ပေ ၁၀၀၀ ကိုကျပ်သန်းပေါင်း ၅၀၀ အကုန်ခံဆောက်မယ့် ကန်တော်ကြီးလူကူးတံတားနဲ့ လမ်းသစ်တစ်ခုကို ကျပ်သန်းပေါင်း ၁၃၁၅ သန်းအကုန်ခံဖောက်သွားမယ့် ရန်ကုန်တိုင်းအစိုးရအစီအစဉ် လွှတ်တော်မှာကန့်  ကွက်

ပေ ၁၀၀၀ ကိုကျပ်သန်းပေါင်း ၅၀၀ အကုန်ခံဆောက်မယ့် ကန်တော်ကြီးလူကူးတံတားနဲ့ လမ်းသစ်တစ်ခုကို ကျပ်သန်းပေါင်း ၁၃၁၅ သန်းအကုန်ခံဖောက်သွားမယ့် ရန်ကုန်တိုင်းအစိုးရအစီအစဉ် လွှတ်တော်မှာကန့်  ကွက်
May 30, 2018 AsianFame MediaGroup

5:25 pm
ပေ ၁၀၀၀ ကိုကျပ်သန်းပေါင်း ၅၀၀ အကုန်ခံဆောက်မယ့် ကန်တော်ကြီးလူကူးတံတားနဲ့ လမ်းသစ်တစ်ခုကို ကျပ်သန်းပေါင်း ၁၃၁၅ သန်းအကုန်ခံဖောက်သွားမယ့် ရန်ကုန်တိုင်းအစိုးရအစီအစဉ် လွှတ်တော်မှာကန့်  ကွက်

33965318_1807299955980628_5458411972993220608_n

ရန်ကုန် ၊ မေ ၃၀

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က မင်္ဂလာတောင်ညွှန့် မြို့ နယ်အတွင်း ပေတစ်ထောင်ကို ကျပ်သန်းပေါင်း ၅၀၀ အကုန်ခံဆောက်လုပ်မယ့်ကန်တော်ကြီးလူကူးတံတားနဲ့ ကျပ်သန်းပေါင်း ၁၃၁၅ သန်းအကုန်ခံဖောက်မယ့် လမ်းသစ်တစ်ခုကို သဘောမတူဘဲ ပြင်းပြင်းထန်ထန်ကန့် ကွက်တယ်လို့ မင်္ဂလာတောင်ညွှန့်  မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က လွှတ်တော်ကို ပေးပို့ ထားတဲ့ ၂၀၁၈-၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ အရအသုံးခန့် မှန်းခြေငွေစာရင်း(လျာထားချက်)ထဲမှာ ယခုလိုထည့်သွင်းရေးဆွဲထားတာနဲ့  ပတ်သတ်လို့ လွှတ်တော်ကိုယ်စားလှယ်များက ဒီကနေ့လွှတ်တော်မှာဆွေးနွေးခဲ့ကြရာမှာ သူကအခုလိုထည့်သွင်းပြောကြားခဲ့တာပါ။

”မနှစ်တုန်းက ကျပ်ငွေသန်း ၅၅၄၀ ထုတ်ယူသုံးစွဲခဲ့ပါတယ်။ အရှည်ဘယ်လောက်ပြီးသွားပြီလဲ ဘာတွေကို ဘယ်လိုပုံစံသုံးစွဲခဲ့သလဲဆိုတာလဲ မသိရဘူး။အခုဘတ်ဂျတ်မှာလည်း ပေ ၂၀၀၀ အတွက် ကျပ်ကျပ်သန်းပေါင်း ၁၀၀၀ တွေ့ ရတယ်။ ပေတစ်ထောင်ကိုကျပ်သန်းပေါင်း ၅၀၀ကုန်ကျသုံးစွဲနေတာကိုသတိပြုမိတယ်။ ဒီတံတားက ပေအရှည် ၆၉၆၅ ပေရှိပါတယ်။ ကျပ်သန်းပေါင်း ၃၅၀၀ ၊ ကျပ်သိန်းပေါင်း သုံးသောင်းခွဲခန့် သုံးစွဲနေတာ။ဒီတံတားတစ်ခုအတွက် အဲဒီလောက်နိုင်ငံတော်ဘဏ္ဍာငွေတွေကို သုံးစွဲသင့်လဲ။ဘာတွေများထူးခြားနေတာပါနေလဲ ဆိုတာပြည်သူကိုအသိပေးဖို့ လိုပါတယ်” လို့ ဦးလှဌေးက လွှတ်တော်မှာပြောပါတယ်။

