ဥပဒေချိုးဖောက်ပြီးတရားမ၀င်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို လွှတ်တော်မှာအကြိမ်ကြိမ်မေးလည်း ဆက်လုပ်နေကြတဲ့အတွက် ပိုမိုအရေးယူဆောင်ရွက်ဖို့ တိုင်းအစိုးရကိုတိုက်တွန်းကြောင်းအဆိုတင်

ဥပဒေချိုးဖောက်ပြီးတရားမ၀င်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို လွှတ်တော်မှာအကြိမ်ကြိမ်မေးလည်း ဆက်လုပ်နေကြတဲ့အတွက် ပိုမိုအရေးယူဆောင်ရွက်ဖို့ တိုင်းအစိုးရကိုတိုက်တွန်းကြောင်းအဆိုတင်
May 28, 2018 AsianFame MediaGroup

5:16 pm
ဥပဒေချိုးဖောက်ပြီးတရားမ၀င်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို လွှတ်တော်မှာအကြိမ်ကြိမ်မေးလည်း ဆက်လုပ်နေကြတဲ့အတွက် ပိုမိုအရေးယူဆောင်ရွက်ဖို့ တိုင်းအစိုးရကိုတိုက်တွန်းကြောင်းအဆိုတင်

33835366_1805063642870926_3813829550375174144_n

ရန်ကုန် ၊ မေ ၂၇

ဥပဒေချိုးဖောက်ပြီး တရားမ၀င်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို အရေးယူဆောင်ရွက်မှု အရင်ထက်ပိုလုပ်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  ကိုတိုက်တွန်းကြောင်းအဆိုတစ်ရပ်ကို တိုက်ကြီးမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ်က တိုင်းလွှတ်တော်ကိုယနေ့  တင်သွင်းလိုက်ပါတယ်။

”တရားမ၀င်လုပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေကို လွှတ်တော်က အကြိမ်ကြိမ်မေးခွန်းတွေမေးပေမယ့် ရပ်တန့် သွားခြင်းမရှိဘဲနဲ့ ဆက်လက်လုပ်ကိုင်နေတဲ့အတွက်ဒီအဆိုကိုတင်သွင်းရတာဖြစ်ပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ်ဦးတင်ရှိန်ကပြောပါတယ်။ လက်ရှိအစိုးရအနေနဲ့ ရွေးကောက်ပွဲဝင်စဉ်ကတည်းက တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်မယ်လို့ ကတိပေးခဲ့တာကြောင့် အဲဒီကတိကိုတည်စေချင်တဲ့အတွက်လည်း ယခုအဆိုကိုတင်သွင်းတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဒီအဆိုကို ရန်ကုန်တိုင်းဒေသကြီိးလွှတ်တော်မှာ ဆွေးနွေးဖို့ တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူခဲ့ကြပြီး တိုင်းအစိုးရအဖွဲ့ ကလည်း ဆွေးနွေးဖို့ လက်ခံခဲ့ပါတယ်။

တိုက်ကြီးမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်ဟာ ဒီအဆိုကို တိုင်းလွှတ်တော်ကိုတင်သွင်းရာမှာ တိုက်ကြီးမြို့ နယ်၊ ထန်းတပင်မြို့နယ်၊ ရွှေပြည်သာမြို့ နယ်တို့ အတွင်းမှာ တရားမ၀င်လုပ်ကိုင်နေကြတယ်လို့ ဆိုတဲ့ အုတ်ဖုတ်လုပ်ငန်း၊ ငါးကန်လုပ်ငန်းများအကြောင်းနဲ့ သစ်တောမြေတွေထဲမှာ တရားမ၀င်မြေတူးတဲ့လုပ်ငန်းများ ကိုတိုင်ကြား၊တင်ပြမှုတွေရှိခဲ့ပေမယ့် အရေးယူဆောင်ရွက်ခြင်းမရှိတဲ့အကြောင်းကို နမူနာဖြစ်ရပ်များနဲ့ တစ်ပါတည်းတင်ပြသွားပါတယ်။

