ပူတာအိုက ပညာရေးဝန်ထမ်းတွေအနေနဲ့ ခရီးသွားလိုတဲ့နေ့ရက်/ခရီးသည်ဦးရေတို့ကို ကြိုတင်အသိပေးရင် လေယာဉ်အဆင်ပြေအောင်ဆောင်ရွက်ပေးမယ်လို့ ပို့ဆက်ဒုဝန်ကြီးဆို

ပူတာအိုက ပညာရေးဝန်ထမ်းတွေအနေနဲ့ ခရီးသွားလိုတဲ့နေ့ရက်/ခရီးသည်ဦးရေတို့ကို ကြိုတင်အသိပေးရင် လေယာဉ်အဆင်ပြေအောင်ဆောင်ရွက်ပေးမယ်လို့ ပို့ဆက်ဒုဝန်ကြီးဆို
July 23, 2018 AsianFame MediaGroup

3:04 pm
ပူတာအိုက ပညာရေးဝန်ထမ်းတွေအနေနဲ့ ခရီးသွားလိုတဲ့နေ့ရက်/ခရီးသည်ဦးရေတို့ကို ကြိုတင်အသိပေးရင် လေယာဉ်အဆင်ပြေအောင်ဆောင်ရွက်ပေးမယ်လို့ ပို့ဆက်ဒုဝန်ကြီးဆို

37678316_1886031164774173_5596299741957718016_n

နေပြည်တော်၊ ဇူလိုင် ၂၃

နွေရာသီကျောင်းပိတ်ရက်မှာ နေရပ်ပြန်ဖို့နဲ့သွားလာရေးအခက်အခဲဖြစ်နေတဲ့ ပူတာအို နဲ့ ယင်းအထက်ပိုင်းဒေသက ပညာရေးဝန်ထမ်းတွေအတွက် ခရီးသွားလိုတဲ့နေ့ရက်ကာလခရီးသည်ဦးရေတို့ကို ကြိုတင်အသိပေး လာပါက လေယာဉ်အဆင်ပြေအောင်ဆောင်ရွက်ပေးမယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဒုဝန်ကြီးက ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကချင်ပြည်နယ်မဲဆန္ဒနယ် ၈ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီးမေးမြန်းခဲ့တဲ့ “ကချင်ပြည်နယ်အတွင်းရှိ သွားလာရေးခက်ခဲသော ပူတာအို၊ ခေါင်လန်ဖူး၊ နောင်မွန်း၊ မချမ်းဘော မြို့နယ်များအတွင်း တာဝန်ကျနေသော ပညာရေးဝန်ထမ်းဆရာ/မများအား နှစ်စဉ်နွေရာသီကျောင်းဖွင့်ချိန် နှင့် နွေရာသီကျောင်းပိတ်ရက်များတွင်သွားလာရေးလွယ်ကူစေရန် ပူတာအို-မြစ်ကြီးနား လေယာဉ်ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲ၍ ဦးစားပေးလက်မှတ်များရောင်းချပေးရန်အစီအစဉ်ရှိ/မရှိ” မေးခွန်းအပေါ် ဒုဝန်ကြီး ဦးကျော်မျိုးက အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

မေးခွန်းမေးမြန်းသူ ဒေါက်တာခင်မကြီးက အဆိုပါဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်း ၁၄၀၀ လောက်အ ထဲမှာ ၆၄၀ ဦးဟာ ရပ်ဝေးဒေသကလာရောက်တာဝန်ထမ်းဆောင်ကြသူတွေဖြစ်ကြောင်း ၊ နွေရာသီကျောင်းပိတ်ရက်တွေမှာ ခြေလျင်ခရီး ဆိုင်ကယ်ကယ်ရီ တွေနဲ့ခက်ခဲစွာပူတာအို ကိုရောက်ရှိလာပြီး ပူတာအိုကနေ နေရပ်ပြန်ဖို့ လေယာဉ်လက်မှတ်ဝယ်ရာမှာ တစ်ရက်ကို ဆရာ/မ တွေအတွက် လေယာဉ်လက်မှတ် ခွဲတန်း ၅စောင်သာ ရောင်းချပေးတဲ့အတွက် လွန်စွာအခက်အခဲဖြစ်ရကြောင်းဆိုပါတယ်။

