အထက်မှလမ်းညွှန်မှုကြောင့်သာ လှိုင်သာယာ-ဟင်္သာတရထားလမ်းပိုင်းကိုအကောင်အထည်ဖော်ခဲ့ရခြင်းဖြစ်ဟုဆို

အထက်မှလမ်းညွှန်မှုကြောင့်သာ လှိုင်သာယာ-ဟင်္သာတရထားလမ်းပိုင်းကိုအကောင်အထည်ဖော်ခဲ့ရခြင်းဖြစ်ဟုဆို
August 21, 2018 Asian Fame Media

4:06 pm
အထက်မှလမ်းညွှန်မှုကြောင့်သာ လှိုင်သာယာ-ဟင်္သာတရထားလမ်းပိုင်းကိုအကောင်အထည်ဖော်ခဲ့ရခြင်းဖြစ်ဟုဆို

Poo 2

နေပြည်တော် သြဂုတ် ၂၁

လှိုင်သာယာ-ဟင်္သာတရထားလမ်းပိုင်းကိုအထက်မှလမ်းညွှန်မှုကြောင့်သာအကောင်အထည်ဖော်ခဲ့ရခြင်းဖြစ်ပြီးရရှိသောဝင်ငွေမှာစက်သုံးဆီဘိုးကိုပင်ကာမိခြင်းမရှိသောကြောင့်ရပ်ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်မျိုးကယနေ့ကျင်းပသောပြည်သူ့လွှတ်တော်တွင်ပြောကြားခဲ့သည်။

ကလေးမျက်နှာမဲဆန္ဒနယ်မှဦးဇော်မင်းသိန်းမေးမြန်းသော”လှိုင်သာယာဟင်္သာတရထားလမ်းပိုင်းသည်စီမံကိန်းပြီးစီးသွားသော်လည်းပြေးဆွဲခြင်းမပြုတော့သည့်အတွက်နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးစီးပွားဖြစ်ထွန်းစေရန်ကောင်းမွန်၍စနစ်ကျသောစီမံခန့်ခွဲမှုများဖြင့်မည်သည့်အချိန်တွင်မည်ကဲ့သို့ပြန်လည်ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း”ကိုဖြေကြားရာ၌ပြောကြားခဲ့ခြင်းဖြစ်သည်။

လးမျက်နှာမဲဆန္ဒနယ်မှဦးဇော်မင်းသိန်းက”ဒီလမ်းကြီးမှာတည်ဆောက်ဖို့အတွက်ကျွန်တော်တို့အချိန်လေးနှစ်လောက်ယူရပါတယ်။ ကုန်ကျစရိတ်အနေနဲ့ရထားလမ်းနဲ့ပတ်သတ်လို့(၂၈)ဘီလီယံကျော်သုံးစွဲခဲ့တယ်”ဟုပြောသည်။

အဆိုပါရထားလမ်း၏ဟင်္သာတ-ဇလွန်လမ်းပိုင်းကို(၂၀.၇.၂၀၁၀)ရက်နေ့တွင်လည်းကောင်း ညောင်တုန်း-လှိုင်သာယာလမ်းပိုင်းကို(၂၄.၅.၂၀၁၄)ရက်နေ့တွင်လည်းကောင်းအသီးသီးဖွင့်လှစ်ခဲ့ပြီးစုစုပေါင်းမိုင်(၉၀)အတွက်ကုန်ကျစရိတ်ဘဏ္ဍာငွေမှာကျပ်(၂၈.၇)ဘီလီယံ
ဖြစ်ပြီးရထားပြေးဆွဲမှုကို(၁၀.၆.၂၀၁၆)ရက်နေ့မှစတင်ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင်လယ်မြေဧကအနေဖြင့်ဧကနှစ်ထောင်ခန့်သိမ်းယူတည်ဆောက်ခဲ့ရခြင်းဖြစ်ပြီးလျော်ကြေးပေးလျော်ရခြင်းမှာယခုအချိန်ထိမပြီးပြတ်သေးကြောင်းဦးဇော်မင်းသိန်းကဆိုသည်။