”မြစ်သဲကျောက်စုတ်တဲ့လုပ်ငန်းတွေ။ ဒါတွေကို လွှတ်တော်ကနေတင်လို့ အကြောင်းမထူးတဲ့အခါ ပြည်သူလူထုနဲ့ ပေါင်းပြီး ဖမ်းဆီးခဲ့ပါတယ်။ မိတယ်။ တရားရုံးတင်ခဲ့ပါတယ်။ နောက်ဆုံးကျွန်တော်တို့ တရားရုံးတင်ဖို့ မော်တော်သုံးစီးကိုဖမ်းတဲ့အခါမှာ သက်ဆိုင်ရာဌာနက ဖမ်းတဲ့အထဲမှာ သူတို့ မပါတဲ့အတွက်ဖမ်းတဲ့အရပ်သားတွေက တရားရုံးကိုတရားလိုလုပ်ပြီးဖမ်းပါဆိုတဲ့အကြောင်းပြန်ကြားချက်ရပါတယ်။အဲဒီိတော့ ပြည်သူကလည်း တရားဥပဒေစိုးမိုးရေးကိုလိုချင်တော့ အဲဒီလိုလွှဲပြောင်းပေးတဲ့ပုခုံးလွှဲကိုလက်ခံပြီးတော့ သူတို့  ကိုယ်တိုင်တရားလိုလုပ်ပြီးစွဲဖို့ စီစဉ်နေပါတယ်။ ဒါတွေဟာ ဥပဒေမဲ့လုပ်ငန်းတွေနဲ့ လုပ်ရမယ့်ပုဂ္ဂိုလ်တွေက မလုပ်တဲ့အတွက် ပြည်သူက ပါဝင်ဆောင်ရွက်နေရတာဖြစ်ပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။ တရားမ၀င် အုတ်သဲစုတ်ခြင်းလုပ်ငန်းတွေလုပ်တဲ့အတွက် ကမ်းပြိုပြီး အိမ်ထောင်စုတစ်ရာကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်ဆိုတဲ့အကြောင်းကိုလည်း သူကတင်ပြသွားပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တင်ပြတဲ့ တရားမ၀င်လုပ်ကိုင်တယ်လို့ ဆိုတဲ့ ဖော်ပြပါ လုပ်ငန်းတွေကို တိုင်းဒေသကြီးအစိုးရက တရားဥပဒေနဲ့ အညီဖြစ်အောင်လုံခြုံရေးမပေးနိုင်ဘဲ ကုမ္ပဏီိတစ်ခုကို လုံခြုံရေးအင်အားများစွာချပေးခဲ့တာကိုလည်း သူက လွှတ်တော်မှာမေးခွန်းထုတ်ပါတယ်။

”ကျောက်တန်းမြို့ နယ် သီလ၀ါဆိပ်ကမ်းမှာ ကုမ္ပဏီတစ်ခုနဲ့ လယ်သမားတွေနဲ့ ဖြစ်တဲ့ပြဿနာ။ အဲဒီမှာရန်ကုန်တိုင်းဒေသကြီးအစိုးရကို ကုမ္ပဏီတစ်ခုက အကြံတောင်းပါတယ်။ တိုင်းအစိုးရအဖွဲ့ က ဥပဒေချုပ်ရုံးကိုအကြံတောင်းတဲ့အခါ ဘာအကြံပေးလဲဆိုတော့ တရားမမှုနဲ့  တရားစွဲဖို့ အကြံပေးလိုက်ပါတယ်။သို့ သော် ကုမ္ပဏီက ထပ်ဆင့်ပြီးတော့ လုံခြုံရေးတောင်းပါတယ်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က လုံခြုံရေးပေးဖို့ ဆုံးဖြတ်ပါတယ်။ ဆုံးဖြတ်တဲ့အခါမှာ သက်ဆိုင်ရာက ရဲအင်အား(ကျွန်တော်အတိအကျသိပါတယ် မပြောပါဘူး) ထူးခြားတာက ကြက်ခြေနီနဲ့ မီးသတ်ပါမကျန် လုံခြုံရေးချပေးဖို့ အမိန့် ပေးလိုက်ပါတယ်။ ဒါဟာလိုသလားလို့ စဉ်းစားရမှာဖြစ်ပါတယ်။ အဆိုနဲ့ မဆိုင်လို့  ဒါကိုဒီနေရာမှာပဲရပ်ပါ့မယ်။ သို့ သော်ကုမ္ပဏီတစ်ခုကို အဲဒီလိုလုံခြုံရေးပေးနိုင်ပါရက်နဲ့  ကျွန်တော်တို့ တိုင်းပြည်က သယံဇာတတွေ၊ လူတွေဒုက္ခရောက်မယ့်ကိစ္စတွေ၊ ဥပဒေဖောက်ဖျက်နေတာတွေကို ဘာဖြစ်ဖို့ လုံခြုံရေးမပေးနိုင်ရတာလဲ” လို့ ဦးတင်ရှိန်ကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင် စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနဲ့ စွမ်းအင်ဝန်ကြီးဌာန၀န်ကြီး ဦိးဟံထွန်းက တိုင်းပြည်ရဲ့သယံဇာတပစ္စည်းတွေကို မသမာတဲ့နည်းတဲ့ရယူနေတဲ့ကိစ္စရပ်တွေကို ဌာနပေါင်းစုံနဲ့ ပူးပေါင်းပြီးအရေးယူဆောင်ရွက်သွားမယ်လို့ လွှတ်တော်မှာကတိပြုသွားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*