တိုင်းရင်းသားများအနေဖြင့်အခြေခံမူသုံးခုမရမချင်း တောင်းဆိုမှုများပြုလုပ်သွားမည်ဖြစ်ပြီးခွဲထွက်ခွင့်ကိုတော့တောင်းဆိုမည်မဟုတ်ကြောင်းUPDJC ဒုဥက္ကဋ္ဌဆို

တိုင်းရင်းသားများအနေဖြင့်အခြေခံမူသုံးခုမရမချင်း တောင်းဆိုမှုများပြုလုပ်သွားမည်ဖြစ်ပြီးခွဲထွက်ခွင့်ကိုတော့တောင်းဆိုမည်မဟုတ်ကြောင်းUPDJC ဒုဥက္ကဋ္ဌဆို
June 29, 2018 AsianFame MediaGroup

4:07 pm
တိုင်းရင်းသားများအနေဖြင့်အခြေခံမူသုံးခုမရမချင်း တောင်းဆိုမှုများပြုလုပ်သွားမည်ဖြစ်ပြီးခွဲထွက်ခွင့်ကိုတော့တောင်းဆိုမည်မဟုတ်ကြောင်းUPDJC ဒုဥက္ကဋ္ဌဆို

water

နေပြည်တော် ဇွန် ၂၉

တိုင်းရင်းသားများအနေဖြင့်အခြေခံမူသုံးခုကိုမရမချင်းတောင်းဆိုမှုများပြုလုပ်သွားမည်ဖြစ်ပြီးပြည်ထောင်စုမှခွဲထွက်ခွင့်ကိုတော့တောင်းဆိုမည်မဟုတ်ကြောင်းUPDJCဒုဥက္ကဋ္ဌဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကယနေ့ကျင်းပသောUPDJCအ
စည်းအဝေးတွင်ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ကတော့ဒီမူတွေမရမချင်းဆက်လက်တောင်းဆိုနေရမှာပဲဖြစ်ပါတယ်။ မနှစ်ကတစ်ဆို့မှုတွေကြောင့်တစ်နှစ်တာညီလာခံမကျင်းပသော်လည်းအခုချိန်မှကျွန်တော်တို့လိုအပ်ရင်လိုအပ်သလိုကျွန်တော်တို့ကျော်လွှားပြီးတော့အခြားအခြေခံမူတွေကိုဆွေးနွေးရမှာပဲဖြစ်ပါတယ်။သို့သော်ကျွန်တော်တို့တိုင်းရင်းသားတွေအနေနဲ့ကတော့ဒီအခြေခံမူသုံးခုမရမချင်းတော့ဆက်လက်တောင်းဆိုနေဦးမှာပဲဖြစ်ပါတယ်။ ကျွန်တော်ရိုးသားစွာပဲတင်ပြချင်ပါတယ်။ ဒီတောင်းဆိုမှုထဲမှာတော့ခွဲထွက်ခွင့်တော့ပါမှာမဟုတ်ပါဘူးဆိုတာကိုလည်းကျွန်တော်တင်ပြချင်ပါတယ်”ဟု၎င်းကဆိုသည်။

ပထမဆုံးအကြိမ်ကျင်းပသောပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင်NCAစာချုပ်လက်မှတ်ရေးထိုးသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၈)ဖွဲ့မှဒီမိုကရေစီရေး၊အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများကိုအပြည့်အ၀အာခံချက်ပေးမည့်အခြေခံမူ(၈)ချက်ကိုတင်ပြခဲ့ကြောင်းသိရသည်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း”အဲ့ဒီအခြေခံမူ(၈)ချက်ကိုပဲဒီမူသုံးချက်ကိုအကောင်အထည်ဖော်နိုင်ဖို့ဆိုပြီးတော့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံပထမပင်လုံအစည်းအဝေးမှာUNFCအဖွဲ့ခေါင်းဆောင်တွေကတစ်ဦးပြီးတစ်ဦးဒီမူကိုပဲဆက်လက်တင်ပြခဲ့တာဖြစ်ပါတယ်”ဟုဆိုသည်။

ထို့ပြင်NCAစာချုပ်တွင်ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများအတွက်အပြည့်အ၀အာမခံချက်ရှိသောဒီမိုကရေစီစနစ်ဖက်ဒရယ်စနစ်တို့ကိုအခြေခံပြီးပြည်ထောင်စုကိုနိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီထူထောင်ရန်ဖော်ပြထားကြောင်းလည်းသိရသည်။

အဆိုပါမူသုံးချက်ကိုတင်သည့်အခါတွင်ပိတ်ဆို့မှုများနှင့်ကြုံတွေ့ခဲ့ပြီးယနေ့အထိတစ်နှစ်တာညီလာခံကိုဆက်လက်မကျင်းပနိုင်သေးခြင်းဖြစ်သည်။ယင်းမူများကိုတင်သွင်းမည်ဆိုပါကခွဲမထွက်ရေးပါရမည်ဟူသောအချက်မှာအခြေခံဖြစ်ကြောင်းသိရသည်။

“ဗိုလ်ချုပ်အောင်ဆန်းကခွဲထွက်ခွင့်ဆိုတာတိုင်း ရင်းသားလူမျိုးတွေရဲ့ရပိုင်ခွင့်ဖြစ်တယ်။ သို့သော်ဒီခွဲထွက်ကိုမကျင့်သုံးရအောင်ပြည်ထောင်စုထဲက တိုင်းရင်း သားလူမျိုးတွေခွဲထွက်ချင်စိတ်မရှိအောင် လုပ်ဆောင်မှုက ဗမာလူမျိုးတွေရဲ့တာဝန်ဖြစ်တယ်ဆိုပြီးတော့ဗိုလ်ချုပ်အောင်ဆန်းကအတိအလင်းပဲ ပြောထားပါတယ်”ဟု၎င်းကဆိုသည်။

တိုင်းရင်းသားလူမျိုးများပြည်ထောင်စုထဲမှခွဲထွက်ချင်စိတ်မရှိစေရန်အာမခံချက်ပေးနိုင်သောနိုင်ငံရေးအခြေခံမူမှာဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေး အပြည့်အ၀ရှိသောပြည်ထောင်စုတည်ဆောက်ရေးဖြစ်ကြောင်းသိရသည်။

ဖူးဖူးအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*