လစဉ်အလုပ်ထွက်နေတဲ့သူနာပြုဦးရေမြင့်တက်နေပြီး သူနာပြုတစ်သောင်းခွဲကျော်ခန့် လိုအပ်နေ

လစဉ်အလုပ်ထွက်နေတဲ့သူနာပြုဦးရေမြင့်တက်နေပြီး သူနာပြုတစ်သောင်းခွဲကျော်ခန့် လိုအပ်နေ
May 30, 2018 AsianFame MediaGroup

3:45 pm
လစဉ်အလုပ်ထွက်နေတဲ့သူနာပြုဦးရေမြင့်တက်နေပြီး သူနာပြုတစ်သောင်းခွဲကျော်ခန့် လိုအပ်နေ

33867807_1807224395988184_4468943480424497152_n

ရန်ကုန်၊ မေ ၃၀

လစဉ်အလုပ်ထွက်နေတဲ့သူနာပြုဦးရေမြင့်တက်နေပြီး အစိုးရဆေးရုံ၊ဆေးခန်းတွေမှာ သူနာပြု တစ်သောင်းခွဲကျော်လိုအပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကပြောပါတယ်။ ဒီကနေ့ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးမှာတိုင်းအစိုးရအဖွဲ့  မှလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပြောတာပါ။ အစိုးရ၊ဆေးရုံ၊ဆေးခန်းတွေမှာ ထားရှိဖို့ ခွင့်ပြုသတ်မှတ်ထားတဲ့ သူနာပြုဦးရေရဲ့ သုံးပုံတစ်ပုံခန့် လိုအပ်နေတာဖြစ်ပါတယ်။

”အစိုးရဆေးရုံ၊ဆေးခန်းတွေမှာ သူနာပြုခွင့်ပြုဦးရေ ၃၅၃၂၁ ဦိးရေရှိပေမယ့် လက်ရှိမှာ ၂၀၀၂၁ သာတာဝန်ထမ်းဆောင်နေကြတယ်။ သူနာပြုဦးရေ တစ်သောင်းငါးထောင်နှစ်ရာကိုးဆယ့်ကိုးဦးလိုအပ်နေပါတယ်။ တစ်နိုင်ငံလုံးမှာ ပျမ်းမျှအင်အား ၅၀ ရာခိုင်နှုန်းနဲ့ သာ အစွမ်းကုန်ကြိုးစားနေရတာပါ” လို့ ဝန်ကြီးကပြောပါတယ်။

လက်ရှိလုပ်ငန်းခွင်မှာလုပ်ကိုင်နေတဲ့သူနာပြုများဟာ တာဝန်ယူဆောင်ရွက်ရတဲ့လုပ်ငန်းပမာဏများလွန်းခြင်း၊လစဉ်နှုန်းထားလွန်စွာနည်းပါးခြင်း၊အခွင့်အရေးရရှိမှုတန်းတူညီမျှမှုမဖြစ်ခြင်း၊ပညာရေးအခွင့်အလမ်းနဲ့ ရာထူးတိုးအခွင့်အလမ်းနည်းပါးခြင်းတို့ ကြောင့် လစဉ်အလုပ်ထွက်တဲ့ဦးရေမြင့်တက်နေတာဖြစ်တယ်လို့ ဦးနိုင်ငံလင်းက လွှတ်တော်မှာတင်ပြပါတယ်။

ဒီကနေ့  ပြုလုပ်တဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပုံမှန်အစည်းအဝေးမှာ ကျောက်တံတားမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြလှစံက ” သူနာပြုနဲ့ အကူသူနာပြုတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းပိုမိုရအောင် နိုင်ငံတကာအဆင့်မီ စွမ်းဆောင်ရည်မြင့်သင်တန်းများဖွင့်လှစ်ပေးဖို့ အစီိအစဉ်ရှိမရှိ” မေးခွန်းကိုမေးမြန်းပါတယ်။ဒီမေးခွန်းကိုပြန်ဖြေရာမှာ လူမှုရေးဝန်ကြီိးက အထက်ပါအတိုင်းထည့်သွင်းပြောတာပါ။

သူနာပြုများဟာ လူနာများကိုပြုစုစောင့်ရှောက်ရတဲ့အဓိကတာဝန်အပြင် ဆေးရုံဆေးခန်းအတွင်းအပြင်သန့် ရှင်းရေးကိုကြီးကြပ်ဆောင်ရွက်ရခြင်း၊ဆေးဝါးစာရင်းများပြုစုခြင်း၊ဆေးထုတ်ပေးခြင်း၊ဆေးထိုးဆေးထည့်ပေးခြင်း၊သွေးဖောက်ခြင်း၊ဆေးရုံသုံးပစ္စည်းစာရင်းများပြုစုခြင်း၊လူနာများရဲ့နေ့ စဉ်မှတ်တမ်းများရေးခြင်း၊လချုပ်၊၃လချုပ်၊နှစ်ချုပ်စာရင်းများပြုစုရေးသားခြင်းတို့ ကိုပါဆောင်ရွက်နေရတယ်လို့ သိရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအောက်မှ သူနာပြုတက္ကသိုလ် ၂ခု နဲ့ သင်တန်းကျောင်း ၂၅ ခုတို့ မှ ဘွဲ့ ရ၊ဒီပလိုမာ ၂၀၀၀ ခန့့်ကို နှစ်စဉ်မွေးထုတ်ပေးနေတယ်လို့ တိုင်းအစိုးရအဖွဲ့  ကတင်ပြပါတယ်။ သူနာပြုအင်အားလိုအပ်နေမှုကြောင့် ၂၀၁၅ ခုနှစ်မှစပြီး ၉လ သူနာပြုအကူသင်တန်းကို ၉တန်းအောင်ပြီးပါက ၀င်ခွင့်ဖြေဆိုခွင့်ပေးပြီး ပို့ ချနေတယ်လို့ တိုင်းအစိုးရအဖွဲ့ ရဲ့တင်ပြချက်အရသိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*