လွှတ်တော်သက်တမ်း ၃ နှစ်ပြည့်ခါနီးအထိ ပယ်မဲဖြစ်အောင်ထည့်တာဟာ လွှတ်တော်ကိုစော်ကားရာရောက်ဟု စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဌ ဆို

လွှတ်တော်သက်တမ်း ၃ နှစ်ပြည့်ခါနီးအထိ ပယ်မဲဖြစ်အောင်ထည့်တာဟာ လွှတ်တော်ကိုစော်ကားရာရောက်ဟု စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဌ ဆို
June 11, 2018 AsianFame MediaGroup

4:16 pm
လွှတ်တော်သက်တမ်း ၃ နှစ်ပြည့်ခါနီးအထိ ပယ်မဲဖြစ်အောင်ထည့်တာဟာ လွှတ်တော်ကိုစော်ကားရာရောက်ဟု စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဌ ဆို

34984629_1820689281308362_2727003903076859904_n

မုံရွာ၊ ဇွန် ၁၁

လွှတ်တော်သက်တမ်း ၃ နှစ်ပြည့်ခါနီးအထိ ပယ်မဲဖြစ်အောင်ထည့်နေတာဟာ လွှတ်တော်ကိုစော်ကားရာရောက်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ က သတိပေးပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ အဆိုတစ်ရပ်ကို မဲခွဲဆုံးဖြတ်ရာမှာ ပယ်မဲ ၂ ခုပါနေခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးသန်းက “လွတ်တော်သက်တမ်း ၃ နှစ်ပြည့်ဖို့နီးနေပါပြီ။ ကိုယ်စားလှယ် ၂ ဦးဟာ ၃ ကွက်စလုံးကို ရေးခြစ်ထားတာတွေ့ရပါတယ်။ ဒီကိုယ်စားလှယ်ဟာ မဲပေးတိုင်း တွေ့နေရပါတယ်။ မဲမပေးတတ်လို့ ဒီလိုလုပ်တယ်ဆိုတာတော့ လက်မခံပါဘူး။ တမင်ရည်ရွယ်ယ်ချက်နဲ့လုပ်တယ်လို့ပဲ နားလည်ပါတယ်။ ဒါဟာလွှတ်တော်ကိုစော်ကားရာရောက်ပါတယ်” လို့ လွှတ်တော်အစည်းအဝေးမှာပြောခဲ့ပါတယ်။

ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေကို မေတ္တာရပ်ခံလိုကြောင်း၊ ဆန္ဒမဲပေးတဲ့အခါမှာ မိမိရဲ့ လွှတ်လပ်တဲ့သဘောဆန္ဒကို ဖော်ထုတ်ခွင့်ရှိကြောင်း၊ မဲပေးစာရွက်ရဲ့ တစ်နေရာတည်းမှာပဲ ထောက်ခံသည်ဖြစ်စေ ကန့်ကွက်သည်ဖြစ်စေ ပေးဖို့လိုကြောင်း နဲ့ အခုလို ပယ်မဲဖြစ်စေတာမျိုးနောက်ထပ် မပြုလုပ်ဖို့ လွှတ်တော်ဥက္ကဌက ထပ်လောင်းပြောဆိုသွားပါတယ်။

နေပြည်တော်မှာရှိတဲ့ ပြည်သူ့လွှတ်တော်/ အမျိုးသားလွှတ်တော် /ပြည်ထောင်စုလွှတ်တော်ကအစ တိုင်းဒေသကြီးပြည်နယ်အသီးသီးမှာ ရှိတဲ့ လွှတ်တော်တွေမှာ အခုလိုပဲ ဆန္ဒမဲခွဲရာမှာ ပယ်မဲတွေရှိခဲ့ဖူးပါတယ်။
အဲ့ဒီလို ပယ်မဲတွေရှိခဲ့တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာလွှတ်တော်ဥက္ကဌ တွေက သတိပေးပြောဆိုတာတွေရှိခဲ့သလို ဒီအပေါ်မှာလည်း ပြည်သူလူထုက ဝေဖန်ပြောဆိုတာတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်အထိလည်း ပယ်မဲတွေရှိနေဆဲဖြစ်ပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*