နေပြည်တော်တွင်တည်ထားမည့်ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက် နိုင်ငံတော်ဘဏ္ဍာငွေအသုံးပြုခြင်းမရှိ

နေပြည်တော်တွင်တည်ထားမည့်ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက် နိုင်ငံတော်ဘဏ္ဍာငွေအသုံးပြုခြင်းမရှိ
June 1, 2018 AsianFame MediaGroup

3:37 pm
နေပြည်တော်တွင်တည်ထားမည့်ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက် နိုင်ငံတော်ဘဏ္ဍာငွေအသုံးပြုခြင်းမရှိ

11

နေပြည်တော် ဇွန် ၁

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် မေလ(၂၄)ရက်နေ့က ရတနာအုပ်မြစ်တော်စီမင်္ဂလာအခမ်းအနားပြုလုပ်ခဲ့သည့် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ခြင်းအတွက် နိုင်ငံတော်ဘဏ္ဍာငွေကိုအသုံးပြုခြင်းမရှိကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးသူရဦးအောင်ကိုက ဆိုသည်။

ယနေ့ကျင်းပသောဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးဒသမနေ့အပြီးတွင်သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက နေပြည်တော်တွင်တည်ထားကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေးစေတီတော်နှင့်ပါတ်သက်၍ “စေတီတည်ရာမှာတော့အစိုးရကဦးဆောင်တာမဟုတ်ပါဘူး။ ဆရာတော်အရှင်ဆန္ဒာဓိကနဲ့သူ့ရဲ့တပည့်ဒကာတွေကဦးဆောင်တာပါ။နိုင်ငံတော်ဘဏ္ဍာငွေလည်းဒီမှာတစ်ပြားတစ်ချပ်မှသုံးမှာမဟုတ်ပါဘူး။ အများပြည်သူခုနှစ်ရက်သားသမီးအလှူငွေနဲ့လုပ်မှာဖြစ်ပါတယ်”ဟု မီဒီယာများကိုဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး ၎င်းက “ထာဝရငြိမ်းချမ်းရေးစေတီတည်တာက ယတြာချေဖို့တည်တာလားဆိုပြီးတစ်ချို့ကမေးကြပါတယ်။ မဟုတ်ပါဘူး။ တကယ်လို့ယတြာချေတယ်ဆိုရင်တောင်မှဒီပြည်ထောင်စုကြီးထာဝရငြိမ်းချမ်းရေးရဖို့ချေတယ်ဆိုရင်မကောင်းဘူးလား။ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားလည်းမဟုတ်ဘူး။ အဖွဲ့စည်းတစ်ခုအာဏာကိုအရှည်ကြီးဆုပ်ကိုင်ထားဖို့လည်းမဟုတ်ဘူး။ ပြည်ထောင်စုကြီးငြိမ်းချမ်းရေးရဖို့ဆိုတာသန်းငါးဆယ်သောပြည်သူပြည်သားတွေရဲ့ဆန္ဒကိုဖော်ဆောင်ဖို့ဖြစ်ပါတယ်။ အဲဒီတော့ ဒါကလည်းနက္ခတ္တဗေဒနဲ့ပါတ်သက်ပြီးတော့မှကျွမ်းကျင်တဲ့ရဟန်းပညာရှိလူပညာရှိတစ်ချို့ကနေပြီးထာဝရငြိမ်းချမ်းရေးစေတီတစ်ဆူတည်သင့်ကြောင်းကို လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ထဲကအကြံပြုစာတွေပို့တာတွေလဲရှိပါတယ်။ ယတြာဘုရားလည်းမဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားလဲမပါပါဘူး။ ပြည်ထောင်စုကြီးအကျိုးစီးပွားအတွက်ဖြစ်ပါတယ်။ အဲဒီအတွက်ဆောင်ရွက်တာဖြစ်ပါတယ်”ဟု စေတီတည်ရသည့် အကြောင်းရင်းကိုလည်း ရှင်းလင်းဖြေကြားခဲ့သည်။

ထာဝရငြိမ်းချမ်းရေးစေတီကို ဆရာတော်အရှင်ဆန္ဒာဓိကမှ အလှူငွေသိန်းတစ်ထောင်၊ တက်လမ်းကုမ္မဏီဥက္ကဌဦးရှိန်ဝင်းမှသိန်းသုံးထောင်၊ စေပိုင်ကုမ္မဏီဥက္ကဌဦးမောင်ဝိတ်မှသိန်းတစ်ထောင်စုစုပေါင်းသိန်းငါးထောင် ကိုမတည်ကာစေတနာရှင်ခုနှစ်ရက်သားသမီးတို့၏အလှူငွေများဖြင့်တည်ထားကိုးကွယ်သွားမည်ဟုသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*