မြစ်ကြီးနား-ပူတာအို ကားလမ်းကို ဦးစားပေးလုပ်ဆောင်ပေးခဲ့တဲ့အတွက် အခုဆိုရင် တစ်ညအိပ် ၂ ရက်ခရီးနဲ့သွားလာနိုင်ပြီဖြစ်ပေမယ့် ၂၀၁၈ နှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ လမ်း/တံတားတွေ မိုင်းခွဲဖျက်ဆီး ခံရမှု ဖြစ်မှာသွားလာရေးရပ်ဆိုင်းခဲ့ရကြောင်း နယ်မြေလုံခြုံရေးမကောင်းတဲ့အတွက် ကျောင်းဆရာ/မ တွေ နေရပ်ပြန်ဖို့ အခက်အခဲဖြစ်ခဲ့ရကြောင်း ၊ အခုလက်ရှိမှာတော့အခြေအနေကောင်းနေတယ်လို့ သတင်းကြားရသော်လည်း သဘာဝဘေးအန္တရာယ်၊ လမ်းလုံခြုံရေးမကောင်းတာတွေရှိခဲ့ရင် လေကြောင်းခရီးကိုပဲအားကိုးအားထားပြုရဦးမှာဖြစ်တဲ့အတွက် မေးခွန်းမေးမြန်းရတာဖြစ်ကြောင်း ဒေါက်တာခင်မကြီးက ထပ်လောင်းဆိုပါတယ်။

ဒီအပေါ်မှာ ပို့ဆက် ဒုဝန်ကြီးက မြန်မာအမျိုးသားလေကြောင်း ဟာဆိုရင် နိုင်ငံတော်ဘဏ္ဍာရံပုံငွေ ပြင်ပ မှ မိမိကိုယ်ပိုင်ဘဏ္ဍာငွေနဲ့ရပ်တည် နေရတဲ့လေကြောင်းလိုင်းဖြစ်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့လေဆိပ်စုစုပေါင်း ၂၆ ခုကိုပုံမှန်ခရီးစဉ်တွေပြေးဆွဲပေးနေရကြောင်း၊ဒါကြောင့် မြစ်ကြီးနား-ပူတာအိုခရီးစဉ်နဲ့ပတ်သက်ပြီး အခါအားလျော်စွာခရီးသည်လိုအပ်ချက်များပြားလာမှသာ ခေါက်ရေတိုးမြင့်ပေးဆွဲပေးလျက်ရှိကြောင်းပြောပါတယ်။

ဒါကြောင့် နှစ်စဉ် ကျောင်းဖွင့်ချိန်နွေရာသီကျောင်းပိတ်ရက်တွေမှာ ခရီးသွားလိုတဲ့နေ့ရက်ကာလခရီးသည်ဦးရေတို့ကို သက်ဆိုင်ရာကကြိုတင်ပြီး ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနထံကို ကြိုတင်အသိပေး ညှိနှိုင်းလာရင် ပညာရေးဝန်ထမ်းဆရာ/မတွေအတွက် လေယာဉ် ခေါက်ရေတိုးမြှင့်ပျံသန်းပေးခြင်း၊ သီးသန့်လေယာဉ်ခရီးစဉ်စီစဉ်ပေးခြင်းတွေဆောင်ရွက်ပေးမှာဖြစ်ကြောင်း ၊ လေယာဉ်လက်မှတ်တွေကိုလည်း မြန်မာအမျိုးသားလေကြောင်းအနေနဲ့ဦးစားပေး ရောင်းချပေးသွားမှာဖြစ်ကြောင်း ဒုဝန်ကြီးက ထပ်လောင်းပြောပါတယ်။

လက်ရှိ မြစ်ကြီးနား-ပူတာအိုခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းအနေနဲ့ ယခင် အသွားအပြန်ခရီးစဉ် တစ်ပတ် လေးကြိမ် ပျံသန်းပေးခဲ့ရာကနေ ယခုနှစ် ၆လပိုင်း ကနေစပြီး တနင်္လာ/အင်္ဂါ/ဗုဒ္ဓဟူး/သောကြာ/တနင်္ဂနွေ စသဖြင့် တစ်ပတ် ငါးကြိမ်တိုးချဲ့ပျံသန်းနေကြောင်းသိရပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*