လက်ရှိဖြစ်ပေါ်နေသည်မှာနိုင်ငံရေးစစ်ပွဲကမီဒီယာမျက်နှာစာမှာထင်ဟပ်လာခြင်းဖြစ်ပြီးမီဒီယာစစ်ပွဲသက်သက်အဖြစ်မှတ်ယူပါကအရင်းခံပြသနာများနှင့်လွဲချော်သွားနိုင်ဟုဆို

လက်ရှိဖြစ်ပေါ်နေသည်မှာနိုင်ငံရေးစစ်ပွဲကမီဒီယာမျက်နှာစာမှာထင်ဟပ်လာခြင်းဖြစ်ပြီးမီဒီယာစစ်ပွဲသက်သက်အဖြစ်မှတ်ယူပါကအရင်းခံပြသနာများနှင့်လွဲချော်သွားနိုင်ဟုဆို
September 6, 2018 Asian Fame

3:48 pm
လက်ရှိဖြစ်ပေါ်နေသည်မှာနိုင်ငံရေးစစ်ပွဲကမီဒီယာမျက်နှာစာမှာထင်ဟပ်လာခြင်းဖြစ်ပြီးမီဒီယာစစ်ပွဲသက်သက်အဖြစ်မှတ်ယူပါကအရင်းခံပြသနာများနှင့်လွဲချော်သွားနိုင်ဟုဆို

aaaaနေပြည်တော် စက်တင်ဘာ ၆

လက်ရှိဖြစ်ပေါ်နေသည်မှာနိုင်ငံရေးစစ်ပွဲကမီဒီယာမျက်နှာစာမှာထင်ဟပ်လာခြင်းဖြစ်ပြီး မီဒီယာစစ်ပွဲသက်သက်အဖြစ်မှတ်ယူပါက အရင်းခံပြသနာများနှင့်လွဲချော်သွားနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်ကပြောသည်။

(၂၀၁၈-၂၀၁၉)ခုနှစ်အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့်ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ပူးပေါင်းကော်မတီနှစ်ရပ်၏လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာပါမူသဘောအကြောင်းအရာများနှင့်လွှတ်တော်ကိုယ်စားလှယ်များ၏မူနှင့်အခြေခံသဘောဆွေးနွေးခြင်းများအပေါ်ပြန်လည်ရှင်းလင်းဆွေးနွေးရာ၌ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က”ယနေ့ကမ္ဘာပေါ်မှာတစ်ဖက်သက်အတိုက်ခိုက်ခံနေရတဲ့ရခိုင်အရေးမှာနိုင်ငံပိုင်မီဒီဟာတွေရဲ့စွမ်းဆောင်ရည်ဟာများစွာလိုအပ်ချက်ရှိနေတယ်။ကမ္ဘာ့မီဒီယာများရဲ့ဖော်ပြချက်ကိုပြန်လည်ဖျက်ပေးနိုင်ခြင်းမရှိတာကအကြီးမားဆုံးဆုံးရှုံးမှုဖြစ်ပါတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သတ်ပြီးရှင်းလင်းသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာပထမဆုံးတင်ပြချင်တာကအခုဖြစ်နေတာသည်နိုင်ငံရေးစစ်ပွဲဖြစ်တယ်ဆိုတဲ့အချက်ပါ။နိုင်ငံရေးစစ်ပွဲကမီဒီယာမျက်နှာစာမှာထင်ဟပ်လာခြင်းဖြစ်ပါတယ်။ ဒါကိုမီဒီယာစစ်ပွဲသက်သက်အဖြစ်မှတ်ယူရင်အရင်းခံပြဿနာနဲ့လွဲချော်သွားနိုင်ပါတယ်”ဟုတင်ပြခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့မီဒီယာဆိုသည်မှာအလွန်ကြီးကျယ်ပြီးနိုင်ငံပိုင်မီဒီယာ(သို့မဟုတ်)မြန်မာမီဒီယာသည်အင်အားသေးငယ်ကြောင်း၊အင်အားသေးငယ်ရခြင်းမှာနိုင်ငံပိုင်မီဒီယာသည်အစိုးရနှင့်ပြည်သူအကြားဆက်သွယ်ပေါင်းကူးပေးရန်ရည်ရွယ်တည်ဆောက်ခဲ့ခြင်းသာဖြစ်ကြောင်း၎င်းကဆိုသည်။

ထို့ကြောင့်ကမ္ဘာကိုထိုးဖောက်မည်ဆိုပါကမီဒီယာဆိုင်ရာအခြေခံအဆောက်အအုံများ၊လူသားအရင်းအမြစ်များဖြည့်တင်းရန်အတွက်ငွေကြေးနှင့်အချိန်ကာလရင်းနှီးရမည်ဖြစ်ကြောင်းဒေါက်တာဖေမြင့်ကပြောသည်။

သို့သော်လက်ရှိအခြေအနေမှာပင်နိုင်ငံပိုင်မီဒီယာများအနေဖြင့်ရခိုင်ဒေသ၏ဖြစ်စဉ်အမှန်များကိုနိုင်ငံတကာမှသိရှိစေရန်အတွက်ရှိသမျှစွမ်းအားများကိုအသုံးပြု၍ထုတ်ပြန်ဆောင်ရွက်ပေးနေကြောင်းတင်ပြခဲ့သည်။

၎င်းက”ဒီအပြင်ရခိုင်ပြည်နယ်မောင်တောဒေသမှာ (၂၀၁၆)အောက်တိုဘာအကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်းနိုင်ငံတော်အစိုးရကတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေမှုတွေကိုမီဒီယာများကတစ်ဆင့်ပြည်တွင်း၊ပြည်ပကကျယ်ပြန့်စွာသိရှိနိုင် ဖို့အတွက်ပုဂ္ဂလိကပြည်တွင်းပြည်ပမီဒီယာအဖွဲ့များကို(၂၀၁၆)ခုနှစ်ကစပြီးဒီကနေ့အထိ(၂၅)ကြိမ်စေလွှတ်ခဲ့ပြီးဖြစ်ပါတယ်”ဟုဆိုသည်။

မောင်တောဖြစ်စဉ်များနှင့်ပတ်သတ်ပြီးစတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍လက်ရှိအချိန်ထိသတင်းစာရှင်းလင်းပွဲစုစုပေါင်း(၁၇)ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

နိုင်ငံပိုင်မီဒီယာများ၏စွမ်းဆောင်ရည်မှာလိုအပ်ချက်များရှိနေသေးသော်လည်းရခိုင်ပြည်နယ်မောင်တောဒေသဖြစ်စဉ်များအပါအဝင်သတင်းများကိုအတတ်နိုင်ဆုံးအချိန်နှင့်တပြေးညီဖော်ပြနိုင်ရေးကြိုးစားဆောင်ရွက်နေပြီးနိုင်ငံတကာမီဒီယာများသို့ပါပျံ့နှံ့နိုင်ရေးကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးကရှင်းလင်းတင်ပြခဲ့သည်။

ဖူးဖူးအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*