ရန်ကုန်မြို့ပြင်ပ(၁၁)မြို့နယ်တွင် နိုင်ငံတကာအဆင့်မီစက်မှုဇုန်များ အကောင်အထည်မဖော် ဖြစ်တော့

ရန်ကုန်မြို့ပြင်ပ(၁၁)မြို့နယ်တွင် နိုင်ငံတကာအဆင့်မီစက်မှုဇုန်များ အကောင်အထည်မဖော် ဖြစ်တော့
June 21, 2018 AsianFame MediaGroup

3:48 pm
ရန်ကုန်မြို့ပြင်ပ(၁၁)မြို့နယ်တွင် နိုင်ငံတကာအဆင့်မီစက်မှုဇုန်များ အကောင်အထည်မဖော် ဖြစ်တော့

35894285_1835306613179962_1870997503436914688_n

ရန်ကုန်၊ဇွန်၂၁

တိုင်းအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ကွပ်ကဲမှုအောက်ရှိ မြို့နယ်(၁၁) မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု တင်ပြထားသည့် ကိစ္စကို တိုင်းလွှတ်တော်က ကန့်ကွက်သူမရှိဘဲ အဆိုအဖြစ် နှင့်သာ မှတ်တမ်း တင်လိုက်သဖြင့် ယခုအစိုးရလက်ထက်တွင် အကောင်အထည်ဖော် ဖြစ်တော့ မည်မဟုတ်ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်မြလှစံက Popular News ကိုပြောသည်။

တိုင်းအစိုးရအဖွဲ့သည် မြို့နယ်(၁၁) မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်မည့် အကြောင်းအား ဇွန်လ ၅ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယအကြိမ်၊ ဆဌမပုံမှန်အစည်းအဝေးတွင် တင်ပြခဲ့သည်။

စီမံကိန်းအစီရင်ခံစာ အပေါ် ဇွန်လ ၁၂ရက်နေ့က ကျင်းပသော လွှတ်တော်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၆ဦး၊ ဇွန်လ ၁၃ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၈)ဦးနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီတို့မှလည်းကောင်း၊ ဇွန်လ ၁၅ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၈ )ဦးတို့က လည်းကောင်း စုစုပေါင်း ကိုယ်စားလှယ် ၂၂ဦးနှင့် ကော်မတီ တစ်ခုတို့က အသီးသီးဆွေးနွေးခဲ့ကြရာတွင် တိုင်းလွှတ်တော်ကိုယ်စားလှယ်အချို့နှင့် တိုင်းလွှတ်တော် စီးပွားရေးကော်မတီက မဆောင်ရွက်သင့်ဘဲ လက်ရှိ ရှိပြီးသား စက်မှုဇုန်များကိုသာ ဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ပါရန် အသီးသီးအကြံပြုခဲ့ကြသည်။

ယမန်နေ့က ကျင်းပသည့် တိုင်းလွှတ်တော်တွင် တိုင်းအစိုးရအဖွဲ့မှ လုပ်ဆောင်သွားမည့် နိုင်ငံတကာစက်မှုဇုန်များတည်ရန် စီစဉ်ရခြင်းမှာ ဒေသခံများ နှင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝအခက်အခဲများကို ဖြေရှင်းခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိကြကာ ဝင်ငွေတိုးစေရေးအတွက် ဖြစ်သည်ဟု တိုင်းအစိုးရအဖွဲ့ကိုယ်စား မြို့တော်ဝန်ဦးမောင်မောင်စိုးက လွှတ်တော်ကို အစီရင်ခံ တင်ပြခဲ့သည်။

ကိုယ်စားလှယ်အချို့၏ အကြံပြုချက်နှင့် စပ်လျဉ်း၍ မြို့တော်ဝန်က နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ ထူထောင်ခြင်းမှာ ရန်ကုန်မြို့တော်တွင် ယခုဖြစ်ပေါ်နေသည့် ဆိုးကျိုးများကို အထိုက်အလျောက်လျော့နည်းအောင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

သို့သော်လည်း အစီရင်ခံစာနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန်ကပင် မှတ်တမ်းတင်ပေးပါရန် တောင်းဆိုခဲ့ပြီး လွှတ်တော်က မဲခွဲဆုံးဖြတ်မှုဖြင့် အဆုံးအဖြတ်ပေးခဲ့သည်။

ကန့်ကွက်သူမရှိ၍ အဆိုမှာ မှတ်တမ်းအဖြစ်သာ တင်ခဲ့သည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်မြလှစံက ”ဖွံဖြိုးတိုးတက်တာကို ကန့်ကွက်တာမဟုတ်ပါဘူး၊လက်ရှိ စက်မှုဇုန်တွေကို ကောင်းအောင်လုပ်သင့်တယ်၊အခု လုပ်မယ်ဆိုတဲ့ နေရာတွေမှာ လမ်းတွေ ၊လျှပ်စစ်မီးတွေ၊အဆောက်အဦးတွေ ကိုအရင် လုပ်ထားပြီး တင်ပေါ့။ခုဘာမှ မရှိသေးဘူး”ဟု ပြောသည်။

PNews၊သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*