(၂၅) ကုတင်ဆန့် တောင်ဒဂုံ မြို့နယ် ဆေးရုံ ကို ကုတင်(၅၀) တိုးမြှင့်ခွင့်ရရှိရေး ဆောင်ရွက်ထား

(၂၅) ကုတင်ဆန့် တောင်ဒဂုံ မြို့နယ် ဆေးရုံ ကို ကုတင်(၅၀) တိုးမြှင့်ခွင့်ရရှိရေး ဆောင်ရွက်ထား
June 27, 2018 AsianFame MediaGroup

4:28 pm
(၂၅) ကုတင်ဆန့် တောင်ဒဂုံ မြို့နယ် ဆေးရုံ ကို ကုတင်(၅၀) တိုးမြှင့်ခွင့်ရရှိရေး ဆောင်ရွက်ထား

36223450_1844926228884667_8281244791241441280_n

ရန်ကုန်၊ ဇွန် ၂၇

ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်နဲ့ ကပ်လျှက်ရှိတဲ့ (၂၅) ကုတင်ဆန့်၊ တောင်ဒဂုံ မြို့နယ်ဆေးရုံ ကို ကုတင်(၅၀) ခန့်တိုးမြှင့်ခွင့်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ထားတယ်လို့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ တောင်ဒဂုံ မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီမေးမြန်းခဲ့တဲ့ ” တောင်ဒဂုံ မြို့နယ်ဆေးရုံ၏ မူလဝင်ပေါက် အပြင် ပြည်ထောင်စုလမ်းမဘက်မှ ဝင်ပေါက်အသစ် တိုးချဲ့ဖောက်လုပ်ပေးရန်နှင့် လူနာ နားနေဆောင်တစ်ခု ဆောက်လုပ်ပေးပြီး လျှပ်စစ်မီးများထွန်းညှိပေးရန် အစီအစဉ် ရှိ၊မရှိ ” မေးခွန်းအပေါ် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက လူမှုရေးဝန်ကြီးကိုယ်စား အထက်ပါအတိုင်းပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်နဲ့ ကပ်လျှက်ရှိသော (၂၅) ကုတင်ဆန့်၊ တောင်ဒဂုံ မြို့နယ်၊ ဆေးရုံ အား ကုတင်(၅၀) ခန့်တိုးမြှင့်ခွင့်ရရှိရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ ကုတင် (၅၀) ခန့် ဆေးရုံ တိုးမြှင့်ရရှိပါက အဆောက်အဦများ၊ လမ်းများ လိုအပ်လာမှာဖြစ်ပါတယ်။ လက်ရှိဆေးရုံဟောင်းနှင့် ပြည်ထောင်စုလမ်းမကြီးကြားရှိ မြေကွက်လပ် (၂၅၀ x ၅၀၀) ပေပေါ်တွင် ဆေးရုံသစ်အား တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ပြီး ဆေးရုံ၏ ဝင်ပေါက်မှ ပြည်ထောင်စုလမ်းမဘက်သို့ မျက်နှာမူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဘက်ဂျက်တောင်းခံရန် အတွက် စီစဉ်ဆောင်ရွက်ထားရှိပြီဖြစ်ပါတယ် ”လို့ ဝန်ကြီးဦးဇော်အေးမောင်က ပြောပါတယ်။

36313571_1844926215551335_5813776729545637888_n

ဒါ့အပြင် မြို့နယ်ဆေးရုံဝန်းအတွင်းရှိ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တီဘီရောဂါ လူနာများအတွက် စောင့်ဆိုင်းနားနေခန်းကို ပြင်ပလူနာဌာန ဘေးမှာသီးသန့်ဆောက်လုပ်ပေးဖို့ စီစဉ်လျက်ရှိကြောင်း၊ ယခုအခါ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်မှာ ကုတင် (၃၀၀) ဆန့် ဆေးရုံကြီးဆောက်လုပ်နေပြီဖြစ်ကြောင်း၊ ဒါ့ကြောင့် မကြာခင်မှာ ဆေးရုံတိုးချဲ့ပြီးတော့ အဲ့ဒီ့ဘက်ကို မျက်နှာ မူ တဲ့ ဆေးရုံတွေ၊ နားနေဆောင်တွေ ပေါ်ပေါက်လာမှာဖြစ်တယ်လို့လည်း သူကထပ်လောင်းဆိုပါတယ်။

တောင်ဒဂုံ မြို့နယ်၊ ပြည်သူ့ဆေးရုံဟာ ပုလဲရတနာလမ်းနဲ့ ပြည်ထောင်စုလမ်းမကြီးထောင့်မှာတည်ရှိပြီး ပုလဲရတနာ လမ်းမဘက်ကို မျက်နှာမူထားသောကြောင့် ဆေးရုံသို့ ပုလဲရတနာ လမ်းကနေသာဝင်ရောက်
ရမှာဖြစ်ပြီး ပြည်သူ့ဆေးရုံဟာ ပေ(၅၀၀) ပတ်လည်ခန့် ကျယ်ဝန်းတာကြောင့် ပြည်ထောင်စုလမ်းမကြီးကနေ၀င်ရောက်မယ်ဆိုရင် ဆေးရုံအဆောက်အဦးအထိ ပေ (၂၅၀)ခန့်လမ်းခင်းရမှာဖြစ်ကြောင်း လည်း ၀န်ကြီးက ရှင်းလင်းခဲ့ပါတယ်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*