ထိုသို့အချိန် ငွေ လုပ်အား လယ်ယာမြေများနှင့်စိုက်ပျိုးထုတ်လုပ်မှုတန်ဖိုးများအလွန်နစ်နာဆုံးရှုံးခဲ့ပြီးလက်ရှိတွင်လည်းအကောင်အထည်ဖော်ဆောင်ရွက်၍မရသည့်အတွက်ကောင်းမွန်စနစ်ကျသောစီမံခန့်ခွဲမှုများဖြင့်ဆောင်ရွက်၍ရ မရသိလိုသောကြောင့်မေးခွန်းမေးမြန်းရခြင်းဖြစ်ကြောင်းသိရသည်။

ဒုတိယဝန်ကြီးဦးကျော်မျိုးက”(၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်မှာရထားပြေးဆွဲမှုရပ်ဆိုင်းခြင်းမပြုမီကာလအထိအမှတ်(၁၇၉)အဆန်ရထားဟာ(၁)ရက်ပျမ်းမျှခရီးသည်(၁၁)ဦးဝင်ငွေ(၈၆၁၃)ကျပ်နှင့်အမှတ်(၁၈၀)အစုန်ရထားဟာ(၁)ရက်ပျမ်းမျှခရီးသည်(၁၃)ဦးဝင်ငွေ(၉၃၃၈)ကျပ်သာရ ရှိခဲ့ပါတယ်”ဟုပြောကြားခဲ့သည်။

ထို့ကြောင့်ရ ရှိသောတစ်ရက်ပျမ်းမျှဝင်ငွေမှာတစ်ရက်ပျမ်းမျှစက်သုံးဆီဖိုးကိုကာမိခြင်းမရှိပဲကျန်ရှိသည့်အသုံးစရိတ်နှင့်အုပ်ချုပ်မှုစရိတ်များတွင်လည်းလုံးဝကာမိခြင်းမရှိကြောင်း၎င်းကတင်ပြခဲ့သည်။

အဆိုပါရထားလမ်းကိုအထက်၏လမ်းညွှန်မှုကြောင့်သာအကောင်အထည်ဖော်ခဲ့ရခြင်းဖြစ်ပြီးဖြစ်မြောက်နိုင်စွမ်းလေ့လာမှုမပြုလုပ်နိုင်ခဲ့ခြင်းရေဝပ်ဧရိယာများကိုဖြတ်သန်းဖောက်လုပ်ထားသဖြင့်ရထား၏ပျမ်းမျှအမြန်နှုန်းမှာ(၁)နာရီ(၁၅)မိုင်နှုန်းခန့်သာပြေးဆွဲနိုင်၍ကားလမ်းခရီးနှင့်ယှဉ်ပြိုင်နိုင်မှုမရှိခြင်းရထားပြေးဆွဲမှုကုန်ကျစရိတ်မှာစက်သုံးဆီဘိုးကိုပင်မကာမိနိုင်ခြင်းစသည်တို့ကြောင်ရထားပြေးဆွဲမှုကိုရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်းဒုတိယဝန်ကြီးကပြောကြားခဲ့သည်။

ထို့ပြင်လျော်ကြေးငွေပေးချေရန်ကျန်ရှိသောလှိုင်သာယာမြို့နယ်အတွင်းရှိသိမ်းဆည်းမြေများအတွက်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလျော်ကြေးတန်ဘိုးအတည်ပြုချက်ရ ရှိသည့်အခါဆက်လက်ပေးချေသွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်သူလူထုမှလိုလားသည့်ရထားပြေးဆွဲမှုကိုမဖြစ်မနေလိုအပ်လာသည့်အခါတွင်ဘဏ္ဍာရန်ပုံငွေရရှိနိုင်မှုအပေါ်မူတည်၍လက်ရှိပြေးဆွဲနေသောရထားများ၏အမြန်နှုန်းထက်မြင့်မားသည့်လျှပ်စစ်သုံးရထားများပြေးဆွဲနိုင်သောရထားလမ်းကိုလှိုင်သာယာနှင့်ရန်ကုန်အကြားတစ်ဆက်တစ်စပ်တည်းဖောက်လုပ်ပြီးစီးပွားရေးတွက်ချေကိုက်စွာပြေးဆွဲပေးနိုင်မည့်အချိန်တွင်စနစ်တကျစီမံကိန်းချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့်လက်ရှိတွင်ယင်းရထားလမ်းပိုင်းကိုပြုပြင်တည်ဆောက်ပြီးရထားပြန်လည်ပြေးဆွဲရန်အစီအစဉ်မရှိသေးပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။

ဖူးဖူးအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*