မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ သတင်းပေးသူ၊ တိုင်ကြားသူ၊ ဖမ်းဆီးသူနဲ့ နိုင်ငံတော်အစိုးရတို့က အချိုးအစားနဲ့ ပြန်လည်ခွဲဝေယူတဲ့ စနစ် လုပ်ထုံးလုပ်နည်းတွေကို အမြန်ဆုံးရေးဆွဲဆောင်ရွက်သွားမယ်

မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ သတင်းပေးသူ၊ တိုင်ကြားသူ၊ ဖမ်းဆီးသူနဲ့ နိုင်ငံတော်အစိုးရတို့က အချိုးအစားနဲ့ ပြန်လည်ခွဲဝေယူတဲ့ စနစ် လုပ်ထုံးလုပ်နည်းတွေကို အမြန်ဆုံးရေးဆွဲဆောင်ရွက်သွားမယ်
June 26, 2018 AsianFame MediaGroup

5:38 pm
မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ သတင်းပေးသူ၊ တိုင်ကြားသူ၊ ဖမ်းဆီးသူနဲ့ နိုင်ငံတော်အစိုးရတို့က အချိုးအစားနဲ့ ပြန်လည်ခွဲဝေယူတဲ့ စနစ် လုပ်ထုံးလုပ်နည်းတွေကို အမြန်ဆုံးရေးဆွဲဆောင်ရွက်သွားမယ်

36278642_1843484915695465_2393717516103843840_n

နေပြည်တော်၊ ဇွန် ၂၆

အကောက်ခွန်မဲ့ ပစ္စည်းတစ်ခု ဖမ်းမိတဲ့အခါ အဲ့ဒီ့ပစ္စည်းတန်ဖိုးကို သတင်းပေးသူ၊ တိုင်ကြားသူ၊ ဖမ်းဆီးသူနဲ့ နိုင်ငံတော်အစိုးရတို့က အချိုးအစားနဲ့ ပြန်လည်ခွဲဝေတဲ့ စနစ်ပုံစံလိုမျိုး မူးယစ်ဆေးဝါးမှုမှာပါ ထပ်တိုးပြီး အဲ့ဒီ့ပုံစံစနစ်အတိုင်းကျင့်သုံးဖော်ဆောင်သွားဖို့ တာဝန်ရှိသူတွေဘက်က လုပ်ထုံးလုပ်နည်းတွေ အမြန်ဆုံးရေးဆွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ မူးယစ်တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရ အဆင့်မြင့်အရာရှိကြီးတစ်ဦးက Popular News ကိုပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ”သတင်းပေးတိုင်ကြားသူတွေရဲ့ တိုင်ကြားမှု၊ ဗဟိုမှာ ဖွဲ့စည်းထားတဲ့ အထူးအဖွဲ့ရဲ့ ဖော်ထုတ် ဖမ်းဆီးမှုတွေကြောင့် ဖော်ထုတ် အရေးယူမှုတွေ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်တဲ့အချိန်မှာ မူးယစ်ကုန်သည်တွေ၊ ရောင်းဝယ် ဖောက်ကားသူတွေရဲ့ တရားမဝင် ပိုင်ဆိုင်မှုတွေကို သတင်းပေး တိုင်ကြားသူ၊ လက်ရဖမ်းဆီးသူနဲ့ နိုင်ငံတော်အစိုးရ သင့်တင့်လျောက်ပတ်တဲ့ အချိုးအစားနဲ့ ပြန်လည်ခွဲဝေပေးမှာ ဖြစ်ပါတယ်။ သတင်းပေးတိုင်ကြားသူတွေကို ထိုက်ထိုက် တန်တန်ဆုကြေး ချီးမြှင့်ပေးရာမှာ သူတို့ရဲ့လုံခြုံရေးကို အထူးဂရုပြုတဲ့အနေနဲ့ သတင်းထုတ်ပြန်ခြင်း ပြုလုပ်မှာ မဟုတ်သလို နိုင်ငံတော်ရဲ့ ချီးမြှင့်ငွေ ဖြစ်တဲ့အတွက် အခွန် ကင်းလွတ်ခွင့် အထူး အခွင့်အရေး ကိုလည်း ပေးအပ် သွားမှာ ဖြစ်ပါတယ်”လို့ နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှု နဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားအပြီး အဲဒီ ပြောရေးဆိုခွင့်ရ အဆင့်မြင့်အရာရှိကြီးက အထက်ပါအတိုင်း ပြောကြားလိုက်တာပါ။

