပြောပါတယ်။

“ဥပမာ အုပ်ချုပ်ရေးကဆိုရင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး တွေပါမယ်။ နောက်ထပ် ဆယ်အိမ်မှူး/ရာအိမ်မှူးတွေ အိမ်တစ်အိမ်ချင်းအလိုက် လူထုကနေ ပူးပေါင်းပါဝင်ဖို့အတွက် ။ ဒီ့အပြင် ဒီပူးပေါင်းပါဝင်ဆောင်ရွက်တဲ့နေရာမှာလည်း ဒီမြီု့နယ် ဒီရပ်ကွက်ထဲမှာရှိတဲ့ ရဲတပ်ဖွဲ့မှာဆိုရင် အောက်ခြေမှာရှိနေတဲ့ နယ်ထိန်းပေါ့ နယ်ထိန်းနဲ့ဆက်သွယ်ဆောင်ရွက်ပါမယ်။ ကွန်ရက်ကောင်းကောင်းတစ်ခုတည်ဆောက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

အခုရှင်းပြသွားတဲ့အထဲမှာ ကျွန်တော်တို့ ကွန်ရက်ကြီးဟာတစ်ကယ့်ကို တစ်ဦးချင်းတစ်ယောက်ချင်းစီအထိ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မယ့် အခြေအနေ ရောက်နိုင်တယ်။ သူတို့အားလုံးကို အသိတစ်ခု ကျွန်တော်တို့ ပေးနိုင်အောင်လုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

ပထမတစ်ဆင့်ကတော့ အုပ်ချုပ်ရေးနဲ့ ဒီရဲတပ်ဖွဲ့မှာပါဝင်နေတဲ့ အဖွဲ့တွေ အခြားဌာနဆိုင်ရာအသီးသီးက ကျွန်တော်တို့သွားမယ့် မူဝါဒနဲ့လုပ်ငန်းတွေကို ကျကျနနနားလည်ဖို့ လိုပါတယ်။ သူတို့ကိုယ်တိုင်က တက်တက်ကြွကြွနဲ့ဒီကိစ္စကိုပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်။ ဒီရပ်ရွာမှာရှိတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေမှာ ပေါင်းစည်းပေးဖို့လိုပါတယ်။ ဒီလိုဆိုရင် လူထုကြားမှာရှိတဲ့ ရဲတပ်ဖွဲ့ရဲ့လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ လူထုကြားမှာဆောင်ရွက်နိုင်တဲ့အခြေအနေတွေကို တိတိကျကျ ကျွန်တော်တို့ရမှာဖြစ်ပါတယ်။

အခုဆိုရင် အုပ်ချုပ်ရေးဘက်က ရပ်ကွက်အုပ်ချု့ပ်ရေးမှူးအဖြစ်ရွေးချယ်ခန့်ထားမှုတွေ မကြာခင်မှာ ပြီးစီးတော့မှာဖြစ်ပါတယ်။ ပြီးသွားရင်သင်တန်းတွေပေးဖို့ရှိပါတယ်။ သင်တန်းတွေပေးပြီးသွားရင် မြို့နယ်တွေမှာ မြို့နယ်ချင်းစီအလိုက်သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေကိုပေါင်းစပ်ပြီးတော့လည်း သင်တန်းတွေ အသိပညာပေးမှုတွေလုပ်ပါမယ်။ ဒီအသိပညာပေးမှုတွေကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ ကွန်ရက်တွေကိုဖြန့်ကျက်ထားနိုင်အောင်လုပ်တဲ့ ဆယ်အိမ်ကိုတစ်စုတိတိကျကျဖြစ်အောင် ဘာဆောင်ရွက်နေတယ်။ ဥပမာ လောင်ကစားတွေလုပ်နေလား မူးယစ်ဆေးဝါးတွေလုပ်နေလား ဒါမှမဟုတ် ဒီနေရာမှာ လူကုန်ကူးမှုတွေဖြစ်နေလား ရာဇ၀တ်မှုတွေအတွက် ၀ပ်ကျင်းတွေဖြစ်နေလား ဒီအခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ တစ်ဘက်ကနေ စီးပွားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို တိုင်းဒေသကြီး ဘက်ကနေ ကြိုးပမ်းနေပါတယ်။

