ကျူးကျော်ဈေးဆိုင်များအားတရားစွဲဆိုသော်လည်းဥပဒေအားနည်းချက်ကြောင့်ဆက်လက်ရှိနေမြဲဖြစ်ကြောင်းဒုဝန်ကြီးဆို

ကျူးကျော်ဈေးဆိုင်များအားတရားစွဲဆိုသော်လည်းဥပဒေအားနည်းချက်ကြောင့်ဆက်လက်ရှိနေမြဲဖြစ်ကြောင်းဒုဝန်ကြီးဆို
August 23, 2018 Asian Fame Media

4:37 pm
ကျူးကျော်ဈေးဆိုင်များအားတရားစွဲဆိုသော်လည်းဥပဒေအားနည်းချက်ကြောင့်ဆက်လက်ရှိနေမြဲဖြစ်ကြောင်းဒုဝန်ကြီးဆို

Pank 2

နေပြည်တော် သြဂုတ် ၂၃

ကျူးကျော်ဈေးဆိုင်များအားလမ်းမကြီးများဥပဒေအရတရားစွဲဆိုသော်လည်းဥပဒေအားနည်းချက်ကြောင့်ဆက်လက်ရှိနေမြဲဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်လင်းကယနေ့ကျင်းပသောပြည်သူ့လွှတ်တော်တွင်ပြောကြားခဲ့သည်။

ဦးကျော်လင်းက”တစ်နိုင်ငံလုံးအတိုင်းအတာအရဒီလိုလမ်းဆုံလမ်းခွတွေရဲ့ကျူးကျော်ဈေးဆိုင်တွေအများကြီးကိုကျွန်တော်တို့ကတရားစွဲဆိုတဲ့နေရာမှာလမ်းမကြီးများဥပဒေအရတရားစွဲဆိုတဲ့အခါမှာ တရားရုံးကဒဏ်ငွေချပါတယ်။ ဥပမာဆိုရင်အခုလက်ရှိရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာရှိတဲ့ကျွန်တော်တို့တာဘောင်ကြီးပေါ်မှာတင်ဆောက်ထားတဲ့လာပြီးတော့ကျူးနေတဲ့ဆိုင်ကိုအခုလက်ရှိမှာ(၁၅၀)ကျော်တရားစွဲထားတဲ့အချိန်မှာတရားရုံးကနေဒဏ်ငွေပဲချနိုင်တယ်။ဥပဒေအရအားနည်းနေတာဖြစ်တော့ဒဏ်ငွေနှစ်သောင်းချတယ်ဆိုရင်သူကဒဏ်ငွေနှစ်သောင်းပေးဆောင်ပြီးတော့ဒီဆိုင်ကဆက်ပြီးတော့ရှိမြဲပဲဖြစ်နေတယ်”ဟုဆိုသည်။

လေးမျက်နှာမဲဆန္ဒနယ်မှဦးဇော်မင်းသိန်းမေးမြန်းသော”ဆောက်လုပ်ရေးဝန်ကြီးဌာနလမ်းများတွင်(၁၂)ပေအကျယ်နှင့်(၁၈)ပေအကျယ်လမ်းများ၏(S)ကွေ့နှင့်(ဂ)ကွေ့များတွင်ယာဉ်များရုတ်တရက်ဆုံပါကအန္တရာယ်ကင်းရှင်းစွာရှောင်တိမ်းမောင်းနှင်နိုင်ရန်မျက်ကွယ်ဖြစ်စေသောသစ်ပင်ချုံနွယ်များဈေးဆိုင်အဆောက်အဦးများရှင်းလင်းရန်နှင့်Extra widthများပြုလုပ်ပေးရန်အစီအစဉ်ရှိမရှိနှင့်စပ်လျဉ်းသည့်မေးခွန်း”ကိုဖြေကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လမ်းမကြီးများဥပဒေ၏အထွေထွေအခန်းဖြစ်သောအခန်း(၆)တွင်သက်ဆိုင်ရာဝန်ကြီးဌာအနေဖြင့်လိုအပ်ပါကအမိန့်ကြေညာချက်များ ညွှန်ကြားချက်များ လုပ်ထုံးလုပ်နည်းများထုတ်ပြန်နိုင်သကဲ့သို့ဦးစီးဌာနမှာလည်းအမိန့် ညွှန်ကြားချက်များထုတ်ပြန်နိုင်သည်ဟုပါရှိပြီးဖြစ်ကြောင်းသိရသည်။

ထို့ကြောင့်ရန်ပုံငွေကုန်ကျခံပြီးလုပ်ဆောင်ရမည့်အရာများကိုတစ်ဆင့်ချင်းမဆောင်ရွက်နိုင်သေးခင်တွင်အန္တရာယ်ဖြစ်စေနိုင်သောသစ်ပင်နှင့်ဈေးဆိုင်အဆောက်အဦးများကိုဝန်ကြီးဌာနအနေဖြင့်အမိန့်ညွှန်ကြားချက်ထုတ်ပြန်၍ရှင်းလင်းဆောင်ရွက်ပေးရန်အစီအစဉ်ရှိမရှိ၎င်းကဆက်စပ်မေးခွန်းမေးမြန်းခဲ့သည်။

ဒုတိယဝန်ကြီးဦးကျော်လင်းက”သစ်ပင်ချုံနွယ်တွေနဲ့ပတ်သတ်လို့ကျွန်တော်တို့ဝန်ကြီးဌာနမှတာဝန်ယူပြီးတော့လတ်တလောဖြေရှင်းပေးသွားမှာဖြစ်ပါတယ်”ဟုဖြေကြားခဲ့သည်။

ထို့ပြင်ကျူးကျော်ဆိုင်များနှင့်ပတ်သတ်ပြီးအမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးနှင့်ညှိနှိုင်း၍တစ်ဆိုင်ချင်းလိုက်လံရှင်းလင်းနေရသည့်အနေအထားမျိုးဖြစ်ပြီးအဓိကအနေဖြင့်လမ်းမကြီးများဥပဒေ၏အားနည်းချက်ကြောင့်ဟု၎င်းကပြောသည်။

ထို့ပြင်တစ်နိုင်ငံလုံးရှိလမ်းစုံလမ်းခွများတွင်ရှိသောကျူးကျော်ဈေးဆိုင်များရှင်းလင်းရန်အတွက်လမ်းကျူးရှင်းလင်းရေးအဖွဲ့ဟူ၍ကော်မတီလည်းဖွဲ့စည်းထားပြီးတိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များနှင့်ညှိနှိုင်းဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း
ဒုဝန်ကြီးကဖြေကြားခဲ့သည်။

ဖူးဖူးအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*