ဒါဟာ နိုင်ငံသမိုင်းတစ်လျှောက် မူးယစ်ဆေးဝါးဖမ်းဆီးမှုတွေနဲ့ ပါတ်သတ်လို့ ပထမဦးဆုံးဖြစ်လာမယ့် စနစ်တစ်ခုပါ။

မူးယစ်ဆေးဝါးမှုနဲ့ ပါတ်သတ်ပြီး အချိုးအစားနဲ့ ပြန်လည်ခွဲဝေပေးတဲ့စနစ်ဆိုတာက မူးယစ်ဆေးဝါးတွေရဲ့ တန်ကြေးအပေါ်မှာမဟုတ်ပါဘူး။

မူးယစ်ဆေးဝါးတွေကို ရောင်းဝယ်၊ဖောက်ကား၊သိုလှောင်သူတွေ၊ ကုန်သည်တွေရဲ့ တရားမ၀င်ပိုင်ဆိုင်မှုတွေပါ။

မူးယစ်ဆေးဝါးမှုကို စတင်စစ်ဆေးတာနဲ့ တစ်ပြိုင်တည်းမှာပဲ သူ့ရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ရဲက အခွန်ဆောင်ထားလား၊ ငွေဖြူလား၊ ငွေမဲလား၊ဘယ်က ရတာလဲ စတာတွေကိုပါ စစ်ဆေးပြီး တရားမ၀င်လမ်းကြောင်းက ရတယ်ဆိုတာနဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် အကုန်သိမ်းပါတယ်။

အကောက်ခွန်မဲ့ ပစ္စည်းအတွက်က နိုင်ငံမှာ ဥပဒေရော၊ နည်းဥပဒေရော၊ လုပ်ထုံးလုပ်နည်းတွေရော ထွက်ထားပြီးသားပါ။

ဥပမာ သိန်း ၁၀၀၀တန် အကောက်ခွန်မဲ့ ပစ္စည်းဖမ်းမိရင် နိုင်ငံတော်က သိန်း ၅၀၀၊သတင်းပေးသူ၊ တိုင်သူ၊ ဖမ်းဆီးသူတွေက သိန်း၅၀၀ကို ဆုကြေးအနေနဲ့ သတ်မှတ်ထားတဲ့အချိုးအစားတွေနဲ့ ခွဲဝေယူကြပါတယ်။

မူးယစ်ဆေးဝါးမှုနဲ့ ပါတ်သတ်ပြီး အချိုးအစားနဲ့ခွဲဝေယူတဲ့စနစ်မထွက်သေးတာကြောင့် သတင်းပေးသူ၊ တိုင်သူ၊ ဖမ်းဆီးသူတွေရရှိမယ့် ဆုကြေးငွေအချိုးအစားကိုတော့ တိတိကျကျမသိသေးပါဘူး။

သေချာတာတစ်ခုကတော့ သတင်းပေးသူရမှာက အချိုးကျဆုကြေးငွေ ပြီးတော့ လုံခြုံရေးကို အထူးဂရုပြုတဲ့အနေနဲ့ သတင်းထုတ်ပြန်တာမျိုး ပြုလုပ်တာ ခံရမှာမဟုတ်သလို၊ ရတဲ့ ဆုကြေးငွေံဟာလည်း နိုင်ငံတော်ရဲ့ ချီးမြှင့်ငွေ ဖြစ်တဲ့အတွက် အခွန် ကင်းလွတ်ခွင့် အထူး အခွင့်အရေး ကိုပါ ရမှာ ဖြစ်ပါတယ်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*