စာရင်းကောက်ယူထားတဲ့အခြေအနေတွေရှိပါတယ်။ ကျူးကျော် တွေဟာလည်း ၀ပ်ကျင်းတွေဖြစ်နေတာတွေရှိပါတယ်။ ဒါကြောင့်ကျူးကျော်နေထိုင်နေတဲ့သူတွေကို လူနေမှုဘ၀ကိုမြှင့်တင်ပေးနိုင်ဖို့အတွက်မကြာခင် အောက်တိုဘာလောက်မှာ စီမံကိန်းစတင်ဖို့ ရှိပါါတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေဖြစ်ပါတယ်။ ဒါကြောင့်ဒီလုပ်ငန်းတွေကိုပေါင်းစပ်ညှိနှိုင်းပြီးတော့ မြေပြင်ကနေ အပေါ်ကို တစ်ဖြည်းဖြည်းတည်ဆောက်လာနိုင်တဲ့အခြေအနေတစ်ခုကိုကျွန်တော်တို့စမှာဖြစ်ပါတယ်။ ဒီအတွက် ရပ်ကွက်တစ်ရပ်ကွက်ချင်းကနေ ရပ်ကွက်အုပ်ချု့ပ်ရေးမှူးအောက်မှာ ကျွန်တော်တို့တည်ဆောက်ထားတဲ့ အစိုးရရဲ့ တည်ဆောက်ထားတဲ့ စနစ်က တော်တော့်ကို စနစ်တကျရှိဖို့လိုပါတယ်။ ထိရောက်တဲ့လည်ပတ်မှုတွေဖြစ်ဖို့လည်းလိုပါတယ်။ ကျွန်တော်တို့က ဆယ်အိမ်တစ်စုစုထားတာလေ။ ဒီဆယ်အိမ်တစ်စု က ဆယ်အိမ်ထဲမှာဘာဖြစ်နေတယ်ဆိုတဲ့အခြေအနေကို ကျွန်တော်တို့ ဘာကြောင့်မသိနိုင်တာလဲ။ ဒီဆယ်အိမ်တစ်စုမှာ ရှိနေတဲ့သူတွေက သူတို့ကိုယ်တိုင် ဖမ်းဆီးတားဆီးနိုင်ခွင့်ပြည်သူမှာလည်းရှိနေတယ်ဆိုတဲ့အသိ ပေါင်းစည်းလိုက်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ထဲမှာပေါ်ပေါက်နေတဲ့ မူးယစ်ဆေးဝါးမှု တစ်ခြားသောလူကုန်ကူးကိစ္စရပ်တွေ အခြားသော လောင်းကစားဆိုင်ရာကိစ္စရပ်တွေ မူးယစ်ရောင်းဝယ်မှု အရက်ပုန်းရောင်းတာက အစ ဒီလိုကိစ္စရပ်တွေကို ထိန်းသိမ်းနိုင်လိ့မ်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်”လို့လဲ ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

တိုင်းဒေသကြီးအဆင့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒ ရှင်းလင်းပွဲမှာ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံတွေကို ရဲမှူးကြီးဇော်လင်းထွန်းက ရှင်းလင်းတင်ပြခဲ့ပြီး လက်ရှိမူးယစ်ဆေးဝါး မဟာဗျုဟာ၊ မူးယစ်ဆေးဝါး မူဝါဒသစ်၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒသစ်ရေးဆွဲမှု လုပ်ငန်းစဉ်တွေ၊ မူးယစ်ဆေးဝါးထိန်းချုပ်မှု မူဝါဒအပေါ် အခြေခံသဘောတရားနဲ့ မူဝါဒနယ်မြေများ၊ ပြဿနာများနဲ့ စိန်ခေါ်မှုများ၊ ယင်း၏အခြေခံအကြောင်းချင်းရာများ၊ အကောင်အထည်ဖော် ဆောင်ရွက်မည့်မူဝါဒ၊ ရှေ့လုပ်ငန်းစဉ် စတဲ့ ခေါင်းစဉ်တွေကို အသေးစိပ် ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။

ရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့် ၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ ဌာနဆိုင်ရာတာဝနှ်ရှိသူတွေ၊ NGO ၊INGO၊ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

PN
ဓာတ်ပုံ – အောင်နိုင်စိုး(ကစ္ဆပ)

9

8

7

6

5

4

3

1

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*