ကန်ပတ်လမ်း၊သိမ်ဖြူလမ်းနဲ့ ဦးအောင်မြတ်လမ်းကြား(သိမ်ဖြူကွင်းအစပ်နား)မှာ ဖော်ဆောင်မယ့်လမ်းသစ်တစ်ခုကို ကျပ်သန်းပေါင်း ၁၃၁၅ အကုန်ခံ ဖောက်လုပ်မယ့်အစီအစဉ်ကိုလည်း မသင့်တော်ဘူးလို့ သူကဝေဖန်ပါတယ်။

”သိမ်ဖြူအားကစားကွင်းဟာ ရောင်းစားခဲ့လို့ လည်းကုန်သလောက်ဖြစ်နေပါပြီိ။ အဆင့်မြင်ကွန်ဒိုကြီး ဆောက်ဖို့ ပေးခဲ့တယ်။အဲဒီဘေးမှာ ဆိုင်ခန်းတွေဆောက်တယ်။အထက(၁) ကျောင်းနားက ဘောလုံးကွင်းနေရာကို ရောင်းစားခဲ့တယ်။ဓါတ်ဆီဆိုင်ကိုနေရာပေးတယ်။လက်ဝှေ့အားကစားရုံဘေးမှာ အိမ်အဆောက်အအုံတွေထပ်ဆောက်တယ်။ရှိသမျှပြည်သူတွေပိုင်တဲ့ အားကစားကွင်းတွေက ကုန်နေပါပြီ။ဒီနေရာလေးပဲ အများပြည်သူနေရာလေး။သစ်ပင်တွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရမယ့်နေရာလေး။ကျန်ရှိနေတာလေးတွေကို ထိန်းသိမ်းရမယ့်အစား ထပ်မံဖျက်ဆီးဖို့ ကြိုးစားနေကြတယ်လို့မြင်တယ်။အဲဒီလမ်းဖြစ်လာလည်းထူးထူးခြားခြားအကျိုးမရှိဘူး” လို့ သူကပြောပါတယ်။

ဒါ့အပြင် ဌာနဆိုင်ရာများမှ ရုံးသုံးစက်ကိရိယာ၊ကွန်ပျူတာ၊ပရင့်တာ၊မိတ္တူကူးစက်၊စားပွဲ၊ကုလားထိုင်၊ဆက်တီ၊ရုံးသုံးယာဉ်၊ရေခဲသေတ္တာများကို အရေအတွက်မြောက်များစွာနှစ်စဉ်နှစ်တိုင်း စာရင်းပြ ဘတ်ဂျတ်တောင်းခံဝယ်ယူနေတာကိုလည်း နိုင်ငံဘဏ္ဍာတွေကိုအလဟသကုန်ဆုံးနေမှာဖြစ်တယ်လို့ လွှတ်တော်မှာတင်ပြပါတယ်။

” အဲဒီပစ္စည်းတွေကို နှစ်တိုင်းပုံမှန်မပျက်ဝယ်နေတာက နှစ်ဘယ်လောက်ကြာတဲ့အထိဝယ်နေကြဦးမှာလဲ။ဘယ်အချိန်ကျမှ ဒီလိုဝယ်နေတာတွေကိုလျော့ချမှာလဲ။နှစ်စဉ်ဘတ်ဂျတ်တိုင်းမှာ ပုံမှန်အခွင့်အရေးအဖြစ် ၀ယ်ယူနေမှာလားဆိုတာ သိဖို့ လိုပါတယ်။ဆန်းစစ်ဖို့ လိုပါတယ်” လို့ ဦးလှဌေးပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*